မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ယေရမိ 44:24 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယေရမိက မိန်းမအပါအဝင် လူအပေါင်းတို့အား “အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ Common Language Bible ငါသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားက အီဂျစ်ပြည်တွင်နေထိုင်ကြသောယုဒပြည် သားတို့နှင့်ပတ်သက်၍``သင်တို့နှင့်သင်တို့ ဇနီးများသည်ကောင်းကင်ဘုရင်မအား သစ္စာကတိပြုခဲ့ကြ၏။ သူ့အားယဇ်ပူဇော် ပါမည်ဟူ၍လည်းကောင်း၊ သူ၏အဖို့စပျစ် ရည်ပူဇော်သကာများကိုသွန်းလောင်းပါမည် ဟူ၍လည်းကောင်း ကတိထားပြီးလျှင်ထို ကတိအတိုင်းပြုခဲ့ကြပေသည်။ ကောင်း လှပြီ၊ သင်တို့ကတိကိုတည်စေကြလော့။ သင်တို့သစ္စာဋ္ဌိဋ္ဌာန်ပြုသည်အတိုင်းဆောင် ရွက်ကြလော့။- Garrad Bible ၎င်း ပြင်၊ မိန်း မ တို့ နှင့် လူ ပ ရိ သတ် အား ယေ ရ မိ က၊ အိ ဂျစ် ပြည်၌ နေ သော၊ အို ယု ဒ လူ မျိုး အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နား ထောင် ကြ လော့။ Judson Bible တစ်ဖန် မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ |
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။
ဤလူမျိုးကိုအုပ်စိုးသော ဂျေရုဆလင်မြို့ရှိ ပြက်ရယ်ပြုတတ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
ကြွင်းကျန်သောယုဒအမျိုးတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် အီဂျစ်ပြည်သို့သွားရန် စိတ်အားပြင်းပြမည်ဆိုလျှင်၊ ထိုပြည်၌ပင် သွားရောက်နေထိုင်မည်ဆိုလျှင်
ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏စကားတော်ကိုမနာခံဘဲ အီဂျစ်ပြည်သို့ထွက်သွား၍ တာပနက်မြို့တိုင်အောင် ရောက်သွားကြ၏။
ထို့ကြောင့် အီဂျစ်ပြည်၌နေထိုင်သော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်တစ်ပြည်လုံးရှိ ယုဒလူမျိုးတို့၏နှုတ်မှ ဘုရားရှင်ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ ငါ၏နာမကို တိုင်တည်ရတော့မည်မဟုတ်’ဟု ငါ၏ကြီးမြတ်သောနာမကို တိုင်တည်၍ မိန့်ဆိုပြီ။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါ့စကားကို သူတို့အား ပြောပြရမည်။
ထို့ကြောင့် ယခု ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ သင်က ‘အစ္စရေးလူမျိုးကို ဆန့်ကျင်၍ ပရောဖက်မပြုနှင့်၊ ဣဇက်အမျိုးအနွယ်ကို ဆန့်ကျင်၍ မဟောပြောနှင့်’ဟု ဆို၏။