ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။
ယေရမိ 7:22 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့စဉ်က မီးရှို့ရာယဇ်အကြောင်း၊ ယဇ်ပူဇော်ခြင်းအကြောင်းကို သူတို့အား ငါမဆင့်ဆို၊ မမိန့်မှာခဲ့။ Common Language Bible သင်တို့၏ဘိုးဘေးများအားအီဂျစ်ပြည် မှထုတ်ဆောင်လာစဉ်အခါက ငါသည်မီး ရှို့ရာပူဇော်သကာများနှင့်ပတ်သက်၍လည်း ကောင်း၊ အခြားပူဇော်ရာယဇ်များနှင့်ပတ် သက်၍လည်းကောင်းအဘယ်ပညတ်ကို မျှမပေးမအပ်ခဲ့။- Garrad Bible အ ဘယ့် ကြောင့် ဆို သော်၊ အိ ဂျစ် ပြည် မှ ငါ ထုတ် ဆောင် ခဲ့ သော နေ့ ရက် ကာ လ၌၊ သင် တို့ ဘိုး ဘေး များ အား၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ ယဇ် များ နှင့် စပ် လျဉ်း၍၊ မိန့် ဆို ထုတ် ဆင့် ချက် ကို ငါ မ ထား၊ Judson Bible အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။ |
ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။
အစ္စရေးအမျိုးသား၊ ယုဒအမျိုးသားတို့သည် ငယ်စဉ်ကတည်းက မကောင်းမှုကိုသာ ငါ့မျက်စိရှေ့တွင် ပြုကြပြီ။ အကယ်စင်စစ် အစ္စရေးအမျိုးသားတို့သည် ကိုယ့်လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သွား၍သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့်ချစ်၍ ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ခြင်းသည်လည်း မီးရှို့ရာယဇ်နှင့် ယဇ်ပူဇော်ခြင်းအပေါင်းတို့ထက် သာ၍မြတ်ပါ၏”ဟု လျှောက်လေ၏။
မပျပ်ဝပ်မကိုးကွယ်ရဟု ငါတားမြစ်ထားသောအခြားဘုရားများနှင့် နေ၊ လ၊ ကောင်းကင်တန်ဆာတစ်ခုခုကို သွား၍ပျပ်ဝပ်ကိုးကွယ်ကြောင်း တွေ့ရှိ၍
ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။