ယေရမိ 42:17 - မြန်မာ့စံမီသမ္မာကျမ်း17 အီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် စိတ်အားပြင်းပြနေသောသူအားလုံးတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရကြလိမ့်မည်။ သူတို့အပေါ် ငါကျရောက်စေသောဘေးအန္တရာယ်မှ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှရှိမည်မဟုတ်’ဟု မိန့်တော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible17 အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားသူမှန်သမျှသည်စစ်ဘေး၊ သို့မ ဟုတ်ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ သူတို့တစ်ဦးတစ်ယောက်မျှအသက်မသေ ဘဲကျန်ရှိလိမ့်မည်မဟုတ်။ သူတို့တစ်ဦး တစ်ယောက်မျှငါသက်ရောက်စေမည့်ဘေး အန္တရာယ်ဆိုးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 အိ ဂျစ် ပြည် သို့ မျက် နှာ မူ လျက် ဝင် ရောက် တည်း ခို သူ အ ပေါင်း တို့ သည်၊ ထို အ တိုင်း သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ကြောင့် သေ ရ ကြ သ ဖြင့်၊ ငါ သင့် စေ မည့် ဘေး နှင့် လွတ် ကင်း ကြွင်း ကျန် သူ မ ရှိ ချေ ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible17 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှာ မျက်နှာပြုသောသူ အပေါင်းတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်။ သူတို့အပေါ်သို့ ငါရောက်စေသော ဘေးဒဏ်နှင့် တစ်ယောက်မျှမလွတ်ရ။ ကျန်ကြွင်းသောလူ တစ်ယောက်မျှမရှိရ။ အခန်းကိုကြည့်ပါ။ |