“ထိုနေ့ရက်၊ ထိုအချိန်၌ အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် အတူပြန်လာကြမည်။ ငိုကြွေးလျက် ပြန်လာ၍ သူတို့၏ဘုရားသခင် ထာဝရဘုရားကို ရှာဖွေကြလိမ့်မည်။
ထာဝရဘုရားက``ထိုအချိန်ကာလကျ ရောက်လာသောအခါ ဣသရေလနှင့်ယုဒ ပြည်သားတို့သည်ငိုယိုကာ မိမိတို့ဘုရားသခင်တည်းဟူသောငါ့အားလိုက်လံရှာဖွေ ကြလိမ့်မည်။-
ထို ထို နေ့ ရက် ကာ လ ၌၊ အ တူ ပြန် လာ သော ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ သည် ငို ကြွေး လိုက် လျှောက် လျက်၊ ကိုယ့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ခြင်း၊
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့် ပေါင်းဖက်၍ လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင် ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
ငါ့နာမဖြင့်သမုတ်သောငါ့လူမျိုးတော်တို့သည် မိမိတို့၏ဆိုးညစ်သောလမ်းမှပြန်လှည့်ပြီး ကိုယ်ကိုနှိမ့်ချလျက် ငါ့မျက်နှာကိုရှာပြီး ဆုတောင်းလျှင် ကောင်းကင်ဘုံမှ ငါနားညောင်းမည်။ သူတို့၏အပြစ်များကိုလည်း ခွင့်လွှတ်ပြီး သူတို့ပြည်ကို ချမ်းသာစေမည်။
ထာဝရဘုရားနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာဖွေကြလော့။ ကိုယ်တော်၏မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနားတော်မူမည်။ အစ္စရေးလူမျိုးကို နောက်တစ်ဖန်ရွေးချယ်တော်မူမည်။ သူတို့ပြည်၌ သူတို့ကိုနေရာချတော်မူမည်။ တိုင်းတစ်ပါးသားတို့သည် သူတို့နှင့်ပူးပေါင်းမည်။ ယာကုပ်အမျိုးနှင့် ပေါင်းဖော်ကြမည်။
ငါသည် မြေကြီး၏မှောင်မိုက်သောအရပ်၌ လျှို့ဝှက်စွာမမြွက်ဆို။ ယာကုပ်၏သားစဉ်မြေးဆက်အား “ငါ့ကို အချည်းနှီးရှာကြလော့”ဟု ငါမပြော။ ငါသည် ဖြောင့်မတ်သောစကားကို မြွက်ဆို၍ ဟုတ်မှန်သောအရာတို့ကို ဖော်ပြသော ထာဝရဘုရားဖြစ်၏။
တွေ့နိုင်သည့်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ အနီး၌ရှိတော်မူသည့်ကာလတွင် ကိုယ်တော့်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။
လက်တုံ့ပြန်ရာနေ့ကို ငါ့စိတ်ထဲ၌မှတ်ထား၏။ ငါရွေးနုတ်ရာနှစ်သည် ရောက်လာပြီ။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးအနွယ်၊ ယုဒအမျိုးအနွယ်တို့နှင့် ပဋိညာဉ်သစ်ဖွဲ့မည့်နေ့ရက် ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ ထိုအချိန်၌ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးထဲမှ ငါပေါ်ထွက်စေမည်။ သူသည် မြေကြီးပေါ်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
နေသနိ၏သားဣရှမေလသည်လည်း ထိုသူတို့ကိုကြိုဆိုရန် မိဇပါမြို့မှထွက်လာ၏။ သူသည် လမ်းတစ်လျှောက်လုံးငိုကြွေးလျက် ထိုသူတို့နှင့်တွေ့သောအခါ “အဟိကံ၏သားဂေဒလိထံသို့ ဝင်ကြပါဦး”ဟု ဆိုလေ၏။
သင်သည် သင့်အစ်မ၊ သင့်ညီမတို့ကို ပြန်လည်လက်ခံသောအခါ သင်ပြုခဲ့သောအမှုများကိုပြန်သတိရ၍ ရှက်လိမ့်မည်။ သို့သော် သင်နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်အားဖြင့်မဟုတ်သော်လည်း ထိုသူတို့ကို သင့်အား သမီးများအဖြစ် ငါပေးမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောယာကုပ်အမျိုးကို ယခု ငါပြန်ခေါ်လာမည်။ အစ္စရေးတစ်မျိုးနွယ်လုံးကို သနားစုံမက်မည်။ သန့်ရှင်းသောငါ့နာမအတွက် ငါသဝန်တိုမည်။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ဟိန်းတော်မူမည်။ ဟိန်းတော်မူသောအခါ ကိုယ်တော်၏သားသမီးတို့သည် အနောက်အရပ်မှကြောက်ရွံ့တုန်လှုပ်လျက် ထွက်လာကြမည်။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
ထာဝရဘုရားက “ယခုပင် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာ၍ အစာရှောင်လျက် ငိုကြွေးမြည်တမ်းကြလော့”ဟု မိန့်တော်မူ၏။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းရှိကြလော့။ သင်တို့၏ရယ်မောခြင်းကို ဝမ်းနည်းကြေကွဲခြင်းဖြစ်စေ၍ သင်တို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းပူဆွေးခြင်းဖြစ်စေကြလော့။