သူတို့သည် သစ်ပင်ထူထပ်သောအရပ်တွင် ပုဆိန်ကိုဝှေ့ယမ်းသောသူကဲ့သို့ဖြစ်ပြီး
ယေရမိ 46:22 - မြန်မာ့စံမီသမ္မာကျမ်း သစ်ခုတ်သမားသည် သစ်ခုတ်ထွက်လာသကဲ့သို့ ရန်သူတို့သည် ပုဆိန်ကိုကိုင်လျက်အလုံးအရင်းနှင့် ချီတက်လာပြီဖြစ်၍ အီဂျစ်ပြည်ထဲမှအသံသည်လည်း လျှောကနဲပြေးထွက်သွားသောမြွေသံကဲ့သို့ ဖြစ်လေပြီ။ Common Language Bible ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။ လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။ Garrad Bible ထင်း ခုတ် သူ တို့ ကဲ့ သို့၊ ရဲ တင်း ကိုင် သော ရန် သူ အ လုံး အ ရင်း ချီ လာ သော ကြောင့်၊ မြွေ တွား သံ မျှ သာ ရှိ လိမ့် မည်။ Judson Bible သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံးအရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံသည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။ |
သူတို့သည် သစ်ပင်ထူထပ်သောအရပ်တွင် ပုဆိန်ကိုဝှေ့ယမ်းသောသူကဲ့သို့ဖြစ်ပြီး
ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။
ထင်းရှူးပင်၊ လက်ဘနွန်တောင်ရှိသစ်ကတိုးပင်တို့ပင်လျှင် သင့်အဖြစ်ကြောင့် ဝမ်းမြောက်ကြ၏။ “သင်အိပ်ပျော်သွားသောအချိန်မှစ၍ ငါတို့ကိုခုတ်လှဲမည့်သူ မတက်လာပါ”ဟု ဆိုကြ၏။
သင်သည် နိမ့်ကျ၍ မြေကြီးထဲမှ စကားပြောလိမ့်မည်။ သင့်စကားသံသည် မြေမှုန့်ထဲမှ မပွင့်တပွင့်ထွက်ပေါ်လာမည်။ သင့်အသံသည် တစ္ဆေ၏အသံကဲ့သို့ မြေကြီးထဲမှ ထွက်ပေါ်လာမည်။ သင့်စကားသံသည် မြေမှုန့်ထဲမှ တိုးတိုးသာထွက်ပေါ်လာမည်။
သင်သည် သင့်မင်းမှုထမ်းတို့အားဖြင့် ဘုရားရှင်ကိုကဲ့ရဲ့ပြစ်တင်လျက် ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
အီဂျစ်ပြည်၏ကြေးစားစစ်သည်တို့သည် ဆူဖြိုးသောနွားထီးပျိုကဲ့သို့ ဖြစ်သော်လည်း ဘေးဒုက္ခရောက်သောအချိန်၊ အပြစ်ဒဏ်ပေးခံရသောအချိန်၌ ခံနိုင်ရည်မရှိ။ အတူတကွနောက်လှည့်ပြေးကြလေပြီ။
ထာဝရဘုရားက “သူတို့သည် မရေမတွက်နိုင်အောင် ကျိုင်းကောင်ကဲ့သို့များပြားသဖြင့် ပိန်းပိတ်နေသောအီဂျစ်တောအုပ်ကြီးကို ခုတ်လှဲပစ်ကြလိမ့်မည်။
ထို့အတွက်ကြောင့် အကျွန်ုပ်ငိုကြွေးမြည်တမ်းမည်။ ဖိနပ်မစီး၊ အဝတ်မဝတ်ဘဲ သွားလာမည်။ ခွေးအကဲ့သို့အူပြီး ငှက်ကုလားအုတ်ကဲ့သို့ အော်မြည်မည်။
လူမျိုးခြားတို့သည် ထိုအမှုတို့ကိုမြင်၍ ခပ်သိမ်းသောကိုယ့်အစွမ်းတန်ခိုးတို့ကိုပြန်ကြည့်ပြီး ရှက်ကြလိမ့်မည်။ နှုတ်ကိုလက်နှင့်ပိတ်၍ နားလည်းမကြားဘဲနေလိမ့်မည်။
အို ထင်းရှူးပင်၊ ညည်းတွားလော့။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ၍ ကျက်သရေဆောင်သစ်ပင်တို့ ပျက်စီးကုန်ပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့၊ ညည်းတွားကြလော့။ အကြောင်းမူကား ထူထပ်သောသစ်တောကြီး ပြုန်းတီးသွားလေပြီ။
“ခေါင်းဆောင်တို့ ပြောထားသည့်အတိုင်း သူတို့ကို အသက်ချမ်းသာခွင့်ပေးပြီး လူထုတစ်ရပ်လုံးအတွက် ထင်းခွေ၊ ရေခပ်ပေးရသောအလုပ်ကို လုပ်စေ”ဟု ခေါင်းဆောင်တို့က သူတို့အား ဆို၏။