ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
ယေရမိ 49:4 - မြန်မာ့စံမီသမ္မာကျမ်း အို ဖောက်ပြန်သောသမီးပျို၊ သင်သည် ဥစ္စာဘဏ္ဍာကို ကိုးစား၍ ‘ငါ့ကို မည်သူဆန့်ကျင်ဝံ့သနည်း’ဟု ဆိုလျက် အဘယ်ကြောင့် ချိုင့်ဝှမ်းတို့၌ ဝါကြွားသနည်း။ ထိုချိုင့်ဝှမ်းတို့ ယိုယွင်းပျက်စီးလေပြီ။ Common Language Bible သစ္စာမရှိသောလူမျိုးတို့၊ သင်တို့သည်အဘယ် ကြောင့်ကြွားဝါသနည်း။ သင်တို့၏အင်အား သည်ချည့်နဲ့နေပြီ။ သင်တို့သည်အဘယ်ကြောင့် မိမိတို့တန်ခိုးစွမ်းရည်ကိုယုံစား၍`ငါတို့ အားအဘယ်သူမျှတိုက်ခိုက်ရဲလိမ့်မည် မဟုတ်' ဟုဆိုကြသနည်း။- Garrad Bible ကိုယ့် စီး ပွား၌ စိတ် ချ လျက်၊ ငါ့ ထံ မည် သူ ချဉ်း ဝံ့ မည် နည်း ဟု အောက် မေ့ သူ၊ အို ဖောက် ပြန် သော သ တို့ သ မီး၊ ပြန့် ပြော သော ကိုယ့် ချိုင့် များ ကို ထောက်၍၊ အ ဘယ့် ကြောင့် ဝါ ကြွား သ နည်း။ Judson Bible ငါ့ထံသို့ အဘယ်ရန်သူ ရောက်လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိစည်းစိမ်၌ကိုးစားလျက် ဖောက်ပြန်သော သတို့သမီး၊ သင်သည် ချိုင့်တို့၌ အဘယ်ကြောင့် ဝါကြွားသနည်း။ သင်၏ချိုင့်သည် အသွေးစီးရာဖြစ်လိမ့်မည်။ |
ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။ သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသောသူတို့၏ပျက်စီးခြင်းအကြောင်းသည် သူတို့၏ဆင်းရဲခြင်းဖြစ်၏။
“မည်သူသည် ငါတို့ရှိရာသို့ဆင်းလာနိုင်သနည်း။ မည်သူသည် ငါတို့၏ခိုလှုံရာအရပ်သို့ဝင်နိုင်သနည်း”ဟု ပြောဆိုတတ်သော “အို ချိုင့်ဝှမ်း၌နေသောသူ၊ အို ကျောက်ကုန်းရိုး၌နေသောသူ၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အို လမ်းလွဲသောသားသမီးတို့၊ ပြန်လာကြလော့”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ငါသည် သင်တို့၏ခင်ပွန်းဖြစ်၏။ သင်တို့ကို မြို့တစ်မြို့လျှင်တစ်ယောက်၊ မျိုးနွယ်စုတစ်စုလျှင်နှစ်ယောက် ရွေးယူ၍ ဇိအုန်မြို့သို့ပို့ဆောင်မည်။
အို ဖောက်ပြန်သောသမီးပျို၊ မည်သည့်အချိန်အထိ လှည့်လည်နေမည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်တွင် အသစ်သောအရာကို ဖန်ဆင်းတော်မူပြီ။ မိန်းမသည် ယောက်ျားကို ဝိုင်းရံလိမ့်မည်။
သင်လုပ်သောအရာ၊ သင်၏ဥစ္စာဘဏ္ဍာကို ယုံကြည်ကိုးစားသောကြောင့် သင်သည်လည်း ဖမ်းခေါ်သွားခြင်းခံရမည်။ ခေမုရှဘုရားသည်လည်း သူနှင့်ဆိုင်သောယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။
အို ကျောက်ဆောင်ကြားများ၌နေထိုင်သူ၊ ကုန်းမြင့်၌နေရာယူသူ၊ သင့်ကို ကြောက်ရွံ့ကြသောကြောင့် သင့်မာနသည် သင့်ကိုလှည့်စားလေပြီ။ သင်သည် လင်းယုန်ကဲ့သို့ အမြင့်၌ အသိုက်ကိုဆောက်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု မိန့်တော်မူ၏။
သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
နွားမတမ်းခေါင်းမာသကဲ့သို့ အစ္စရေးသည်လည်း ခေါင်းမာ၏။ ထာဝရဘုရားသည် သူတို့ကို သိုးသငယ်ကဲ့သို့ စားကျက်ပြင်တွင် ထိန်းကျောင်းဦးမည်လော။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။