ယေရမိ 7:22 - Common Language Bible22 သင်တို့၏ဘိုးဘေးများအားအီဂျစ်ပြည် မှထုတ်ဆောင်လာစဉ်အခါက ငါသည်မီး ရှို့ရာပူဇော်သကာများနှင့်ပတ်သက်၍လည်း ကောင်း၊ အခြားပူဇော်ရာယဇ်များနှင့်ပတ် သက်၍လည်းကောင်းအဘယ်ပညတ်ကို မျှမပေးမအပ်ခဲ့။- အခန်းကိုကြည့်ပါ။Garrad Bible22 အ ဘယ့် ကြောင့် ဆို သော်၊ အိ ဂျစ် ပြည် မှ ငါ ထုတ် ဆောင် ခဲ့ သော နေ့ ရက် ကာ လ၌၊ သင် တို့ ဘိုး ဘေး များ အား၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ ယဇ် များ နှင့် စပ် လျဉ်း၍၊ မိန့် ဆို ထုတ် ဆင့် ချက် ကို ငါ မ ထား၊ အခန်းကိုကြည့်ပါ။Judson Bible22 အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 အကြောင်းမူကား သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့စဉ်က မီးရှို့ရာယဇ်အကြောင်း၊ ယဇ်ပူဇော်ခြင်းအကြောင်းကို သူတို့အား ငါမဆင့်ဆို၊ မမိန့်မှာခဲ့။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။ တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။ သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။
ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။