ထာဝရဘုရားက “သင်သည် ငါ့အဖို့ စစ်တင်းပုတ်၊ စစ်လက်နက်ဖြစ်၏။ ငါသည် သင့်အားဖြင့် လူမျိုးတကာတို့ကို တကွဲတပြားဖြစ်စေမည်။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးပစ်မည်။
ထာဝရဘုရားက``အို ဗာဗုလုန်မြို့၊ သင်သည်ငါ၏သံတူ၊စစ်တိုက်ရာတွင် ငါအသုံးပြုသည့်လက်နက်ဖြစ်၏။ ငါသည်သင့်ကိုအသုံးပြု၍လူမျိုးတကာကို ချေမှုန်းခဲ့၏။ တိုင်းနိုင်ငံတို့ကိုပြိုကွဲစေခဲ့၏။
ငါ၏ စစ် တင်း ပုတ်၊ လက် နက် စုံ ဖြစ် သော သင့် အား ဖြင့်၊ လူ မျိုး ခြား တို့ ကို ခွဲ ဖျက် ခြင်း၊ တိုင်း နိုင် ငံ များ ကို ပယ် ရှား ခြင်း၊ ငါ ပြု လျက်၊
အို သံတူကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ သင့်ကိုငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ။
ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။
အဆီးရီးယားလူမျိုးသည် အမင်္ဂလာရှိ၏။ ထိုလူမျိုးသည် ငါ့အမျက်တော်ကြိမ်လုံးဖြစ်၏။ သူတို့ကိုင်ဆောင်သောတုတ်သည် ငါ၏အမျက်ဖြစ်၏။
ထာဝရဘုရားနှင့် အမျက်တော်လက်နက်သည် မြေတစ်ပြင်လုံးကိုဖျက်ဆီးရန် ကောင်းကင်အစွန်း၊ ဝေးလံသောအရပ်မှ လာကြပြီ။
ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည်ကို ရှေးယခင်ကပင် ငါစီမံထား၍ ယခု ငါဖြစ်စေပြီ။
ရှင်ဘုရင်တို့၏ခါးပန်းကိုဖြေချပြီး တိုင်းနိုင်ငံတို့ကို သူ့အဖို့နှိမ်နင်းပေးဖို့၊ မြို့တံခါးကို ပိတ်မထားဘဲ သူ့အဖို့အစဉ်ပွင့်နေစေဖို့ ငါကိုယ်တိုင် သူ၏ညာလက်ကိုဆွဲကိုင်ထားသောသူ ငါ၏ဘိသိက်ခံကုရုမင်းကြီးအား ငါထာဝရဘုရားက
အချင်းလူမျိုးတို့၊ ဆိုးသွမ်းကြ။ ပြိုကွဲကြ။ ဝေးလံသောပြည်အပေါင်းတို့၊ စူးစိုက်နားထောင်ကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။
တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
မြေတစ်ပြင်လုံးကို ထုနှက်ခဲ့သောတူကြီး အချိုးခံလိုက်ရပါပြီတကား။ ကျိုးပဲ့သွားပါပြီတကား။ ဘေဘီလုံမြို့သည် လူမျိုးတကာတို့တွင် ထိတ်လန့်စရာဖြစ်လေပြီတကား။
ဓားကို သွေးသူလက်သို့ အပ်လိုက်လေပြီ။ သူသည် ပြောင်လက်အောင်၊ ထက်အောင် သွေးပြီး လူသတ်လက်သို့ အပ်လေပြီ’ဟု မိန့်တော်မူ၏။
ငါ့အမျက်ကို သင့်အပေါ်သွန်ချမည်။ ဒေါသမီးဖြင့် မှုတ်ထုတ်ပစ်မည်။ သင့်ကို ရက်စက်ကြမ်းကြုတ်သော အဖျက်သမားတို့လက်သို့အပ်မည်။
သို့သော် သူတို့သည် ထာဝရဘုရား၏စိတ်တော်တို့ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ စင်စစ် ကိုယ်တော်သည် သူတို့ကို ကောက်နယ်တလင်းမှ ကောက်လှိုင်းများကဲ့သို့ စုစည်းတော်မူမည်။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
အဖျက်သမားသည် သင့်ကိုရင်ဆိုင်တိုက်ခိုက်ရန် ချီတက်လာပြီ။ ခံတပ်၌ အစောင့်ချထားလော့။ လမ်းကို စောင့်ကြည့်ထားလော့။ ခါးစည်းကို မြဲစေလော့။ အင်အားရှိသမျှကို စုစည်းလော့။
ထိုမျိုးနွယ်ထဲမှ ထောင့်ချုပ်ကျောက်၊ ငုတ်တိုင်၊ စစ်လေးလက်နက်နှင့် အုပ်ချုပ်သူအပေါင်းတို့ အတူတကွထွက်ပေါ်လာလိမ့်မည်။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။