မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
ယေရမိ 38:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဇေဒကိမင်းကြီးက ယေရမိအား “ငါတို့အား ဇီဝအသက်ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်ကိုငါမသတ်။ သင့်အသက်ကို ရန်ရှာသောသူတို့လက်သို့ သင့်ကိုငါမအပ်”ဟု တိတ်တဆိတ်ကျိန်ဆိုလေ၏။ Common Language Bible သို့ဖြစ်၍ဇေဒကိမင်းသည်ငါ့အား``ငါတို့ ကိုဖန်ဆင်းတော်မူသောထာဝရဘုရားသည် အသက်ရှင်တော်မူသည့်အတိုင်း ငါသည်သင့် အားသတ်မည်မဟုတ်။ သင့်ကိုသတ်လိုသူတို့ ၏လက်သို့လည်းပေးအပ်မည်မဟုတ်'' ဟု လျှို့ဝှက်စွာကတိပေးတော်မူ၏။ Garrad Bible ဇေ ဒ ကိ မင်း က၊ ငါ တို့ အ သက် ဝိ ညာဉ် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ၏ အ သက် တော် အ တိုင်း၊ သေ ဒဏ် ခတ် ခြင်း၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ တို့ လက် တွင်း သို့ အပ် နှင်း ခြင်း များ ကို ငါ မ ပြု ဟု၊ ယေ ရ မိ အား တိတ် တ ဆိတ် သ စ္စာ ဆို လျှင်၊ Judson Bible ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင်သောသတ္တဝါဖြစ်စေခြင်းငှာ ဖန်ဆင်းသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကိုငါမသတ်။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါမအပ်ဟု ယေရမိအား တိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။ |
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။
သူတို့အသက်ကို ရန်ရှာသောသူတို့၏ရန်သူတို့လက်သို့ ငါအပ်မည်။ အလောင်းကောင်တို့သည် ကောင်းကင်ငှက်၊ မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်။
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
အစ္စရေးလူမျိုးနှင့်ပတ်သက်သော ထာဝရဘုရား၏ဗျာဒိတ်စကား။ မိုးကောင်းကင်ကို ဖြန့်ကြက်၍ မြေကြီးအုတ်မြစ်ကိုတည်ပြီးလျှင် လူ့အထဲ၌ အသက်ဝိညာဉ်ကို ပုံဖော်ဖန်ဆင်းပေးတော်မူသောထာဝရဘုရားက
ထိုအခါ မောရှေနှင့်အာရုန်သည် ပျပ်ဝပ်လျက် “လူသားအားလုံး၏အသက်ဝိညာဉ်ကို ပိုင်တော်မူသော အို ဘုရားသခင်၊ လူတစ်ယောက်၏ပြစ်မှားမှုကြောင့် လူထုအပေါင်းကို အမျက်ထွက်တော်မူမည်လော”ဟု လျှောက်ကြ၏။
“လူသားအပေါင်းတို့၏အသက်ဝိညာဉ်ကိုပိုင်တော်မူသောဘုရားသခင် ထာဝရဘုရားသည် ဤလူထုကိုအုပ်စိုးရန် လူတစ်ယောက်ကိုခန့်ထားတော်မူပါစေသော။
သူသည် ညအခါ ယေရှုထံသို့လာ၍ “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အတူပါရှိတော်မမူလျှင် ကိုယ်တော်ပြုနေသော ဤနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
ကိုယ်တော်သည် အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတို့ကို လူအပေါင်းတို့အား ပေးတော်မူသည်ဖြစ်၍ တစ်စုံတစ်ခုကိုလိုအပ်သည့်အလား လူ့လက်ဖြင့်ပြုစုခြင်းကို ခံတော်မူသည်မဟုတ်။
အကြောင်းမူကား သင်တို့ထဲမှ ကဗျာဆရာအချို့တို့က ‘စင်စစ်ဆိုသော် ငါတို့သည်ကား ကိုယ်တော့်အမျိုးအနွယ် ဖြစ်ကြကုန်၏’ဟု စပ်ဆိုထားသည့်အတိုင်း ငါတို့သည် ကိုယ်တော်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။
ထို့ပြင် ငါတို့တွင် ဆုံးမပဲ့ပြင်ပေးသောလူသားဖခင်ရှိ၍ သူတို့ကို ငါတို့ရိုသေလေးစားကြသည်ဆိုလျှင် ဝိညာဉ်ရေးဆိုင်ရာဖခင်ကို ပို၍ပင် နာခံရမည်မဟုတ်လော။ ထိုအခါ ငါတို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။