ယေရမိ 43:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဤသို့ဖြင့် ကာရာ၏သားယောဟနန်နှင့်တကွ စစ်သည်အကြီးအကဲများနှင့် ပြည်သူပြည်သားအားလုံးတို့သည် ယုဒပြည်၌ နေထိုင်ရမည်ဟူသော ထာဝရဘုရား၏စကားတော်ကို မနာခံကြ။ အခန်းကိုကြည့်ပါ။Common Language Bible4 သို့ဖြစ်၍ယောဟနန်၊ တပ်မှူးများနှင့်လူ အပေါင်းတို့သည် ယုဒပြည်တွင်နေထိုင်ရန် ထာဝရဘုရား၏အမိန့်တော်ကိုမနာ ခံကြ။- အခန်းကိုကြည့်ပါ။Garrad Bible4 ကာ ရာ့ သား ယော ဟ နန် မှ စ၍၊ တပ် မှူး တို့ နှင့် လူ ပ ရိ သတ် တို့ သည်၊ ယု ဒ ပြည်၌ နေ ထိုင် ရန် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် သံ ကို၊ နား မ ထောင် ကြ ချေ။ အခန်းကိုကြည့်ပါ။Judson Bible4 ကာရာသားယောဟနန် အစရှိသောတပ်မှူးများနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည်ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ အခန်းကိုကြည့်ပါ။ |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
အဟိကံ၏သားဂေဒလိကို နေသနိ၏သားဣရှမေလသတ်ပြီးနောက် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲအပေါင်းတို့သည် စစ်သူရဲများ၊ မိန်းမများ၊ ကလေးငယ်များနှင့် မင်းမှုထမ်းများဖြစ်သည့် မိဇပါမြို့မှကြွင်းကျန်သောသူအပေါင်းတို့ကို ဣရှမေလလက်မှကယ်တင်ပြီး ဂိဗောင်မြို့မှ ပြန်ခေါ်ဆောင်လာခဲ့၏။