အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 4:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​လူမျိုးတကာ​တို့​အား အသိပေး​လော့​။ ဂျေရုဆလင်​မြို့​ကို ကြားသိ​စေ​လော့​။ မြို့​ကို​ဝိုင်း​ထား​မည့်​သူ​တို့​သည် ဝေး​သော​ပြည်​မှ​လာ​နေ​ပြီ​။ ယုဒ​ပြည်​ရှိ​မြို့​များ​ကို စစ်ငြာသံ​ပေး​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​ရပ်​ဝေး​ဒေ​သ​မှ​ရန်​သူ​များ​ချီ တက်​လာ​နေ​ကြောင်း​လူ​မျိုး​တ​ကာ​တို့​အား သတိ​ပေး​၍ ယေ​ရု​ရှ​လင်​မြို့​ကို​ကြား​ပြော ကြ​လေ​သည်။ ရန်​သူ​တို့​သည်​ယု​ဒ​မြို့​များ အား​ကြိမ်း​မောင်း​သံ​ပြု​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဝိုင်း ဝန်း သော စစ် မက် တို့ သည်၊ ဝေး ကွာ ရာ ပြည် မှ ချီ လာ၍၊ ယု ဒ မြို့ ရွာ တစ် ဘက် ကြိမ်း မောင်း သံ ပြု ကြ သည် ဟု၊ ယေ ရု ရှ လင် မြို့ ကို ရည် လျက်၊ လူ မျိုး ခြား တို့ အား ဖော် ပြ ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ပြည်​ပြည်​တို့၌ သ​တင်း​ကြား​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို​ရည်​မှတ်၍ ကြွေး​ကြော်​ကြ​လော့။ ကင်း​စောင့်​တို့​သည် ဝေး​သော​ပြည်​က လာ၍၊ ယု​ဒ​မြို့​များ​တစ်​ဖက်၌ ထူး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 4:16
18 ပူးပေါင်းရင်းမြစ်များ  

အို တိုင်းနိုင်ငံ​တို့​၊ ချဉ်းကပ်​၍ နားထောင်​ကြ​လော့​။ အို လူမျိုး​တို့​၊ အာရုံစိုက်​နားထောင်​ကြ​လော့​။ မြေကြီး​နှင့် မြေကြီး​ပေါ်​ရှိသမျှ​တို့ ကြား​ကြ​ပါစေ​။ ကမ္ဘာလောက​နှင့် ကမ္ဘာလောက​ထဲ၌ ရှိသမျှ​တို့​ကြား​ကြ​ပါစေ​။


ထိုအခါ ပရောဖက်​ဟေရှာယ​သည် ဟေဇကိ​မင်းကြီး​ထံသို့​လာ​ပြီး “​ထို​သူ​တို့​သည် မည်သည့်​အကြောင်း​ကို ပြောဆို​ကြ​သနည်း​။ မည်သည့်​အရပ်​မှ လာ​ကြ​သနည်း​”​ဟု မေး​လျှင် ဟေဇကိ​မင်းကြီး​က “​သူ​တို့​သည် ဝေးလံ​သော​အရပ် ဘေဘီလုံ​မြို့​မှ လာ​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။


အကြောင်းမူကား ငါ​သည် မြောက်ဘက်​တိုင်းနိုင်ငံ​များ​ရှိ လူမျိုး​အပေါင်း​တို့​ကို ဆင့်ခေါ်​မည်”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “သူ​တို့​သည် ရောက်လာ​၍ ဂျေရုဆလင်​မြို့​တံခါး​ဝ​များ​တွင် ရာဇပလ္လင်​ကို အသီးသီး​တည်​ကြ​မည်​။ မြို့ရိုး​အားလုံး​ကို​ဝိုင်းရံ​ထား​၍ ယုဒ​မြို့​အားလုံး​ကို တိုက်ခိုက်​ကြ​မည်​။


ထာဝရဘုရား​က “ဤ​ပြည်​ရှိ လူ​အယုတ်အမြတ်​၊ အကြီး​အငယ်​မ​ရွေး သေ​ကြ​ရ​မည်​။ သို့သော် သင်္ဂြိုဟ်​ခံရ​မည်​မ​ဟုတ်​။ သူ​တို့​အတွက် ငိုကြွေးမြည်တမ်း​မည့်​သူ​၊ ကိုယ့်​အသား​ကို ကိုယ်​မွှမ်း​မည့်​သူ​၊ ခေါင်းတုံးတုံး​မည့်​သူ ရှိ​မည်​မ​ဟုတ်​။


သူ့​ကို ခြင်္သေ့ပျို​တို့ ဟိန်းဟောက်​ကြ​ပြီ​၊ မာန်ဖီ​ကြ​ပြီ​။ သူ​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်စေ​ကြ​ပြီ​။ သူ​၏​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​၍ နေထိုင်​သူ​မ​ရှိ​တော့​ပြီ​။


အို လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ဝေး​သော​အရပ်​ရှိ ကမ်းရိုးတန်းဒေသ​တို့​တွင် ကြွေးကြော်​ကြ​လော့​။ “​အစ္စရေး​လူမျိုး​ကို ကွဲလွင့်​စေ​သော​အရှင်​သည် အစ္စရေး​လူမျိုး​ကို ပြန်စုသိမ်း​မည်​။ သိုးထိန်း​သည် မိမိ​၏​သိုးစု​ကို​စောင့်ထိန်း​သကဲ့သို့ သူ​တို့​ကို စောင့်ထိန်း​တော်မူ​မည်​”​ဟု ပြောကြား​ကြ​လော့​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ ကိုး​နှစ်​၊ ဒသမ​လ​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​သည် ချီတက်​လာ​၍ ဂျေရုဆလင်​မြို့​ကို ဝိုင်းရံ​ထား​လေ​၏​။


လယ်​စောင့်​များ​ကဲ့သို့ သူ​တို့​သည် ယုဒ​ပြည်​ကို​ဝိုင်းရံ​ထား​ကြ​ပြီ​။ အကြောင်းမူကား ယုဒ​ပြည်​သည် ငါ့​ကို​ပုန်ကန်​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “အို အစ္စရေး​လူမျိုး​၊ ကြည့်ရှု​လော့​။ ဝေး​သော​အရပ်​မှ လူမျိုးခြား​တစ်မျိုး​ကို သင့်​ထံ ငါ​ခေါ်ဆောင်​လာ​မည်​။ ထို​လူမျိုး​သည် အားကြီး​သော​လူမျိုး​၊ ရှေးကာလ​ကပင် ရှိ​နှင့်​သော​လူမျိုး​၊ သူ​တို့​ဘာသာစကား​ကို သင်​မ​သိ​၊ သူ​တို့​ပြော​သော​စကား​ကို သင်​နား​မ​လည်​သော လူမျိုး​ဖြစ်​၏​။


ထို့ကြောင့် တော​ထဲမှ​ခြင်္သေ့​သည် သူ​တို့​ကို တိုက်ခိုက်​လိမ့်မည်​။ သဲကန္တာရ​မှ​ဝံပုလွေ​သည် သူ​တို့​ကို​ဖျက်ဆီး​လိမ့်မည်​။ ကျားသစ်​သည် သူ​တို့​၏​မြို့​များ​ကို ချောင်းမြောင်း​လိမ့်မည်​။ မြို့​ထဲမှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် တစ်စစီကိုက်ဖြတ်​ခြင်း​ခံရ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​ကျူးလွန်​သော​အပြစ်​သည် များပြား​၏​။ သူ​တို့​၏​ဖောက်ပြန်သွေဖည်မှု​သည် မရေမတွက်​နိုင်​။


ထာဝရဘုရား​က “ ‘ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ​။ ဗေလ​ဘုရား အရှက်ကွဲ​လေ​ပြီ​။ မေရောဒပ်​ဘုရား ကြောက်လန့်​လေ​ပြီ​။ ဘေဘီလုံ​ရုပ်တု​တို့ အရှက်ကွဲ​လေ​ပြီ​။ ဆင်းတု​တို့ ကြောက်လန့်​လေ​ပြီ​’​ဟု ကြွေးကြော်​ကြေညာ​လော့​။ အချက်ပြအလံ​ကို လွှင့်ထူ​ပြီး မကွယ်မဝှက်​ဘဲ လူမျိုးတကာ​တို့​အား ပြောကြား​ကြ​လော့​။


ထို့ကြောင့် အို လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ အို လူအစုအဝေး​တို့​၊ သူ​တို့​၌​ဖြစ်လာ​မည့်​အရာ​ကို စောင့်ကြည့်​ကြ​လော့​။


အို ကမ္ဘာမြေကြီး​၊ နားထောင်​လော့​။ ဤ​လူမျိုး​သည် ငါ့​စကား​ကို အာရုံ​မ​စိုက်​။ ငါ​၏​ပညတ်တရား​ကို​လည်း ငြင်းပယ်​ကြ​သောကြောင့် ငါ​သည် သူ​တို့​ထံသို့ သူ​တို့​အကြံအစည်​၏​အကျိုးဆက်​ဖြစ်​သည့် ဘေးအန္တရာယ်​ကို ယူဆောင်​လာ​မည်​။


ထာဝရဘုရား​က “​မြောက်​အရပ်​မှ လူမျိုး​တစ်​မျိုး​ရောက်လာ​မည်​။ မြေကြီး​စွန်း​မှ လူမျိုး​ကြီး​တစ်​မျိုး ထကြွ​မည်​။


သူ​တို့​သည် လေး​နှင့်​လှံ​ကို​စွဲကိုင်​သော​လူမျိုး​၊ ရက်စက်ကြမ်းကြုတ်​သော​လူမျိုး​၊ ကရုဏာ​ကင်း​သော​လူမျိုး​ဖြစ်​၏​။ သူ​တို့​၏​အသံ​သည် သမုဒ္ဒရာ​မြည်ဟိန်းသံ​ကဲ့သို့​ဖြစ်​၏​။ အို ဇိအုန်​သမီးပျို​၊ ထို​သူ​တို့​သည် မြင်း​ကို​စီး​၍ စစ်သူရဲ​ကဲ့သို့​စစ်ခင်းကျင်း​ပြီး သင့်​ကို​လာ​တိုက်​နေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


“ဇိအုန်​မြို့​၌ ထာဝရဘုရား မ​ရှိ​သလော​။ ထို​မြို့​၌​ရှင်ဘုရင် မ​ရှိ​သလော ဟူ၍​ဝေးလံ​သော​ပြည်​မှ ငါ့​လူမျိုး​သမီးပျို​၏​အော်ဟစ်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တုဆင်းတု​များ​၊ တိုင်းတစ်ပါးသား​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့် သူ​တို့​သည် ငါ့​ကို အဘယ်ကြောင့် အမျက်ထွက်​စေ​ကြ​သနည်း​။”


ဂျေရုဆလင်​မြို့​သို့​သွား​၍ တုံးမောင်း​ကို​ချထား​ရန်​၊ သတ်မိန့်​ပေး​ရန်​၊ စစ်ငြာသံ​ပေး​ရန်​၊ တုံးမောင်း​ကို​ချထား​ပြီး မြို့​တံခါး​ကို ဖြိုဖျက်​ရန်​၊ မြေကတုတ်​များ​နှင့် ခံတပ်​များ​ကို တည်ဆောက်​ရန် သူ​၏​လက်ယာ​လက်​ထဲသို့ မဲကျ​၏​။