သို့ဖြစ်၍ သူတို့သည် မိမိတို့၏အကျင့်အကြံအတိုင်း လျှောက်လှမ်းကြစေရန် သူတို့နှလုံးသား၏မာကျောမှုလက်သို့ ငါအပ်လိုက်၏။
ယေရမိ 42:21 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။ Common Language Bible ယခုသင်တို့အားငါပြန်လည်ပြောကြား ပြီးလေပြီ။ သို့ရာတွင်သင်တို့သည်မိမိတို့ ဘုရားသခင်ထာဝရဘုရားက ငါ့အား စေလွှတ်၍ပြောကြားစေသမျှသောအမိန့် တော်တို့ကိုဖီဆန်ခဲ့ကြ၏။- Judson Bible ငါသည်သင်တို့အား ယနေ့ကြားပြော၏။ သင်တို့မူကား၊ သင်တို့ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်းကောင်း၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကိုလည်းကောင်း၊ နားမထောင်ဘဲနေကြ၏။ |
သို့ဖြစ်၍ သူတို့သည် မိမိတို့၏အကျင့်အကြံအတိုင်း လျှောက်လှမ်းကြစေရန် သူတို့နှလုံးသား၏မာကျောမှုလက်သို့ ငါအပ်လိုက်၏။
သူတို့၏ဘုရားသခင်ထာဝရဘုရားက ယေရမိကိုစေလွှတ်၍ဆင့်ဆိုစေသော သူတို့၏ဘုရားသခင်ထာဝရဘုရား၏စကားအလုံးစုံကို လူအပေါင်းတို့အား ယေရမိဆင့်ဆိုပြီးသောအခါ
ဤသို့ဖြင့် ကာရာ၏သားယောဟနန်နှင့်တကွ စစ်သည်အကြီးအကဲများနှင့် ပြည်သူပြည်သားအားလုံးတို့သည် ယုဒပြည်၌ နေထိုင်ရမည်ဟူသော ထာဝရဘုရား၏စကားတော်ကို မနာခံကြ။
ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏စကားတော်ကိုမနာခံဘဲ အီဂျစ်ပြည်သို့ထွက်သွား၍ တာပနက်မြို့တိုင်အောင် ရောက်သွားကြ၏။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါ့စကားကို သူတို့အား ပြောပြရမည်။
“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
သင့်စကားသည် သူတို့အတွက် ကျွမ်းကျင်စွာတီးမှုတ်၍ ချိုသာသောအသံဖြင့်သီဆိုသော သာယာနာပျော်ဖွယ်သီချင်းနှင့်တူ၏။ သူတို့သည် သင့်စကားကို နားထောင်သော်လည်း မလိုက်နာကြ။
ငါသည် သင်တို့အတွက် အကျိုးရှိမည့်အရာရှိသမျှကို တွန့်ဆုတ်ခြင်းမရှိဘဲ သင်တို့အားဖော်ပြလျက် လူအများရှေ့၌ဖြစ်စေ၊ တစ်အိမ်ပြီးတစ်အိမ်ဖြစ်စေ သွန်သင်ကာ
ဤကျိန်ဆိုသောစကားများကိုကြားသောအခါ ‘ငါသည် ငါ့စိတ်သဘောအတိုင်း လိုက်လျှောက်သော်လည်း ငါသည် ဘေးကင်းလျက်ရှိ၏’ဟု ဆိုလျက် စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ်ကောင်းချီးပေးတတ်သောသူသည် ရေဝသောမြေ ခြောက်သွေ့သွားသကဲ့သို့ ဖျက်ဆီးခြင်းခံရမည်။
အသက်ရှင်၍ကောင်းစားခြင်းနှင့် သေဆုံး၍ပျက်စီးခြင်းကို ယနေ့ သင့်ရှေ့၌ ငါချထား၏။
ယနေ့ ငါသည် ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာကို သင့်ရှေ့၌ ငါချထား၏။ သို့ဖြစ်၍ သင်နှင့်သင်၏သားမြေးတို့အသက်ရှင်မည့်အကြောင်း အသက်ရှင်ခြင်းကိုရွေးချယ်လော့။