ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။
`ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။
ငါ တို့ သည် ဗာ ဗု လုန် မြို့ အား ကု သ သော် လည်း၊ ကျန်း မာ သည် မ ဟုတ်။ ခံ ထိုက် သော စီ ရင် ချက် သည်၊ ကောင်း ကင် ထိ မှီ လျက်၊ အာ ကာ သ ထိ မောက် သော ကြောင့်၊ အ သီး အ သီး စွန့် ခွာ၍၊ နေ ရင်း ပြည် သို့ သွား ကြ ကုန် အံ့။
ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေခြင်းငှာပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကိုစွန့်ပစ်၍၊ အသီးအသီး ငါတို့နေရင်းပြည်သို့ သွားကြကုန်အံ့။ သူခံရသောအပြစ်သည် ကောင်းကင်တိုင်အောင် ရောက်၍၊ မိုးတိမ်ကို ထိလျက်ရှိ၏။
ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။
“အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။
လူအသီးသီးတို့သည် အမဲလိုက်ခံရသောဒရယ်ကဲ့သို့၊ စုစည်းပေးမည့်သူမရှိသောသိုးကဲ့သို့ ဖြစ်လိမ့်မည်။ မိမိလူမျိုးထံ ပြန်လှည့်၍ မိမိပြည်သို့ ပြန်ပြေးလာကြလိမ့်မည်။
သင့်အတွက် ကြိုးစားအားထုတ်လုပ်ဆောင်ပေးခဲ့သူ၊ သင်ငယ်စဉ်ကတည်းက သင်နှင့်ရောင်းဝယ်ဖောက်ကားခဲ့သူတို့သည် ထိုသို့ဖြစ်လိမ့်မည်။ သူတို့သည် အသီးသီး ခြေဦးတည့်ရာသို့ လှည့်လည်သွားလာရကြ၍ သင့်ကိုကယ်တင်နိုင်မည်မဟုတ်။
သူတို့ကို အတုံးအရုံးလဲကျစေသဖြင့် သူတို့ တစ်ဦးအပေါ်တစ်ဦးလဲကျကြပြီ။ သူတို့က “နိုင်ထက်စီးနင်းပြုသူ၏ဓားဘေးကြောင့် ငါတို့လူမျိုးရှိရာ ငါတို့မွေးရပ်မြေသို့ ထပြန်ကြစို့”ဟု ဆိုကြ၏။
အီဂျစ်ပြည်၏ကြေးစားစစ်သည်တို့သည် ဆူဖြိုးသောနွားထီးပျိုကဲ့သို့ ဖြစ်သော်လည်း ဘေးဒုက္ခရောက်သောအချိန်၊ အပြစ်ဒဏ်ပေးခံရသောအချိန်၌ ခံနိုင်ရည်မရှိ။ အတူတကွနောက်လှည့်ပြေးကြလေပြီ။
မျိုးစေ့ကြဲသောသူ၊ တံစဉ်ကိုင်ပြီး ရိတ်သိမ်းသောသူကို ဘေဘီလုံမြို့မှ ဖယ်ရှားကြလော့။ ကြမ်းတမ်းသောဓားဘေးမှလွတ်အောင် လူတိုင်း ကိုယ့်လူမျိုးရှိရာသို့ ပြန်သွားကြလိမ့်မည်။ လူတိုင်း ကိုယ့်ပြည်သို့ ပြန်ပြေးကြလိမ့်မည်။
ရိတ်သိမ်းချိန်ကျော်လွန်ပြီ။ နွေရာသီကုန်ဆုံးပြီ။ ငါတို့မူကား ကယ်တင်ခြင်းမခံရသေးပါတကား။
သူတို့သည် ငါ့ထံမှ လမ်းလွဲသွားသောကြောင့် သူတို့၌ အမင်္ဂလာရှိ၏။ ငါ့ကိုပုန်ကန်သောကြောင့် သူတို့ပျက်စီးရလိမ့်မည်။ သူတို့ကို ငါရွေးနုတ်လိုသော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်လိမ်လည်ကြ၏။
ထို့နောက် ကောင်းကင်မှအခြားသောအသံက “ငါ့လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များ၌ မပါဝင်စေရန်လည်းကောင်း၊ သူခံရမည့်ဘေးဒဏ်တစ်စုံတစ်ခုကိုမျှ မခံရစေရန်လည်းကောင်း သူ့ထံမှ ထွက်လာခဲ့ကြလော့။
အဘယ်ကြောင့်ဆိုသော် သူ၏အပြစ်တို့သည် ကောင်းကင်အထိ စုပုံလျက်ရှိ၍ သူ၏မတရားမှုများကို ဘုရားသခင်မှတ်မိတော်မူပြီ။