ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
ယေရမိ 35:1 - မြန်မာ့စံမီသမ္မာကျမ်း ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးအုပ်စိုးချိန်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍ Common Language Bible ယုဒဘုရင်ယောရှိ၏သား ယောယကိမ်မင်း လက်ထက်၌ထာဝရဘုရားသည်ငါ့အား၊- Garrad Bible ရေ ခပ် အ နွယ် သား တို့ နေ ရာ သို့ သွား၍ နှုတ် ဆက် ပြီး လျှင်၊ ဗိ မာန် တော် ရှိ အ ခန်း တစ် ခန်း အ တွင်း ခေါ်၍ စပျစ် ရည် ကို တိုက် လော့ ဟု၊ ယော ရှိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ယ ကိမ် မင်း လက် ထက်၊ ငါ ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် အ တိုင်း။ Judson Bible ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်းလက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ |
ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
ယောယကိမ်မင်းကြီးသည် ဖာရောနေခေါမင်းကြီးကို ရွှေငွေများ ဆက်သရ၏။ သူသည် ဖာရောမင်းကြီးအမိန့်ဖြင့် ဆက်သရသောအခွန်ငွေများကို ပြည်သူပြည်သားများထံ ကောက်ခံ၏။ ဖာရောနေခေါမင်းကြီးထံ ဆက်သရမည့် ရွှေငွေများကို နှုန်းထားသတ်မှတ်၍ ပြည်သူပြည်သားများထံ အဓမ္မကောက်ခံ၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးလက်ထက်နှင့် ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်၊ ပဉ္စမလ ဂျေရုဆလင်မြို့သားတို့ ဖမ်းခေါ်သွားခြင်းခံရသည့်အချိန်ထိ ယေရမိထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံလေးနှစ်၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနန်းစံ ပထမနှစ်တွင် ယုဒပြည်သူပြည်သားအားလုံးနှင့်ပတ်သက်၍ ယေရမိထံသို့ရောက်လာသော နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းတက်စ၌ ထာဝရဘုရားထံတော်မှ ဤနှုတ်ကပတ်တော်ရောက်လာ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမှစ၍ ယုဒပြည်၊ ဂျေရုဆလင်မြို့၌ရှိသောမှူးမတ်များအားလုံးကို ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားသောအခါ ထိုအသုံးအဆောင်တို့ကို မယူသွားဘဲချန်ထားခဲ့၏။
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
သင်သည် ယုဒဘုရင်ယောယကိမ်အား ‘သင်က ထိုစာလိပ်ပေါ်တွင် ဘေဘီလုံဘုရင်အမှန်လာ၍ ဤပြည်ကိုဖျက်ဆီးမည်။ ဤပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖယ်ရှားပစ်မည်ဟူ၍ အဘယ်ကြောင့် ရေးမှတ်သနည်းဟု ဆိုလျက် စာလိပ်ကို သင်မီးရှို့လေပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုရမည်။
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံငါးနှစ်၊ နဝမလတွင် ဂျေရုဆလင်မြို့သူမြို့သားအပေါင်းနှင့် ယုဒမြို့ရွာတို့မှ ဂျေရုဆလင်မြို့သို့ရောက်လာသောသူအပေါင်းတို့အား ထာဝရဘုရားရှေ့တော်၌ အစာရှောင်ကြရန် ကြေညာ၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်၊ ယူဖရေးတီးမြစ်နား ကာခေမိတ်အရပ်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စစ်ရှုံးခဲ့သော အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီး၏စစ်သည်နှင့်တကွ အီဂျစ်ပြည်သားတို့နှင့်ပတ်သက်၍
ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံတတိယနှစ်တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီတက်၍ မြို့ကိုဝိုင်းထား၏။