ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။
ထိုမှတစ်ပါးလည်းမင်းကြီး၏အစောင့်တပ် မတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ၊ သူ၏လက်ထောက်ဇေဖနိနှင့် အခြားအရေးကြီးသည့် ဗိမာန်တော်အရာ ရှိသုံးဦးတို့ကိုခေါ်ဆောင်၍သွား၏။-
ကိုယ် ရံ တော် မှူး သည်၊ ပ ရော ဟိတ် မင်း စ ရာ ယ၊ ဒု တိ ယ ပ ရော ဟိတ် ဇေ ဖ နိ၊ အ တွက် အ ဝင် စောင့် ကြည့် ရ သူ သုံး ယောက် တို့ ကို လည်း ကောင်း၊
ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ် ဇေဖနိ၊ ဗိမာန်တော်တံခါးမှူး သုံးယောက်တို့ကို ဖမ်းဆီးလေ၏။
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
အာဇရိသည် သားစရာယကိုရ၏။ စရာယသည် သားယောဇဒက်ကိုရ၏။
ထိုသို့ဖြစ်ပျက်ပြီးနောက် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီး စိုးစံသောအချိန်တွင် ဧဇရသည် ဘေဘီလုံမြို့မှ ပြန်လာ၏။ ဧဇရကား စရာယ၏သား၊ စရာယသည် အာဇရိ၏သား၊ အာဇရိသည် ဟိလခိ၏သား၊
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။ ထိုအချိန်တွင် ဇေဒကိမင်းကြီးသည် မာလခိယသား ပါရှုရနှင့် မာသေယသား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်လိုက်၏။
“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ယဇ်ပုရောဟိတ်မာသေယ၏သားဇေဖနိမှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့နှင့် ဂျေရုဆလင်မြို့သားအပေါင်းတို့ထံသို့ သင့်နာမည်ဖြင့်စာပို့၍
ယဇ်ပုရောဟိတ်ဇေဖနိသည် ထိုစာကို ပရောဖက်ယေရမိအား ဖတ်ပြလေ၏။
ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏မှူးမတ်များအား သူတို့အသက်ကိုရန်ရှာသော သူတို့၏ရန်သူဖြစ်သည့် ဆုတ်ခွာသွားသောဘေဘီလုံဘုရင်၏စစ်သည်တို့လက်သို့ ငါအပ်လိုက်မည်။
ဘုရားသခင်၏လူ ဣဂဒါလိ၏သားဖြစ်သော ဟာနန်၏သားတို့ အခန်းသို့ သွား၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အတွင်းရှိ ရှလ္လုံ၏သား တံခါးစောင့်မာသေယနေသောအခန်း၏အပေါ်ထပ်၌ရှိသော အကြီးအကဲများ၏အခန်းနှင့်ကပ်လျက်ရှိ၏။
ဇေဒကိမင်းကြီးသည် ရှေလမိ၏သား ယေဟုကလနှင့် မာသေယ၏သား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့စေလွှတ်၍ “ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ ငါတို့အတွက် ဆုတောင်းပေးလော့”ဟု မှာလိုက်လေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ ဘေဘီလုံဘုရင်ထံပါး၌ခစားသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ ရောက်လာ၏။
ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဆင်းရဲသားများ၊ မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် လက်မှုပညာရှင်အကြွင်းအကျန်များကို ဖမ်းခေါ်သွားလေ၏။
ထာဝရဘုရားကိုယ်တော်တိုင် သူတို့ကို ကွဲလွင့်စေတော်မူပြီ။ သူတို့ကို မကြည့်ရှုတော့ပေ။ လူတို့သည် ယဇ်ပုရောဟိတ်တို့ကို မရိုသေကြ။ သက်ကြီးဝါကြီးတို့ကို မသနားကြ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသည့်အတိုင်း မြို့ထဲ၌ သင်တို့ကြောင့်ပုံနေသောအသေကောင်တို့သည် အသားဖြစ်ပြီး မြို့သည် အိုးဖြစ်မည်။ သင်တို့မူကား မြို့မှ နှင်ထုတ်ခံရမည်။
အကောင်းဆုံးသိုးကို ယူလော့။ အိုးအောက်၌ ထင်းပုံထားလော့။ အရိုးတို့ကို အသားနှင့်အတူ ပွက်ပွက်ဆူအောင် ပြုတ်လော့’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးထိန်းတို့ကိုဆန့်ကျင်၍ သူတို့ထံမှ ငါ့သိုးတို့ကို ပြန်တောင်းမည်။ သူတို့ကို သိုးထိန်းအဖြစ်မှ နုတ်ပယ်ပစ်မည်။ သိုးထိန်းတို့သည် သူတို့ကိုယ်ကို ကျွေးမွေးနိုင်တော့မည်မဟုတ်။ ငါ့သိုးများကို သူတို့နှုတ်မှကယ်နုတ်မည်၊ သူတို့အစာ မဖြစ်စေရ’ဟု မိန့်တော်မူ၏။