ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ယေရမိ 38:18 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ သွား၍အညံ့မခံလျှင် ဤမြို့သည် ခါလဒဲလူမျိုးတို့လက်သို့ ကျရောက်လိမ့်မည်။ သူတို့သည်လည်း ဤမြို့ကို မီးရှို့ကြလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု လျှောက်ဆိုလေ၏။ Common Language Bible သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။ Garrad Bible ဗာ ဗု လုန် ဘု ရင်၏ မှူး မတ် တို့ ထံ မ ထွက် မ သွား နေ လျှင် မူ ကား၊ သူ တို့ လက် မှ သင် မ လွတ် မ မြောက် ဘဲ၊ ဤ မြို့ လည်း၊ မီး တိုက် မည့် ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ ရောက် မည့် အ ကြောင်း၊ မိန့် တော် မူ သည် ဟု ဆင့် ဆို သည့် ကာ လ၊ Judson Bible သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲလူတို့လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့် မလွတ်ရဟု ဇေဒကိကိုလျှောက်ဆို၏။ |
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
အကြောင်းမူကား ဤမြို့ကို အကောင်းမဟုတ် အဆိုးအတွက် ငါထားထား၏။ ဘေဘီလုံဘုရင်လက်သို့အပ်သဖြင့် သူသည် မီးရှို့ပစ်လိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
ခါလဒဲတပ်သည်လည်း ပြန်လာ၍ ဤမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ကြလိမ့်မည်’ဟု မိန့်တော်မူပြီ။
သင့်မိဖုရားနှင့် သားတော်၊ သမီးတော် အားလုံးကို ခါလဒဲစစ်သည်တို့ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ ရောက်ရလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းခံရလိမ့်မည်’ဟူ၍ ဖော်ပြတော်မူပြီ”ဟု လျှောက်ဆို၏။
စင်စစ် ဤမြို့သည် ဘေဘီလုံဘုရင်၏စစ်တပ်ကြီးလက်သို့ ရောက်ရလိမ့်မည်။ ဤမြို့ကို သူတို့သိမ်းပိုက်လိမ့်မည်”ဟူ၍လည်း ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။
ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။
ထိုမင်းကို ပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ခါလဒဲပြည်၊ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ထိုမြို့ကို သူမြင်ခွင့်ရမည်မဟုတ်။ ထိုမြို့တွင်ပင် သူသေရလိမ့်မည်။
ထိုအခါ ယုဒဘုရင်သည် ဘေဘီလုံဘုရင်ကို ပုန်ကန်ရန် အီဂျစ်ပြည်သို့ တမန်ကိုစေလွှတ်၍ မြင်းနှင့်စစ်သည်အမြောက်အမြားကို စစ်ကူတောင်း၏။ သူ့အကြံ အထမြောက်မည်လော။ ဤသို့ပြုခြင်းဖြင့် သူသည် ဘေးလွတ်မည်လော။ ပဋိညာဉ်ကို ချိုးဖောက်ပြီးမှ သူသည် ဘေးလွတ်မည်လော’ဟု ဆင့်ဆိုလော့။