ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
ယေရမိ 49:20 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဧဒုံပြည်ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ တေမန်ပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် ကိုယ့်ကြောင့် ကိုယ့်စားကျက်မြေ ဖျက်ဆီးခြင်းခံရမည်။ Common Language Bible သို့ဖြစ်၍ဧဒုံပြည်သူတို့အတွက်ငါပြု လုပ်ထားသည့်အကြံအစည်ကိုလည်းကောင်း၊ တေမန်မြို့သူမြို့သားတို့အတွက်ငါကြံ စည်ထားသည့်အမှုအရာကိုလည်းကောင်း နားထောင်ကြလော့။ ရန်သူသည်သူတို့၏ သားသမီးများကိုပင်လျှင်ဒယဥ့်တိုက် ဆွဲ၍ခေါ်ဆောင်သွားလိမ့်မည်။- Garrad Bible သိုး သား ငယ် သ ဖွယ် ဖြစ် သော ထို လူ မျိုး ကို ရန် သူ တို့ ဆွဲ ငင် သ ဖြင့်၊ နေ ရာ အ ရပ် ကို၊ အံ့ ဖွယ် သ ရဲ မု ချ ဖြစ် စေ မည်။ ထို လူ မျိုး ပြို ပျက် သံ ကြောင့်၊ မြေ ပ ထ ဝီ လှုပ် ရှား လျက်၊ ပင် လယ် နီ တိုင် အော် ဟစ် သံ ကို ကြား ရ၏။ ရန် သူ သည်၊ လင်း ယုန် သ ဖွယ် အ တောင် ဖြန့် လျက်၊ ဗော ဇ ရ မြို့ ပေါ် သို့ ပျံ တက် သုတ် လာ လ တ္တံ့ သော ကြောင့်၊ ဧ ဒုံ သူ ရဲ ကောင်း တို့ စိတ် သည် မီး ဖွား ခြင်း ဝေ ဒ နာ ခံ စား သော မိန်း မ စိတ် ကဲ့ သို့၊ ထို နေ့ ရက် ဖြစ် လိမ့် မည် ဟု၊ ဧ ဒုံ ပြည် နှင့် တေ မန် နယ် သား တို့ အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား ကြံ စည် ပြဋ္ဌာန်း တော် မူ ချက် ကို နာ ခံ ကြ လော့။ Judson Bible သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တစ်ဖက်၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တစ်ဖက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည်၊ အားမရှိသော ထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီးလိမ့်မည်။ |
ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
လူ၏စိတ်နှလုံးထဲ၌ အကြံအစည်များစွာရှိ၏။ သို့ရာတွင် ထာဝရဘုရား၏အကြံဉာဏ်သည်သာ တည်လိမ့်မည်။
သင်တို့ကိုတိုက်ခိုက်လာသော ခါလဒဲတပ်တစ်တပ်လုံးကို သင်တို့အနိုင်ရလျှင်ပင် ကျန်ခဲ့သောဒဏ်ရာရသောသူတို့သည် ကိုယ့်တဲမှထလာပြီး ဤမြို့ကို မီးရှို့ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထာဝရဘုရားက “ဗောဇရပြည်သည် ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ လူသူကင်းမဲ့ရာ၊ ကျိန်ဆဲစရာ ဖြစ်ရလိမ့်မည်။ ထိုပြည်ထဲရှိမြို့များသည် ပြိုပျက်ရာအစဉ်ဖြစ်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုပြီ”ဟု မိန့်တော်မူ၏။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
ထို့ကြောင့် ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ ခါလဒဲပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် သူတို့ကြောင့် စားကျက်မြေများ ဖျက်ဆီးခြင်းခံရမည်။
ထို့ကြောင့် ငါသည် တေမန်မြို့အပေါ် မီးကိုလွှတ်၍ ဗောဇရခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
ထိုအခါ သူက ငါ့အား “ဤကား ဇေရုဗဗေလထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘စစ်သည်ဗိုလ်ခြေကြောင့် မဟုတ်။ အစွမ်းတန်ခိုးကြောင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့်သာ ဖြစ်၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။