လူအားလုံးကိုလည်း အရှင့်ထံ ပြန်ခေါ်လာပါမည်။ အရှင်အလိုရှိသောသူကိုရလျှင် ကျန်လူအပေါင်းတို့ကိုလည်း ပြန်ရသကဲ့သို့ ဖြစ်ပါလိမ့်မည်။ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်းချမ်းစွာနေရပါလိမ့်မည်”ဟု အကြံပေး၏။
ယေရမိ 6:14 - မြန်မာ့စံမီသမ္မာကျမ်း ငြိမ်းချမ်းမှုမရှိသော်လည်း ‘ငြိမ်းချမ်းသည်၊ ငြိမ်းချမ်းသည်’ဟု ဆိုလျက် ငါ့လူမျိုးတော်၏ဒဏ်ရာကို ပေါ့ပေါ့တန်တန်ကုသပေးကြ၏။ Common Language Bible ထိုသူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေချိန် ၌အစစအရာရာအဆင်ပြေပါသည်' ဟုဆိုကြ၏။- Garrad Bible မ ချမ်း သာ သည့် ကာ လ၊ ချမ်း သာ၊ ချမ်း သာ သည် ဟု ဆို လေ့ ရှိ သည် နှင့် ငါ့ လူ မျိုး တော့် အ နာ ကို ပေါ့ ပေါ့ ဆ ဆ ကု ကြ ၏။ Judson Bible ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာ ကုကြ၏။ |
လူအားလုံးကိုလည်း အရှင့်ထံ ပြန်ခေါ်လာပါမည်။ အရှင်အလိုရှိသောသူကိုရလျှင် ကျန်လူအပေါင်းတို့ကိုလည်း ပြန်ရသကဲ့သို့ ဖြစ်ပါလိမ့်မည်။ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်းချမ်းစွာနေရပါလိမ့်မည်”ဟု အကြံပေး၏။
ဦးခေါင်းမှ ခြေဖျားတိုင်အောင် အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ သွေးစိမ်းထွက်သောအနာတို့ဖြင့်သာပြည့်နေ၏။ အနာကိုမဆေးကြော၊ မပတ်စည်း၊ ဆီနှင့်မလူးကြပါတကား။
သူတို့က စိတ်အာရုံမြင်ရသူတို့အား “စိတ်အာရုံ မမြင်ကြနှင့်”ဟု ဆိုတတ်ကြ၏။ ဗျာဒိတ်ရသူတို့အားလည်း “ငါတို့အား မှန်သောအရာများကို မဟောကြနှင့်။ မြှောက်ပင့်သောစကားများကို ပြောကြပါ။ လှည့်စားသောစကားများကို ဟောကြပါ။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏ဒဏ်ရာကို ပတ်စည်းပေး၍ မိမိဒဏ်ခတ်တော်မူသည့်အနာကို ပျောက်ကင်းစေတော်မူသောနေ့ရက်၌ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်မည်။ နေ၏အလင်းသည် ခုနစ်ဆတိုး၍ ခုနစ်ရက်အလင်းကဲ့သို့ လင်းမည်။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ ပရောဖက်တို့က ‘သင်တို့သည် ဓားဘေးနှင့်ကြုံရမည်မဟုတ်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် သင်တို့ထံရောက်လာမည်မဟုတ်။ ဤအရပ်၌ သင်တို့အား စစ်မှန်သောငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ သူတို့အား ဆင့်ဆိုကြပါသည်”ဟု လျှောက်ဆို၏။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
ထိုပရောဖက်တို့က ငါ့ကို မထီလေးစားပြုသူတို့အား ‘ထာဝရဘုရားက သင်တို့၌ ငြိမ်သက်ခြင်းရှိမည်ဟူ၍ မိန့်တော်မူသည်’ဟု အထပ်ထပ်ဟောတတ်ကြ၏။ စိတ်သဘောမာကျောသောသူအားလုံးအား ‘သင်တို့ ဘေးအန္တရာယ်နှင့် ကြုံရမည်မဟုတ်’ဟူ၍ ဟောတတ်ကြသည်”ဟု မိန့်တော်မူ၏။
ဤအရပ်မှ ဘေဘီလုံမြို့သို့ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသိမ်းဆည်းယူဆောင်သွားသည့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်ရှိသမျှတို့ကို နှစ်နှစ်အတွင်း ဤအရပ်သို့ ငါပြန်ယူဆောင်လာမည်။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ဓားသည် လည်မျိုကိုထောက်နေလျက်ပင် ‘သင်တို့တွင် ငြိမ်သက်ခြင်းရှိလိမ့်မည်’ဟု ကိုယ်တော်မိန့်တော်မူသည်မှာ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့ကို အမှန်လှည့်စားခြင်းဖြစ်ပါပြီတကား”ဟု လျှောက်ဆို၏။
သူတို့သည် ထာဝရဘုရားအကြောင်း လိမ်လည်ပြောဆိုလျက် “သူသည် ထာဝရဘုရားမဟုတ်။ ငါတို့အပေါ် ဘေးအန္တရာယ် ကျရောက်မည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ငါတို့ ကြုံတွေ့ရမည်မဟုတ်။
သင်၏ပရောဖက်တို့သည် သင့်အဖို့ မဟုတ်မမှန်သောအရာ၊ အကျိုးမရှိသောအရာတို့ကို နိမိတ်မြင်ကြပြီ။ သုံ့ပန်းဘဝမရောက်ရလေအောင် သူတို့သည် သင်၏အပြစ်ကိုမထောက်ပြဘဲ မဟုတ်မမှန်သောအရာ၊ လှည့်စားသောအရာတို့ကို ဗျာဒိတ်ရကြပြီ။
ငြိမ်းချမ်းမှုမရှိသော်လည်း ငြိမ်းချမ်းသည်ဟု ဆိုလျက် ငါ့လူမျိုးတော်ကို လှည့်စားကြ၏။ တစ်ယောက်က မြို့ရိုးကိုတည်ဆောက်၍ သူတို့က ထုံးဖြူသုတ်၏။
ငြိမ်းချမ်းမှုမရှိသော်လည်း ငြိမ်းချမ်းသည်ဟု ဗျာဒိတ်နိမိတ်မြင်၍ ဂျေရုဆလင်မြို့သားတို့အားဟောပြောသော အစ္စရေးပရောဖက်များလည်း မရှိတော့ပြီဟူ၍ သင်တို့အား ငါဆိုမည်’ဟု မိန့်တော်မူ၏။
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
ပရောဖက်သည် သွေးဆောင်ခံရပြီး တစ်စုံတစ်ရာဟောပြောလျှင် ထိုပရောဖက်ကို သွေးဆောင်သောသူသည် ငါထာဝရဘုရားပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်၍ သူ့ကို ငါ၏လူမျိုးတော်အစ္စရေးအမျိုးထဲမှ ဖယ်ရှားပစ်မည်။
လူလေလူလွင့်တစ်ယောက်က ‘စပျစ်ဝိုင်အကြောင်း၊ သေရည်သေရက်အကြောင်း ငါပရောဖက်ပြုဟောပြောပေးမည်’ဟု လူတစ်ယောက်ယောက်အား လိမ်လည်လှည့်စားမည်ဆိုလျှင် သူသည် ထိုလူအတွက်သာ ပရောဖက်ဖြစ်လိမ့်မည်။
အကျွန်ုပ်၏လူမျိုးကိုလမ်းလွဲစေသော ပရောဖက်တို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ သူတို့၏သွားများအစာဝါးစားရသောအခါ “ငြိမ်းချမ်းပါစေ”ဟု ဆိုတတ်ပြီး သူတို့၏ပါးစပ် အစာမစားရသောအခါ တိုက်ခိုက်ရန်အသင့်ပြင်ဆင်တတ်ကြ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။