ထာဝရဘုရားက “ငါသည် သင့်ကို လူမျိုးခြားတို့တွင် သေးသိမ်သောသူ၊ လူတို့တွင် အထင်သေးခံရသောသူ ဖြစ်စေမည်။
ထာဝရဘုရားသည်သင်တို့နိုင်ငံကိုအား အင်ချည့်နဲ့စေတော်မူမည်ဖြစ်၍ အဘယ်သူ မျှသင်တို့ကိုလေးစားကြလိမ့်မည်မဟုတ်။-
သင့် ကို လူ မျိုး ခြား တို့ တွင် သိမ် ဖျင်း ရာ၊ လူ သ တ္တ ဝါ တို့ တွင် မ ထီ မဲ့ မြင် ပြု ရာ၊ ငါ ဖြစ် စေ မည်။
တစ်ပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာမည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။
သူတို့သည် ကြောက်ရွံ့စရာမရှိဘဲ အလွန်ကြောက်ရွံ့ကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သင့်တစ်ဖက်၌ တပ်ချထားသောသူတို့၏အရိုးများကို ပြန့်ကျဲစေတော်မူ၏။ ဘုရားသခင်သည် သူတို့ကိုစွန့်ပယ်တော်မူသောကြောင့် သင်သည် သူတို့ကိုအရှက်ကွဲစေလိမ့်မည်။
ထာဝရဘုရားသည် လူမျိုးခြားတို့ထံ သံတမန်ကိုစေလွှတ်၍ “သင်တို့စုဝေးကြ၊ ချီတက်ကြ၊ ဧဒုံပြည်ကို စစ်တိုက်ကြ”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါကြားရပြီ။
အို ကျောက်ဆောင်ကြားများ၌နေထိုင်သူ၊ ကုန်းမြင့်၌နေရာယူသူ၊ သင့်ကို ကြောက်ရွံ့ကြသောကြောင့် သင့်မာနသည် သင့်ကိုလှည့်စားလေပြီ။ သင်သည် လင်းယုန်ကဲ့သို့ အမြင့်၌ အသိုက်ကိုဆောက်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ ငါသည် သင့်ကို လူမျိုးတကာတို့အလယ်တွင် သေးသိမ်သောသူ ဖြစ်စေမည်။ သင်သည် မထီမဲ့မြင်ပြုခြင်းကို အပြင်းအထန်ခံရမည်။
“သင်၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာရှိသနည်း”ဟု ငါ့အား ပြောဆိုသောရန်သူသည် ထိုအဖြစ်ကိုမြင်၍ အရှက်ကွဲရလိမ့်မည်။ ယခုတွင် သူသည် လမ်းပေါ်မှ ရွှံ့ကဲ့သို့ နင်းချေခံရသည်ကို ငါ့မျက်စိဖြင့် တပ်အပ်မြင်ရလိမ့်မည်။
ကိုယ်တော်သည် လက်ရုံးတော်အားဖြင့် တန်ခိုးအရှိန်အဝါနှင့်ပြည့်စုံသောအမှုကိုပြုတော်မူ၍ အတွင်းစိတ်သဘော၌ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။