အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 7:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ဖြစ်၍ ထာဝရဘုရား​က “​ထို​အရပ်​ကို တောဖက်​အရပ်​ဟူ၍​လည်းကောင်း​၊ ဟိန္နုံ​ချိုင့်ဝှမ်း​ဟူ၍​လည်းကောင်း မ​ခေါ်​တော့​ဘဲ ကွပ်မျက်​ရာ​ချိုင့်ဝှမ်း​ဟု ခေါ်​ရ​သော​နေ့ရက်​ရောက်လာ​လိမ့်မည်​။ အကြောင်းမူကား တောဖက်​အရပ်​၌ နေရာလပ်​မ​ရှိ​တော့​သည့်​တိုင်အောင် လူသေကောင်​များ များပြား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည်​တော​ဖက်​ဟူ​၍ သော်​လည်း​ကောင်း၊ ဟိန္နုံ​ဟူ​၍​သော်​လည်း​ကောင်း နာ​မည်​မ​တွင်​တော့​မည့်​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ လူ​သေ​တို့​ကို​သင်္ဂြိုဟ်​ရန် နေ​ရာ​မ​ရှိ​တော့​သည့်​တိုင်​အောင် ထို​ချိုင့်​ဝှမ်း တွင်​သင်္ဂြိုဟ်​ရ​သော​ကြောင့် ထို​ချိုင့်​ဝှမ်း​ကို​ကွပ် မျက်​ရာ​ချိုင့်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ဖြစ်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ တော ဖက် အ ရပ် ဟူ ၍ လည်း‌ ကောင်း၊ ဟိ န္နုံ ချိုင့် ဟူ ၍ လည်း‌ ကောင်း၊ နောင် ခေါ် ရ တော့ မည် မ ဟုတ်။ နေ ရာ လပ် မ ရှိ သည့် တိုင် အောင်၊ တော ဖက် အ ရပ်၌ သင်္ဂြိုဟ် ခြင်း ပြု ရ သည့် အ လျောက်၊ လုပ် ကြံ ရာ ချိုင့် ဟု ခေါ် ဝေါ် သော နေ့ ရက် ကာ လ ရောက် တော့ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ချိုင့်​ကို​တော​ဖက်​ချိုင့်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏​ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တော​ဘက်၌ မြေ​လွတ်​မ​ရှိ​သည်​တိုင်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 7:32
10 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ​တောဖက်​အရပ်​ကို​လည်း မစင်ကြယ်​အောင် လုပ်လိုက်​သဖြင့် ထို​နေရာ​တွင် မည်သူ​မျှ မိမိ​သား​သမီး​ကို မောလုတ်​ဘုရား​ထံ မီးရှို့ပူဇော်​၍​မ​ရ​တော့​ချေ​။


သူ​တို့​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အိုးထိန်းသည် ပြန်​ဆက်စပ်​၍​မ​ရ​နိုင်​အောင် မြေအိုး​ကို​ခွဲ​သကဲ့သို့ ဤ​လူမျိုး​နှင့်​ဤ​မြို့​ကို ငါ​ခွဲ​မည်​။ တောဖက်​အရပ်​၌ နေရာလပ်​မ​ရှိ​တော့​သည့်​တိုင်အောင် သူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ​။


သူ​တို့​သည် ခေါင်မိုး​များ​ပေါ်တွင် ကောင်းကင်​တန်ဆာ​ရှိသမျှ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​၏​။ အခြား​သော​ဘုရား​များ​ရှေ့​တွင် သွန်းလောင်းရာပူဇော်သက္ကာ​ကို​ပူဇော်​၏​။ ထို့ကြောင့် ဂျေရုဆလင်​မြို့​ရှိ​အိမ်​များ​၊ ယုဒ​ဘုရင်​တို့​၏​နန်းတော်​များ​သည် တောဖက်​အရပ်​ကဲ့သို့ ညစ်ညူး​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။


အိုးခြမ်းပဲ့​တံခါး​နား​ရှိ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​သို့​သွား​၍ သင့်​အား ငါ​မိန့်မှာ​သော​စကား​တို့​ကို ထို​အရပ်​၌​ကြွေးကြော်​လော့​။


သို့ဖြစ်၍ ထာဝရဘုရား​က ထို​အရပ်​ကို တောဖက်​အရပ်​ဟူ၍​လည်းကောင်း​၊ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ဟူ၍​လည်းကောင်း မ​ခေါ်​တော့​ဘဲ ကွပ်မျက်​ရာ​ချိုင့်ဝှမ်း​ဟု ခေါ်​ရ​သော​နေ့ရက် ရောက်လာ​လိမ့်မည်​။


အလောင်းကောင်​များ​၊ ပြာ​များ​စွန့်ပစ်​ရာ ချိုင့်ဝှမ်း​တစ်ခုလုံး​၊ ကေဒြုန်​ချောင်း​မှ အရှေ့​ဘက်​မြင်း​တံခါး​ထောင့်​အထိ ကွင်းပြင်​တစ်ခုလုံး​သည် ထာဝရဘုရား​အတွက် သန့်ရှင်း​သော​နေရာ​ဖြစ်လာ​မည်​။ ဘယ်သောအခါ​မျှ ဖြိုဖျက်​မှောက်လှန်​ခြင်း​ခံရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ငါ​မ​မိန့်မှာ​ခဲ့​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် သူ​တို့​သည် သား​သမီး​များ​ကို မီးရှို့ပူဇော်​ရန် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ တောဖက်​ဟူသော​နေရာ​တွင် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​ကို တည်​ကြ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ယဇ်ပလ္လင်​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​သည်​လည်း ချိုးဖဲ့​ခြင်း​ခံရ​မည်​။ သင်​တို့​၏​ရုပ်တု​များ​ရှေ့​တွင် လူ​တို့​ကို လဲကျ​သေဆုံး​စေ​မည်​။


ငါ​သည် သင်​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​၍ သင်​တို့​၏​နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​ကို ခုတ်လှဲ​မည်​။ သင်​တို့​၏​အလောင်း​တို့​ကို သင်​တို့​၏​သက်မဲ့​ရုပ်တု​များ​အပေါ်​၌ စုပုံ​ထား​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် သင်​တို့​ကို​ရွံရှာ​မည်​။