အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 50:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အစ္စရေး​လူမျိုး​သည် ခြင်္သေ့​တို့​အလိုက်​ခံရ​၍ တကွဲတပြား​ဖြစ်​နေ​သော​သိုး​ကဲ့သို့​ဖြစ်​၏​။ ဦးစွာ အဆီးရီးယား​ဘုရင်​သည် ကိုက်စား​၏​။ နောက်ဆုံး​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အရိုး​တို့​ကို ဝါးမျို​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခြင်္သေ့​များ​ကိုက်​သ​ဖြင့် ကွဲ​လွင့်​သွား သည့်​သိုး​များ​နှင့်​တူ​ကြ​၏။ ဦး​စွာ​ပ​ထ​မ အာ​ရှု​ရိ​ဘု​ရင်​သည်​သူ​တို့​အား​တိုက်​ခိုက်​၏။ ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ က​သူ​တို့​၏​အ​ရိုး​များ​ကို​တ​တိ​တိ​ကိုက် ဖဲ့​လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဣ သ ရေ လ လူ မျိုး သည်၊ ခြင်္သေ့ ချောက် နှင်၍ ကွဲ လွင့် သော သိုး အုပ် သ ဖွယ် ဖြစ်၏။ ဦး စွာ အာ ရှု ရိ ဘု ရင် ကိုက် စား လျက်၊ နောက် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း အ ရိုး ကိုက် ဝါး ဆဲ ရှိ သော ကြောင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

ဣ​သ​ရေ​လ​သည် အ​ရပ်​ရပ်​သို့​လွင့်​ပြေး​ရ​သော သိုး​ဖြစ်၏။ ခြင်္သေ့​တို့​သည် နှောင့်​ယှက်​ကြ​ပြီ။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှေ့​ဦး​စွာ ကိုက်​စား​ပြီ။ နောက်​မှ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် သူ၏​အ​ရိုး​တို့​ကို ချိုး​ဖဲ့​ပြီ။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 50:17
38 ပူးပေါင်းရင်းမြစ်များ  

အဆီးရီးယား​ဘုရင်​ပုလ​မင်းကြီး​သည် အစ္စရေး​ပြည်​ကို လာရောက်​တိုက်ခိုက်​သဖြင့် မေနဟင်​က ပုလ​မင်းကြီး မိမိ​နှင့်​လက်တွဲ​ပြီး မိမိ​လက်​ထဲ၌​နိုင်ငံ​တော်​တည်မြဲ​လာ​စေရန် ငွေ​တာလန်​တစ်ထောင်​ကို ဆက်သ​လိုက်​၏​။


အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​လက်ထက်​တွင် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​သည် စစ်ချီလာ​၍ ဣယုန်​မြို့​၊ အာဗေလဗက်မာခါ​မြို့​၊ ယာနော​မြို့​၊ ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဂိလဒ်​ပြည်​၊ ဂါလိလဲ​ပြည်​နှင့် နဿလိ​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ပြီး ပြည်သူပြည်သား​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​၏​။


ယောယကိမ်​မင်းကြီး​လက်ထက်​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ချီလာ​၍​တိုက်ခိုက်​သဖြင့် ယောယကိမ်​မင်းကြီး​သည် သူ့​လက်အောက်ခံ​အဖြစ် သုံး​နှစ်​နေ​ရ​၏​။ ထို့နောက် သူ့​ကို ပြန်လည်​ပုန်ကန်​ခဲ့​၏​။


ထို​ကာလ​၌ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​၏​အမှုထမ်း​တို့​သည် ဂျေရုဆလင်​မြို့​ကို ချီတက်​ဝိုင်းရံ​ထား​၏​။


ဇေဒကိ​မင်းကြီး နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့​စစ်ချီလာ​၍ မြို့ပြင်​၌​စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။


အဆီးရီးယား​ဘုရင် တိဂလတ်ပိလေသာ​မင်းကြီး​သည်​လည်း သူ့​ထံ​ချီလာ​ပြီး အကူအညီ​ပေး​မည့်​အစား ဒုက္ခရောက်​အောင် ပြု​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​၏​စစ်သူကြီး​တို့​ကို ချီလာ​စေ​၍ သူ​တို့​ကို​တိုက်ခိုက်​စေ​၏​။ သူ​တို့​သည် မနာရှေ​မင်းကြီး​ကို သံချိတ်​များ​ဖြင့်​ဖမ်းဆီး​၍ ကြေးနီ​ကြိုး​များ​ဖြင့် ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏​။


ဒိမုန်​မြို့​၏​ရေ​တို့​သည် သွေး​နှင့်​ပြည့်​လေ​ပြီ​။ ထိုမျှမက မောဘ​ပြည်​မှ​လွတ်မြောက်​လာ​သော​သူ​၊ ပြည်​၌​ကြွင်းကျန်​သော​သူ​တို့​ထံ ခြင်္သေ့​ကို​လွှတ်​ခြင်း​ဖြင့် ဒိမုန်​မြို့​ကို ဘေး​ထပ်​ရောက်​စေ​ဦး​မည်​။


ငါ​၏​လူမျိုး​တော်​ကို ငါ​အမျက်ထွက်​၏​။ ငါ​၏​အမွေခံ​ကို ငါ​ရှုတ်ချ​၍ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​လိုက်​၏​။ သို့သော် သင်​သည် သူ​တို့​ကို သနားစုံမက်​ခြင်း​မ​ရှိ​။ အသက်ကြီး​သူ​တို့​ကို​ပင် အလွန်​လေးလံ​သော​ထမ်းပိုး​ကို ထမ်း​စေ​၏​။


ကိုယ်တော်​ကို​မ​သိ​သော လူမျိုးခြား​တို့​အပေါ်​သို့​လည်းကောင်း​၊ ကိုယ်တော်​၏​နာမ​တော်​ကို​မ​ခေါ်​သော မျိုးနွယ်စု​တို့​အပေါ်​သို့​လည်းကောင်း အမျက်​တော်​ကို သွန်ချ​တော်မူ​ပါ​။ အကြောင်းမူကား သူ​တို့​သည် ယာကုပ်​အမျိုး​ကို​ဝါးမျို​၍ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။ သူ​နေထိုင်​ရာ​အရပ်​ကို​လည်း ဖျက်ဆီး​လေ​ပြီ​။


သူ့​ကို ခြင်္သေ့ပျို​တို့ ဟိန်းဟောက်​ကြ​ပြီ​၊ မာန်ဖီ​ကြ​ပြီ​။ သူ​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်စေ​ကြ​ပြီ​။ သူ​၏​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​၍ နေထိုင်​သူ​မ​ရှိ​တော့​ပြီ​။


တစ်ဖန် ထာဝရဘုရား​က ‘ကပ်ရောဂါ​ဘေး​၊ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​မှ အသက်ရှင်​ကျန်ရစ်​သော ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​များ​၊ မြို့သူမြို့သား​များ​ကို သူ​တို့​အသက်​ကို​ရန်ရှာ​သော​၊ သူ​တို့​၏​ရန်သူ​ဖြစ်​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​လက်​ထဲသို့ ငါ​အပ်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ ဓား​ဖြင့် ကွပ်မျက်​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု လျှောက်ဆို​ရ​မည်​။


ခြင်္သေ့​သည် ပုန်းအောင်း​ရာ​မှ​ထွက်လာ​ပြီ​။ လူမျိုးတကာ​တို့​ကို​ဖျက်ဆီး​သော​သူ​သည် မိမိ​၏​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်စေ​ရန် မိမိ​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​တို့​၏​မြို့​များ​သည် ပျက်စီး​သွား​လိမ့်မည်​။ နေထိုင်​သူ​ရှိ​မည်​မ​ဟုတ်​။


ကြည့်ရှု​လော့​။ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့ ခြင်္သေ့​တက်လာ​သောအခါ သားကောင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။


ထို​လူမျိုး​သည် သင်​၏​အသီးအနှံ​၊ အစားအစာ​တို့​ကို ဝါးမျို​လိမ့်မည်​။ သင်​၏​သားသမီး​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​၏​သိုးအုပ်​၊ နွားအုပ်​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​၏​စပျစ်ပင်​၊ သင်္ဘောသဖန်းပင်​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​ကိုးစား​သော​သင်​၏​ခံတပ်​မြို့​များ​ကို​ပါ​မ​ချန် ဓားလက်နက်​ဖြင့်​ဖျက်ဆီး​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် တော​ထဲမှ​ခြင်္သေ့​သည် သူ​တို့​ကို တိုက်ခိုက်​လိမ့်မည်​။ သဲကန္တာရ​မှ​ဝံပုလွေ​သည် သူ​တို့​ကို​ဖျက်ဆီး​လိမ့်မည်​။ ကျားသစ်​သည် သူ​တို့​၏​မြို့​များ​ကို ချောင်းမြောင်း​လိမ့်မည်​။ မြို့​ထဲမှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် တစ်စစီကိုက်ဖြတ်​ခြင်း​ခံရ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​ကျူးလွန်​သော​အပြစ်​သည် များပြား​၏​။ သူ​တို့​၏​ဖောက်ပြန်သွေဖည်မှု​သည် မရေမတွက်​နိုင်​။


ငါ့​လူမျိုး​တော်​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ​။ သူ​တို့​ကို​ထိန်းကျောင်း​သော​သိုးထိန်း​တို့​သည် သူ​တို့​ကို​လမ်းလွဲ​စေ​ပြီ​။ တောင်​များ​ပေါ်တွင် တလည်လည်​ဖြစ်​စေ​ပြီ​။ သူ​တို့​၏​နားနေရာ​ကို မမှတ်မိ​တော့​ဘဲ တစ်တောင်​မှ​တစ်တောင် တစ်​ကုန်း​မှ​တစ်​ကုန်း​သို့ လှည့်လည်​သွားလာ​နေ​ရ​လေ​ပြီ​။


သူ​တို့​အားလုံး ခြင်္သေ့ပျို​ကဲ့သို့ ဟိန်းဟောက်​ကြ​လိမ့်မည်​၊ ခြင်္သေ့ငယ်​ကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဇေဒကိ​သည် အသက်​နှစ်ဆယ့်​တစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ တစ်ဆယ့်​တစ်​နှစ်​စိုးစံ​လေ​၏​။ မယ်တော်​ကား လိဗန​မြို့သား​ယေရမိ​၏​သမီး ဟာမုတလ​အမည်​ရှိ​၏​။


သိုးထိန်း​သည် ကွဲလွင့်​သွား​သော မိမိ​၏​သိုး​တို့​ကို လိုက်ရှာ​သကဲ့သို့ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ရှာဖွေ​မည်​။ မိုးအုံ့​၍​အမှောင်ကျ​သော​နေ့​တွင် အရပ်ရပ်​ကွဲလွင့်​သွား​သော ငါ့​သိုး​တို့​ကို​ကယ်တင်​မည်​။


ရှင်ဘုရင်​သည် ဒံယေလ​အား စွပ်စွဲ​ခဲ့​သော​သူ​တို့​ကို ခေါ်ဆောင်​လာ​စေ​၍ ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ရန် အမိန့်ပေး​လေ​၏​။ ထို​သူ​တို့​ကို သားသမီး​၊ ဇနီး​များ​နှင့်တကွ ခြင်္သေ့​တွင်း​ထဲသို့​ပစ်ချ​လိုက်​ရာ တွင်း​အောက်ခြေ​မ​ရောက်​မီ​ပင် ခြင်္သေ့​တို့​သည် သူ​တို့​ကို ခုန်အုပ်​၍​အရိုး​ပါ​မ​ကျန် ချိုးဖဲ့ကိုက်စား​ကြ​လေ​၏​။


လူမျိုး​တကာ​တို့​ကို စုရုံး​ပြီး ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ ငါ​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို လူမျိုးတကာ​တို့​ထံသို့ ကွဲလွင့်​စေ​ပြီး ငါ့​ပြည်​ကို ကွဲပြား​စေ​ခဲ့​သောကြောင့် ငါ့​လူမျိုး​တော်​ဖြစ်​သည့် ငါ့​အမွေ​တော်​အစ္စရေး​တို့​အတွက် သူ​တို့​ကို ထို​အရပ်​၌ ငါ​တရားစီရင်​မည်​။


သင်​တို့​သည် လမ်းလွဲ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​၏။ ယခု​မူကား သိုးထိန်း​ဖြစ်​တော်မူ​၍ သင်​တို့​၏​စိတ်​ဝိညာဉ်​ကို​ကြီးကြပ်​သူ​ဖြစ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​ရောက်​ကြ​ပြီ။