ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့ စွန့်ထားခဲ့သော သူတို့၏ရုပ်တုများကို ဒါဝိဒ်မင်းကြီးနှင့်သူ့လူတို့သယ်သွားကြ၏။
ယေရမိ 43:12 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် အီဂျစ်နတ်ဘုရားကျောင်းများကို မီးရှို့မည်။ ဘေဘီလုံဘုရင်သည်လည်း ထိုနတ်ဘုရားကျောင်းတို့ကိုမီးရှို့၍ နတ်ဘုရားတို့ကို သိမ်းယူသွားလိမ့်မည်။ သိုးထိန်းသည် အဝတ်ဖြင့် မိမိကိုယ်ကို ပတ်စည်းသကဲ့သို့ ထိုဘုရင်သည်လည်း အီဂျစ်ပြည်ဖြင့် မိမိကိုယ်ကိုပတ်စည်းလိမ့်မည်။ ထိုပြည်မှ သာသာယာယာထွက်သွားလိမ့်မည်။ Common Language Bible ငါသည်အီဂျစ်ဘုရားဝတ်ကျောင်းများကို မီးရှို့မည်။ ဗာဗုလုန်ဘုရင်အားထိုဝတ်ကျောင်း များမှဘုရားတို့ကိုမီးရှို့စေမည်။ သို့မဟုတ် လျှင်လည်းသိမ်းယူသွားစေမည်။ သိုးထိန်းသည် မိမိ၏အဝတ်မှသန်းများကိုကုန်စင်အောင် ရှာသကဲ့သို့ ဗာဗုလုန်ဘုရင်သည်ဤပြည် မှပစ္စည်းဥစ္စာများကိုအကုန်အစင်ရှာ၍ ယူပြီးလျှင်အောင်မြင်စွာထွက်ခွာသွား လိမ့်မည်။- Garrad Bible အိ ဂျစ် ဘု ရား တို့ ဗိ မာန် များ အ တွင်း၊ ငါ မီး မွေး မည့် အ လျောက်၊ ထို မင်း သည် တိုက် ရှို့ သိမ်း သွား ၍၊ ကိုယ့် အ ဝတ် ကို၊ သိုး ထိန်း ဝတ် ခြုံ သည့် နည်း တူ၊ အိ ဂျစ် ပြည် ကို ဝတ် ခြုံ လျက်၊ ဘေး ကင်း စွာ ထွက် သွား ရ လိမ့် မည်။ Judson Bible အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည်လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့်မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်းသည် အဲဂုတ္တုပြည်ကို ဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွားလိမ့်မည်။ |
ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့ စွန့်ထားခဲ့သော သူတို့၏ရုပ်တုများကို ဒါဝိဒ်မင်းကြီးနှင့်သူ့လူတို့သယ်သွားကြ၏။
ထိုမင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ဘုရင့်မှူးကြီးမတ်ရာတစ်ပါးပါးလက်သို့ပေးအပ်ပြီး အရှင်မင်းကြီးဂုဏ်ပြုလိုသောသူအား ဆင်ယင်ပေးစေပါ။ ထို့နောက် စီးတော်မြင်းကိုစီးစေ၍ မြို့လမ်းမတစ်လျှောက်လှည့်လည်စေပြီးလျှင် ‘ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုပေးရသည်’ဟူ၍ ရှေ့မှ ကြွေးကြော်သွားစေရမည်”ဟု လျှောက်လေ၏။
ထိုသို့ဖြစ်လျှင် သင့်ကိုယ်ကို ဂုဏ်များ၊ ထည်ဝါမှုများနှင့် တန်ဆာဆင်လိုက်ပါ။ ကျက်သရေမင်္ဂလာများနှင့် ဆင်ယင်လိုက်ပါ။
အလင်းကို ခြုံထည်ကဲ့သို့လွှမ်းခြုံထား၍ ကောင်းကင်ကို ရွက်ထည်ကဲ့သို့ ဖြန့်ကြက်ထားတော်မူ၏။
ထိုအရပ်ရှိ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်းဖြင့် ငါလွှမ်းခြုံမည်။ ထိုအရပ်မှ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာကြွေးကြော်လျက်သီချင်းဆိုကြလိမ့်မည်။
ငါသည် သူ၏ရန်သူတို့အား အရှက်ကွဲခြင်းကိုဝတ်ဆင်စေမည်။ သူ့အပေါ်၌မူကား သူ၏ဘုန်းသရဖူသည် ပွင့်လန်းတောက်ပလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
ယခု မြင်းအတွဲလိုက်စီးလာသူကို တွေ့ရပါ၏”ဟု ခြင်္သေ့ကဲ့သို့ ဟစ်ကြော်လေ၏။ ထို့နောက် “ပြိုလဲပြီ။ ဘေဘီလုံမြို့ ပြိုလဲပြီ။ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည်လည်း မြေကြီးပေါ်သို့ ကျိုးပဲ့ကျကြပြီ”ဟု ဆိုလေ၏။
ဗေလဘုရားသည် ညွတ်တွားရလေပြီ။ နေဗောဘုရားသည် ခါးကိုင်းရလေပြီ။ ထိုဘုရားရုပ်တုတို့ကို တောရိုင်းတိရစ္ဆာန်များ၊ သိုးနွားတိရစ္ဆာန်များအပေါ် တင်ကြ၏။ သင်တို့ယူဆောင်သောထိုအရာတို့သည် တိရစ္ဆာန်တို့အတွက် လေးလံစွာထမ်းရသောဝန်ထုပ်ဝန်ပိုးများဖြစ်ကြ၏။
ထိုဘုရားတို့သည် ခါးကိုင်း၍ အတူတကွ ဦးညွှတ်ရ၏။ ကိုယ့်ရုပ်တုကို ကိုယ်မကယ်နိုင်ဘဲ ဖမ်းခေါ်သွားရာသို့လိုက်ပါသွားရ၏။
ပတ်ပတ်လည်သို့ မျှော်ကြည့်လော့။ သူတို့အားလုံးသည် စုရုံး၍ သင့်ထံသို့လာကြပြီ။ ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ သင်သည် သူတို့အားလုံးကို အဆင်တန်ဆာကဲ့သို့ ဝတ်ဆင်လိမ့်မည်။ သတို့သမီးကဲ့သို့ ဆင်မြန်းလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ဇိအုန်မြို့၊ နိုးလော့။ နိုးလော့။ သင့်ခွန်အားကို ဝတ်ဆင်လော့။ အို သန့်ရှင်းသောဂျေရုဆလင်မြို့၊ သင်၏တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား အရေဖျားမလှီးသောသူ၊ ညစ်ညူးသောသူတို့သည် သင့်အထဲသို့ နောက်တစ်ဖန်ဝင်ရကြမည်မဟုတ်။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
သူစိမ်းတို့သည် သင်တို့ကို ခစား၍ သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တိုင်းတစ်ပါးသားတို့သည် သင်တို့၏လယ်လုပ်သားများ၊ စပျစ်ခြံလုပ်သားများဖြစ်ကြလိမ့်မည်။
သင်တို့က “ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်နှင့် ဤမြေကြီးပေါ်မှ ပျောက်ပျက်သွားရလိမ့်မည်”ဟု သူတို့အား ပြောရမည်။
ထိုအရာတို့သည် အချည်းနှီးသောအရာဖြစ်၏။ လှည့်စားတတ်သောအရာဖြစ်၏။ စစ်ကြောစီရင်ချိန်ရောက်လျှင် ပျက်စီးသွားရလိမ့်မည်။
ထို့နောက်မှ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ အကြီးအကဲများ၊ သူ့လူမျိုးများ၊
အီဂျစ်ပြည်ရှိ ဗက်ရှေမက်မြို့၏အထွတ်အမြတ်ကျောက်တိုင်တို့ကိုလည်း ချိုးဖျက်လိမ့်မည်။ အီဂျစ်နတ်ဘုရားကျောင်းများကိုလည်း မီးရှို့လိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ နောမြို့ရှိအာမုန်ဘုရား၊ ဖာရောမင်းကြီး၊ အီဂျစ်ပြည်နှင့် အီဂျစ်ပြည်၏ဘုရားများ၊ ဘုရင်များ၊ ဖာရောကို ကိုးစားသောသူများ စသည်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
သင်လုပ်သောအရာ၊ သင်၏ဥစ္စာဘဏ္ဍာကို ယုံကြည်ကိုးစားသောကြောင့် သင်သည်လည်း ဖမ်းခေါ်သွားခြင်းခံရမည်။ ခေမုရှဘုရားသည်လည်း သူနှင့်ဆိုင်သောယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။
ငါသည် ဒမတ်စကပ်မြို့ရိုးကိုမီးရှို့၍ ဗင်္ဟာဒဒ်၏ခံတပ်တို့သည်လည်း လောင်ကျွမ်းသွားမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။
ဘေဘီလုံမြို့ရှိ ဗေလဘုရားကို ငါဒဏ်ခတ်မည်။ သူဝါးမျိုခဲ့သမျှကို သူ့ပါးစပ်မှ ပြန်အန်ထုတ်စေမည်။ လူမျိုးတကာတို့သည် သူ့ကို ဆည်းကပ်ကြတော့မည်မဟုတ်။ ဘေဘီလုံမြို့ရိုးကြီး ပြိုလဲသွားလေပြီ။
မည်သူမျှ၊ မည်သည့်တိရစ္ဆာန်မျှ ဖြတ်သန်းသွားလာတော့မည်မဟုတ်။ အနှစ်လေးဆယ်ပတ်လုံး နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်မည်။ သူသည် ထိုပြည်၏စည်းစိမ်ဘဏ္ဍာကို သိမ်းယူ၍ တိုက်ခိုက်လုယူသောပစ္စည်းများသည်လည်း သူ၏စစ်သည်များအတွက် အဖိုးအခဖြစ်လိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ရုပ်တုတို့ကိုလည်း ငါဖျက်ဆီးပစ်မည်။ မင်ဖစ်မြို့ရှိဘုရားဆင်းတုတို့ကိုလည်း ကွယ်ပျောက်စေမည်။ အီဂျစ်ပြည်တွင် ခေါင်းဆောင်တစ်ယောက်မျှ ရှိတော့မည်မဟုတ်။ အီဂျစ်ပြည်တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်အောင် ငါပြုမည်။
သူသည် ထိုသူတို့ သွန်းလုပ်သောဘုရားရုပ်တုများ၊ ရွှေငွေစသောအဖိုးတန်အသုံးအဆောင်များကို အီဂျစ်ပြည်သို့ သိမ်းယူသွားလိမ့်မည်။ ထို့နောက်မှ မြောက်ဘုရင်နှင့် နှစ်ပေါင်းအတန်ကြာကင်းကွာနေလိမ့်မည်။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။
သမ္မာတရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသောလူသစ်ကိုဝတ်ဆင်ရန် နည်းခံခဲ့ကြ၏။
သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
ဤအရာအားလုံးတို့အပေါ်၌ စုံလင်ခြင်း၏နှောင်ကြိုးဖြစ်သော ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။