သူတို့မအိပ်မီတွင် သောဒုံမြို့သားယောက်ျားများသည် လူကြီးလူငယ်တစ်ယောက်မကျန် မြို့အနှံ့မှလာ၍ အိမ်ကိုဝိုင်းထားကြ၏။
ယေရမိ 44:15 - မြန်မာ့စံမီသမ္မာကျမ်း လူအုပ်ကြီးဖြစ်သော မိမိတို့မယားက အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြောင်းကို သိသောယောက်ျားများနှင့် သူတို့အနီးတွင်ရပ်နေသောမိန်းမများအားလုံး၊ အီဂျစ်ပြည် ပါသရုမြို့သားအားလုံးက ယေရမိအား Common Language Bible ထိုအခါမိမိတို့ဇနီးများသည်အခြား ဘုရားတို့အားယဇ်ပူဇော်ကြောင်းကိုသိရှိ ကြသူများ၊ ထိုနေရာတွင်ရပ်လျက်နေသူ အမျိုးသမီးများနှင့်အီဂျစ်ပြည်တောင် ပိုင်းတွင်နေထိုင်သူယုဒအမျိုးသားများ အပါအဝင်လူအုပ်ကြီးသည်ငါ့အား၊- Garrad Bible အိ ဂျစ် ပြည် ၌ လည်း ကောင်း၊ ပါ သ ရု နယ် ၌ လည်း ကောင်း၊ နေ ထိုင် သူ လူ မျိုး တော် ပ ရိ သတ် ကြီး တည်း ဟူ သော၊ အ ခြား ဘု ရား များ အား၊ မ ယား တို့ ပူ ဇော် ကြ သည် ကို သိ သော ယောက်ျား တို့ နှင့် တ ကွ၊ အ နီး ၌ ရပ် နေ သော မိန်း မ တို့ က၊ Judson Bible ထိုအခါ မိမိမယားတို့သည် အခြားတစ်ပါးသောဘုရားအား နံ့သာပေါင်းနှင့် မီးရှို့ကြောင်းကို သိသောလူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည် ပါသရုအရပ်၌နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြောကြသည်ကား၊ |
သူတို့မအိပ်မီတွင် သောဒုံမြို့သားယောက်ျားများသည် လူကြီးလူငယ်တစ်ယောက်မကျန် မြို့အနှံ့မှလာ၍ အိမ်ကိုဝိုင်းထားကြ၏။
အစ္စရေးဘုရင်ရှောလမုန်မင်းကြီးသည်လည်း ဤနည်းဖြင့် အပြစ်ပြုခဲ့သည်မဟုတ်လော။ တိုင်းနိုင်ငံများတွင် သူနှင့်တူသောဘုရင်မရှိ။ ဘုရားသခင်သည် သူ့ကိုချစ်တော်မူ၍ အစ္စရေးလူမျိုးအားလုံးတို့၏ဘုရင်အဖြစ် သူ့ကိုခန့်ထားတော်မူ၏။ သို့သော် သူသည် တစ်ပါးအမျိုးသားမိန်းမပျိုတို့အားဖြင့် အပြစ်ကျူးလွန်ခဲ့၏။
မကောင်းမှုပြုသောသူသည် အပြစ်ဒဏ်နှင့်မည်သို့မျှကင်းလွတ်လိမ့်မည်မဟုတ်။ ဖြောင့်မတ်သောသူတို့၏သားမြေးတို့မူကား မုချကင်းလွတ်လိမ့်မည်။
သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
‘ငါ၏ရုပ်တုသည် ထိုအရာတို့ကိုပြုခဲ့၏။ ငါ၏သစ်သားရုပ်တု၊ ကြေးရုပ်တုတို့သည် ထိုအရာတို့ကို အမိန့်ပေးခဲ့ကြ၏’ဟု သင်မပြောနိုင်အောင် ရှေးမဆွကပင် သင့်ကို ငါပြောခဲ့၏။ မဖြစ်လာမီကပင် သင့်ကို ကြားသိစေခဲ့၏။
အီဂျစ်ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ မင်ဖစ်မြို့၊ ပါသရုမြို့တို့၌ နေထိုင်သော ဂျူးလူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
မိန်းမတို့ကလည်း “ငါတို့သည် ကောင်းကင်မိဖုရားအား နံ့သာပေါင်းမီးရှို့ပူဇော်သောအခါ၊ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းသောအခါ ငါတို့၏ခင်ပွန်းသည်မပါဘဲ မိဖုရားပုံတူမုန့်များကို လုပ်ခဲ့သလော။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခဲ့သလော”ဟု ဆိုကြ၏။
တစ်ဖန် ယေရမိက မိန်းမအပါအဝင် လူအပေါင်းတို့အား “အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
ဖမ်းခေါ်သွားခြင်းခံရသော အီဂျစ်ပြည်သားတို့ကို ပြန်ခေါ်လာ၍ သူတို့ဇာတိမြေ ပါသရုပြည်သို့ပြန်လာစေမည်။ ထိုပြည်ကို သိမ်ငယ်သောပြည်ဖြစ်စေမည်။
ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။
ကျဉ်းသောတံခါးမှဝင်ကြလော့။ အကြောင်းမူကား ပျက်စီးခြင်းသို့ရောက်သောတံခါးသည် ကျယ်ဝန်း၍ လမ်းသည်ပြန့်ပြူး၏။ ထိုတံခါးမှဝင်သောသူတို့သည်လည်း များပြားလှ၏။
သင်၏အနီးပတ်ပတ်လည်၌ရှိသောလူမျိုးတို့၏ဘုရား၊ မြေကြီးတစ်ဖက်စွန်းမှတစ်ဖက်စွန်းတိုင်အောင် အဝေး၌ရှိသောလူမျိုးတို့၏ဘုရားတို့ကို ‘ငါတို့သွား၍ဝတ်ပြုကြစို့’ဟု သင့်ကို တိတ်တဆိတ်သွေးဆောင်လျှင်