သင့်အားဖြင့် ယောက်ျားနှင့်မိန်းမ၊ လူကြီးနှင့်လူငယ်၊ လူပျိုနှင့်အပျိုတို့ကို တကွဲတပြားဖြစ်စေမည်။
အမျိုးသား၊အမျိုးသမီးများကိုလည်းကောင်း၊ အသက်ကြီးသူ၊အသက်ငယ်သူများ ကိုလည်းကောင်း၊ ယောကျာ်းကလေးများနှင့်မိန်းကလေးများ ကိုလည်းကောင်းကွပ်မျက်ခဲ့၏။
ယောက်ျား နှင့် မိန်း မ ကိုလည်း ကောင်း၊ သက် ကြီး နှင့် သက် ငယ် ကို လည်း ကောင်း၊ လူ ပျို နှင့် အ ပျို ကို လည်း ကောင်း၊
သင့်ကိုကိုင်၍ ယောက်ျားနှင့် မိန်းမတို့ကိုလည်းကောင်း၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကိုလည်းကောင်း၊ လူပျိုနှင့် အပျိုမတို့ကိုလည်းကောင်း ငါချိုးဖဲ့ပြီ။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
တွေ့ရှိဖမ်းမိခြင်းခံရသောသူအပေါင်းတို့သည် ဓားဖြင့်သတ်ဖြတ်ခြင်းခံကြရလိမ့်မည်။
သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
သူတို့သည် လူငယ်တို့ကို လေးဖြင့်ဖြိုခွင်းကြလိမ့်မည်။ ရင်သွေးငယ်တို့ကို မသနား။ ကလေးငယ်တို့အပေါ် ညှာတာသောအကြည့်မရှိ။
အဆီးရီးယားဘုရင်သည် အီဂျစ်ပြည်သုံ့ပန်းများနှင့် အီသီယိုးပီးယားပြည်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူကြီးလူငယ်တို့ကို အဝတ်မပါ၊ ဖိနပ်မပါ၊ တင်ပါးကိုလည်းမဖုံးစေဘဲ ခေါ်ဆောင်သွားလိမ့်မည်။ အီဂျစ်ပြည်၏အရှက်ရစရာဖြစ်၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အဘယ်ကြောင့် ဤဘေးအန္တရာယ်ကြီးကို သင်တို့အပေါ်ကျရောက်စေရသနည်း။ ယုဒပြည်တွင် ယောက်ျား၊ မိန်းမ၊ ကလေး၊ နို့စို့သူငယ်တစ်ယောက်မျှမကြွင်းမကျန် သုတ်သင်ပယ်ရှင်းခံရလေပြီ။
ဓားဘေးကြောင့် မြင်းများ၊ စစ်ရထားများ၊ ပြည်ထဲရှိလူမျိုးခြားများသည် မိန်းမကဲ့သို့ ကြောက်ကြလိမ့်မည်။ ဓားဘေးကြောင့် ဘဏ္ဍာတိုက်များ အသိမ်းခံရလိမ့်မည်။
သင့်အားဖြင့် သိုးထိန်းနှင့်သိုးစု၊ လယ်သမားနှင့်လယ်ထွန်နွား၊ ဘုရင်ခံနှင့်အုပ်ချုပ်သူတို့ကို တကွဲတပြားဖြစ်စေမည်။
သို့ဖြစ်၍ ထာဝရဘုရား၏အမျက်ဒေါသသည် အကျွန်ုပ်ထဲ၌ပြည့်၍ မထမ်းနိုင်လောက်အောင် ပင်ပန်းလှ၏။ “ထိုအမျက်ဒေါသကို လမ်းပေါ်ရှိ ကလေးသူငယ်များနှင့်တကွ လူငယ်အစုအဝေးတို့အပေါ် သွန်ချလော့။ လင်မယား၊ သက်ကြီးရွယ်အိုတို့သည်လည်း ဖမ်းဆီးခြင်းခံရလိမ့်မည်။
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
လူကြီးလူငယ်တို့သည် လမ်းမပေါ် ဖုန်တောထဲ၌ လဲနေလေပြီ။ အပျိုလူပျိုတို့သည်လည်း ဓားဖြင့် လဲကျသေဆုံးကြလေပြီ။ အမျက်ထွက်တော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကွပ်မျက်တော်မူပြီ၊ မညှာမတာသတ်ဖြတ်တော်မူပြီ။
လူကြီးလူငယ်၊ အပျိုလူပျို၊ အမေနှင့်ကလေးပါမကျန် သတ်ပစ်လော့။ သို့သော် အမှတ်အသားပြုထားခဲ့သောသူတစ်ဦးတစ်ယောက်ကိုမျှ မထိကြနှင့်။ ငါ၏သန့်ရှင်းရာဌာနမှစတင်ပြုလော့”ဟု မိန့်တော်မူ၏။ သူတို့သည် အမိန့်တော်အတိုင်း အိမ်တော်ရှေ့ရှိ သက်ကြီးဝါကြီးတို့ကို စတင်သတ်ပစ်ကြလေ၏။
အိမ်ပြင်၌ ဆွေမျိုးရင်းချာတို့သည် ဓားဖြင့်ဆုံးလိမ့်မည်။ အိမ်တွင်း၌ ဆံပင်ဖြူသူမှစ၍ နို့စို့ကလေးငယ်၊ လူပျို၊ အပျိုတို့သည် ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။