ရုဗင်သည် တွင်းသို့ပြန်လာသောအခါ တွင်းထဲ၌ယောသပ်မရှိသဖြင့် မိမိ၏အဝတ်ကို ဆုတ်ဖြဲပြီးလျှင်
ယေရမိ 48:37 - မြန်မာ့စံမီသမ္မာကျမ်း “သူတို့အားလုံး ခေါင်းတုံးတုံး၍ မုတ်ဆိတ်ရိတ်ကြ၏၊ လက်ကိုမွှမ်း၍ ခါး၌လျှော်တေအဝတ်ကိုဝတ်ပြီးလျှင် Common Language Bible လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။- Garrad Bible လူ ဟူ သ မျှ သည် ဆံ မုတ် ဆိတ် ပယ် ခြင်း၊ လက် ထိ ရှ ခြင်း၊ လျှော် တေ ဆည်း ခြင်း များ ကို ပြု ကြ လေ ပြီ။ Judson Bible လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌ လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။ |
ရုဗင်သည် တွင်းသို့ပြန်လာသောအခါ တွင်းထဲ၌ယောသပ်မရှိသဖြင့် မိမိ၏အဝတ်ကို ဆုတ်ဖြဲပြီးလျှင်
ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
ထို့ကြောင့် သူတို့သည် အသံကျယ်လောင်စွာအော်ခေါ်သည်သာမက သူတို့ဓလေ့အတိုင်း ကိုယ်ကိုဓားလှံတို့ဖြင့်ထိုးမွှမ်းသဖြင့် သူတို့ကိုယ်ပေါ်တွင် သွေးသံရဲရဲဖြစ်လေ၏။
အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
ထိုအမျိုးသမီး၏စကားကို ကြားသောအခါ ရှင်ဘုရင်သည် မိမိအဝတ်ကို ဆွဲဆုတ်ပစ်၍ မြို့ရိုးပေါ်လျှောက်သွားတော်မူလျှင် ရှင်ဘုရင်၏ဝတ်လုံအောက် ကိုယ်ပေါ်တွင် လျှော်တေအဝတ်ဝတ်ထားသည်ကို လူတို့တွေ့မြင်ရလေ၏။
ထို့ကြောင့် ဟာနုန်မင်းကြီးသည် ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ကိုဖမ်းပြီး သူတို့၏မုတ်ဆိတ်ကို ရိတ်ပြီးလျှင် သူတို့၏ဝတ်ရုံကိုလည်း တင်ပါးအထိ အလယ်တည့်တည့်မှညှပ်ပစ်ကာ ပြန်လွှတ်လိုက်၏။
ထိုအချိန်တွင် ထာဝရဘုရားသည် အာမုတ်၏သား ဟေရှာယအား “သင့်ခါးမှလျှော်တေအဝတ်နှင့် သင့်ခြေမှဖိနပ်ကို သွား၍ချွတ်ပစ်လော့”ဟု မိန့်တော်မူရာ သူသည် ထိုအတိုင်းပြု၍ အဝတ်မပါ၊ ဖိနပ်မပါဘဲ သွားလာလေ၏။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
ထာဝရဘုရားက “ဤပြည်ရှိ လူအယုတ်အမြတ်၊ အကြီးအငယ်မရွေး သေကြရမည်။ သို့သော် သင်္ဂြိုဟ်ခံရမည်မဟုတ်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူ၊ ကိုယ့်အသားကို ကိုယ်မွှမ်းမည့်သူ၊ ခေါင်းတုံးတုံးမည့်သူ ရှိမည်မဟုတ်။
ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။
ဂါဇမြို့သည် ခေါင်းတုံးဖြစ်လေပြီ။ အာရှကေလုန်မြို့သည် ဆိတ်ညံလေပြီ။ အို ချိုင့်ဝှမ်း၌ ကြွင်းကျန်သောသူတို့၊ မည်သည့်အချိန်အထိ ကိုယ့်အသားကို ကိုယ်မွှမ်းကြမည်နည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဟေရှဘုန်မြို့၊ ညည်းတွားငိုကြွေးလော့။ အာဣမြို့ ပျက်စီးလေပြီ။ အို ရဗ္ဗာသမီးပျို၊ အော်ဟစ်လော့။ လျှော်တေအဝတ်ကိုဝတ်လျက်၊ တံတိုင်းအတွင်း ပြေးလွှားလျက် ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား မိလကုံဘုရားသည် သူနှင့်ဆိုင်သော ယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားခြင်းခံရလေပြီ။
ခေါင်းတုံးတုံး၍ လျှော်တေအဝတ်ကို ဝတ်ကြလေပြီ။ ခါးခါးသီးသီးငိုကြွေးမြည်တမ်းကြလေပြီ။
“အချင်းလူသား၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာသည် သူ၏စစ်သည်များအား တိုင်ရာမြို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်စေခဲ့သည်။ စစ်သည်တို့လည်း ပခုံးအဆစ်ပြုတ်မတတ် ဦးဆွေးဆံမြည့်တိုက်ကြ၏။ ထိုသို့ အားသွန်ခွန်စိုက်တိုက်ခိုက်သော်လည်း ဘုရင်အပါအဝင်စစ်သည်တို့သည် တိုင်ရာမြို့မှ မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားရကြ။
လျှော်တေအဝတ်ကိုဝတ်လျက် ခေါင်းတုံးတုံးကြရလိမ့်မည်။ ကြောက်ရွံ့စိတ်တို့ကြီးစိုးလျက် အရှက်ကွဲရလိမ့်မည်။
သေသောသူအတွက် သင်တို့အသားကို မခုတ်မရှရ။ သင်တို့ကိုယ်ပေါ်၌ ဆေးမင်ကြောင် မထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်ချစ်မြတ်နိုးသောသားသမီးတို့သည် ဖမ်းခေါ်သွားခြင်းခံရမည်ဖြစ်သောကြောင့် ဆံပင်ညှပ်၍ ခေါင်းတုံးတုံးလော့။ လင်းယုန်ငှက်ကဲ့သို့ သင့်ခေါင်းကို ပြောင်စေလော့။
သူသည် သင်္ချိုင်း၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း နေ့ညမပြတ်အော်ဟစ်လျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရဖြစ်စေ၏။
ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။