မိမိသားကို မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကို အဆမတန်ပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
ယေရမိ 7:6 - မြန်မာ့စံမီသမ္မာကျမ်း ဧည့်သည်၊ ဖတဆိုး၊ မုဆိုးမတို့ကိုမနှိပ်စက်၊ အပြစ်မဲ့သူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ့်ကိုဒုက္ခပေးမည့် အခြားဘုရားများနောက်သို့မလိုက်ဘဲနေလျှင် Common Language Bible တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။- Garrad Bible ဝင် နေ သူ၊ ဖ သက် ဆိုး၊ မု ဆိုး မ များ ကို မ ညှဉ်း မ ပန်း။ ဤ ဒေ သ ၌ အ ပြစ် ကင်း သူ ၏ အ သွေး ကို မ သွန်း၊ ကိုယ် ကို ဒု က္ခ ရှာ၍ အ ခြား ဘု ရား များ နောက် မ လိုက် မ လျှောက် လျှင် လည်း ကောင်း၊ Judson Bible ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတစ်ပါးသောဘုရားတို့ကို မချဉ်းကပ်ဘဲနေလျှင်လည်းကောင်း၊ |
မိမိသားကို မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကို အဆမတန်ပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
မနာရှေမင်းကြီးသည် အပြစ်ကင်းသောသူတို့ကိုသတ်၍ ဂျေရုဆလင်မြို့တွင် အပြစ်ကင်းသောသူတို့၏သွေးနှင့် ပြည့်စေသောကြောင့် ထာဝရဘုရားသည် သူ့ကို ခွင့်လွှတ်ရန် အလိုတော်မရှိ။
ထိုသို့ ခါနာန်ရုပ်တုများအား မိမိတို့သားသမီးတို့ကိုပူဇော်ခြင်းအားဖြင့် အပြစ်ကင်းသောသွေးတည်းဟူသော ထိုသားသမီးတို့၏သွေးကိုသွန်း၍ ထိုပြည်ကို သွေးဖြင့်ညစ်ညူးစေကြ၏။
ရှေးယခင်နယ်နိမိတ်အမှတ်အသားကို မရွှေ့နှင့်။ ဖတဆိုးတို့၏လယ်ယာများကို မကျူးကျော်နှင့်။
သူတို့ခြေသည် မကောင်းမှုရှိရာသို့ ပြေးသွားတတ်၏။ သူတို့သည် အပြစ်မဲ့သောသူအား သတ်ဖြတ်ရန် လျင်မြန်၏။ သူတို့၏အကြံသည် မကောင်းသောအကြံဖြစ်၏။ သူတို့သွားရာလမ်း၌ ပျက်စီးပြိုပျက်ခြင်းရှိ၏။
ငါ့စကားကို နားမထောင်၊ ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့လိုက်၍ အခြားသောဘုရားများကို ဝတ်ပြုကိုးကွယ်သော ဤလူမျိုးတို့သည် သုံးမရသောခါးပတ်ကဲ့သို့ ဖြစ်ကြမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပယ်၍ ဤအရပ်ကို ညစ်ညမ်းစေပြီ။ သူတို့ကိုယ်တိုင်မသိ၊ ယုဒဘုရင်တို့လည်းမသိ၊ သူတို့၏ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြပြီ။ ဤအရပ်ကိုလည်း အပြစ်မဲ့သောသူတို့အားသတ်သောအပြစ်နှင့်ပြည့်စေပြီ။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
အပြစ်မဲ့သောဆင်းရဲသားတို့ဖောက်ထွင်းသည်ကို သင်မတွေ့။ သို့သော် သင့်အဝတ်အောက်စွန်း၌ သူတို့၏သွေးစွန်းသည်ကို တွေ့ရ၏။ ထိုသို့ဖြစ်လျက်နှင့်ပင်
အကယ်စင်စစ် ဤစကားအလုံးစုံကို သင်တို့အားကြားပြောရန် ထာဝရဘုရား ငါ့ကိုစေလွှတ်တော်မူသည်ဖြစ်၍ ငါ့ကိုသတ်လျှင် သင်တို့နှင့်တကွ ဤမြို့နှင့်မြို့သူမြို့သားတို့သည် အပြစ်မဲ့သောသူအား သတ်သောအပြစ်သင့်လိမ့်မည်ကို သိမှတ်ကြလော့”ဟု ဆို၏။
ထိုသူတို့သည် ဥရိယအား အီဂျစ်ပြည်မှ ယောယကိမ်မင်းကြီးထံသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြ၏။ ရှင်ဘုရင်သည် သူ့ကိုဓားဖြင့်ကွပ်မျက်၍ သူ၏ကိုယ်ခန္ဓာကို အများပြည်သူသင်္ချိုင်း၌ ပစ်ထားလေ၏။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
သူတို့သည် ဝဖြိုးစိုပြည်ကြ၏။ မကောင်းမှုကို အတောမသတ်ပြုကြ၏။ သူတို့ကောင်းစားရေးအတွက် မိဘမဲ့တို့၏အမှုကို မတရားသဖြင့်စီရင်ကြ၏။ နွမ်းပါးသူတို့အတွက် တရားမျှတစွာမစီရင်ကြ။
သင်တို့၏အပြုအမူအကျင့်အကြံတို့ကို အမှန်ပြုပြင်လျှင်၊ သင်တို့သည် အိမ်နီးချင်းအချင်းချင်းကြား တရားမျှတစွာစီရင်လျှင်၊
သင်တို့သည် ခိုးလျက်၊ လူသတ်လျက်၊ အိမ်ထောင်ရေးဖောက်ပြန်လျက်၊ မဟုတ်မမှန်ကျိန်ဆိုလျက်၊ ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်လျက်၊ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်လျက်နှင့်
ဖြောင့်မတ်သောသူတို့၏သွေးကို မြို့လယ်ခေါင်၌ သွန်းခဲ့သော ပရောဖက်တို့၏အပြစ်၊ ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်များကြောင့် ဤသို့ဖြစ်ရလေပြီ။
တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊ ဓမ္မတာလာသောမိန်းမထံ မချဉ်းကပ်၊
မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။
သင်တို့ပြည်တွင် တိုင်းတစ်ပါးသားသည် သင်နှင့်အတူ တည်းခိုနေထိုင်သောအခါ သူ့ကို နိုင်ထက်စီးနင်းမပြုရ။
အချင်းချင်း နိုင်ထက်စီးနင်းမပြုရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
“အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ သင်တို့အား ငါဆင့်ဆိုသော လမ်းမှလွှဲ၍ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်သွားလျှင် ကျိန်ခြင်းဖြစ်မည်။
တိုင်းတစ်ပါးသားနှင့် ဖတဆိုးတို့ ရထိုက်သော တရားမျှတမှုကို မပိတ်ပင်ရ။ မုဆိုးမ၏အဝတ်ကို အပေါင်လက်မခံရ။
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို အမှန်ပင်မေ့လျော့၍ အခြားဘုရားများကိုဆည်းကပ်ကာ ထိုဘုရားတို့ကို ပျပ်ဝပ်ကိုးကွယ်လျှင် သင်တို့သည် လုံးလုံးပျက်စီးလိမ့်မည်ဟု သင်တို့ကို ယနေ့ ငါသတိပေး၏။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ စင်ကြယ်၍ညစ်ညူးခြင်းကင်းသော ဘာသာတရားကိုင်းရှိုင်းမှုဟူသည်မှာ ဆင်းရဲဒုက္ခခံရသော မိဘမဲ့ကလေးနှင့်မုဆိုးမတို့ကို ကြည့်ရှုခြင်း၊ လောကီအညစ်အကြေးတို့နှင့်ကင်းစင်စေရန် မိမိကိုယ်ကိုစောင့်ထိန်းခြင်းတို့ပင်ဖြစ်၏။