ယေရမိ 7:32 - Common Language Bible
32 သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည်တောဖက်ဟူ၍ သော်လည်းကောင်း၊ ဟိန္နုံဟူ၍သော်လည်းကောင်း နာမည်မတွင်တော့မည့်နေ့ရက်ကာလကျ ရောက်လာလိမ့်မည်။ လူသေတို့ကိုသင်္ဂြိုဟ်ရန် နေရာမရှိတော့သည့်တိုင်အောင် ထိုချိုင့်ဝှမ်း တွင်သင်္ဂြိုဟ်ရသောကြောင့် ထိုချိုင့်ဝှမ်းကိုကွပ် မျက်ရာချိုင့်ဟုခေါ်ဝေါ်သမုတ်ကြလိမ့် မည်ဟုထာဝရဘုရားမိန့်တော်မူ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
32 သို့ ဖြစ်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ တော ဖက် အ ရပ် ဟူ ၍ လည်း ကောင်း၊ ဟိ န္နုံ ချိုင့် ဟူ ၍ လည်း ကောင်း၊ နောင် ခေါ် ရ တော့ မည် မ ဟုတ်။ နေ ရာ လပ် မ ရှိ သည့် တိုင် အောင်၊ တော ဖက် အ ရပ်၌ သင်္ဂြိုဟ် ခြင်း ပြု ရ သည့် အ လျောက်၊ လုပ် ကြံ ရာ ချိုင့် ဟု ခေါ် ဝေါ် သော နေ့ ရက် ကာ လ ရောက် တော့ မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
32 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကိုတောဖက်ချိုင့်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလရောက်လိမ့်မည်။ တောဘက်၌ မြေလွတ်မရှိသည်တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
32 သို့ဖြစ်၍ ထာဝရဘုရားက “ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက်ရောက်လာလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် လူသေကောင်များ များပြားလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ