“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
ယေရမိ 36:18 - မြန်မာ့စံမီသမ္မာကျမ်း ဗာရုတ်ကလည်း “ဤစကားအလုံးစုံတို့ကို သူ့နှုတ်မှခေါ်ပေး၍ အကျွန်ုပ်က မင်ဖြင့် စာလိပ်ပေါ်တွင် ရေးမှတ်ပါသည်”ဟု ပြန်ဖြေ၏။ Common Language Bible ဗာရုတ်သည်လည်း၊``ဤစကားအလုံးစုံကို ယေရမိကနှုတ်တိုက်ချပေး၍ အကျွန်ုပ်က မင်နှင့်စာလိပ်ပေါ်တွင်ရေးချပါသည်'' ဟု ပြန်လည်ဖြေကြား၏။ Garrad Bible ဗာ ရုတ် က၊ ကျွန် တော် သည် ပ ရော ဖက် နှုတ် မြွက် ဆင့် ဆို သ မျှ ဤ အ ချက် များ ကို မင် ဖြင့် ကျမ်း ဂန် ရေး သား ပါ ပြီ ဟု ပြန် လျှောက် သော်၊ Judson Bible ဗာရုတ်က၊ သူသည် ဤစကားအလုံးစုံတို့ကို နှုတ်မြွက်၍၊ အကျွန်ုပ်သည် မင်နှင့် ရေးထားပါ၏ဟု ပြန်ပြောသော်၊ |
“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
ယေရမိနှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်ထားသောစကားတော်ပါ စာလိပ်ကို ရှင်ဘုရင်မီးရှို့ပြီးနောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
ထို့နောက် ယေရမိသည် စာလိပ်နောက်တစ်လိပ်ကိုယူ၍ နေရိ၏သား စာရေးတော်ကြီးဗာရုတ်အား ပေးလေ၏။ ယုဒဘုရင်ယောယကိမ်မင်းကြီး မီးရှို့ပစ်သောစာလိပ်၌ပါသည့်စကားအတိုင်း ယေရမိသည် နှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်လေ၏။ ထိုသို့သော နှုတ်ထွက်စကားများစွာကိုလည်း ထပ်၍ဖြည့်စွက်ခေါ်ပေးသေး၏။
ထိုအခါ ယေရမိသည် နေရိ၏သား ဗာရုတ်ကိုခေါ်ပြီး ထာဝရဘုရားမိန့်တော်မူသောစကားအလုံးစုံတို့ကို နှုတ်မှခေါ်ပေး၍ ဗာရုတ်သည် စာလိပ်တစ်လိပ်ပေါ်တွင် ရေးမှတ်လေ၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံစတုတ္ထနှစ်၌ နေရိ၏သားဗာရုတ်သည် ယေရမိနှုတ်မှခေါ်ပေးသည့်နှုတ်ကပတ်တော်များကို စာလိပ်ပေါ်၌ရေးသားပြီးသည့်နောက် ပရောဖက်ယေရမိက