ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
ယေရမိ 42:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအီဂျစ်ပြည်၌ပင် သင်တို့ကြောက်ရွံ့သောဓားဘေးသည် သင်တို့ကိုမီလိမ့်မည်။ သင်တို့ထိတ်လန့်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း အီဂျစ်ပြည်အထိပင် သင်တို့နောက်သို့ ကပ်လိုက်လာလိမ့်မည်။ ထိုအရပ်၌ပင် သင်တို့သေရလိမ့်မည်။ Common Language Bible သင်တို့ကြောက်ရွံ့သည့်စစ်မက်အန္တရာယ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်။ သင်တို့ထိတ်လန့် သည့်ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း သင်တို့နောက်မှလိုက်၍လာလိမ့်မည်။ သို့ဖြစ် ၍သင်တို့သည်အီဂျစ်ပြည်တွင်သေရကြ လိမ့်မည်။- Garrad Bible ထို အိ ဂျစ် ပြည်၌ ပင်၊ သင် တို့ ကို အုပ် မိ လျက်၊ ရွံ့ သော ဒု ဗ္ဘိ က္ခ န္တ ရ ကပ် လည်း၊ ထက် ကြပ် လိုက် သ ဖြင့်၊ ထို ပြည် တွင် သေ ရ ကြ လ တ္တံ့။ Judson Bible သင်တို့ကြောက်သော ဓားဘေးသည် အဲဂုတ္တုပြည်၌ သင်တို့ကိုမီလိမ့်မည်။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကိုကျပ်ကျပ်လိုက်၍၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ |
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
အကြောင်းမူကား နေသနိ၏သားဣရှမေလသည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော အဟိကံ၏သားဂေဒလိကို သတ်လိုက်သောကြောင့် သူတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်ကြ၏။
သို့ရာတွင် သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားကို နားမထောင်ဘဲ ‘ဤပြည်တွင် အကျွန်ုပ်တို့မနေလို။
ကြည့်ရှုလော့။ သူတို့ကို အကောင်း မဟုတ်၊ အဆိုးပြုရန် ငါကြည့်နေ၏။ အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့ တစ်ယောက်မကျန် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဖျက်ဆီးခြင်းခံရမည်။
ဓားဘေးကို သင်တို့ကြောက်ကြသည်မဟုတ်လော။ ထိုဓားဘေးကိုပင် သင်တို့အပေါ် ငါကျရောက်စေမည်’ဟု မိန့်တော်မူ၏။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ ယနေ့ သင်တို့အား ငါမှာကြားသော ကိုယ်တော်၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင် သင်တို့အပေါ်သက်ရောက်မည့်ကျိန်ခြင်းအမင်္ဂလာ၊ သင်တို့ခံစားရမည့် ကျိန်ခြင်းအမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။
ထာဝရဘုရားသည် သင့်ကို အဆုတ်ရောဂါဖြစ်ခြင်း၊ ဖျားနာခြင်း၊ ရောင်ရမ်းခြင်း၊ အဖျားကြီးခြင်း၊ မိုးခေါင်ခြင်း၊ လောင်မီးပိုးကျခြင်း၊ မှိုစွဲခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း ထိုဘေးတို့သည် သင့်ကိုလိုက်လိမ့်မည်။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ သင့်အားမိန့်မှာတော်မူသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းသောကြောင့် သင်ပျက်စီးခြင်းသို့မရောက်မချင်း ဤကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သက်ရောက်လိမ့်မည်။ သင့်ကိုလိုက်၍မီလိမ့်မည်။