ပရောဖက်ယေရမိကလည်း ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးအား ဤစကားအလုံးစုံကို ဆင့်ဆိုလေ၏။
ထိုနောက်ဗာဗုလုန်ဘုရင်၏တပ်မတော် သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်နေ စဉ်ပရောဖက်ယေရမိသည် ထိုအကြောင်း အရာအလုံးစုံကိုဇေဒကိအားဆင့်ဆို ပြန်ကြား၏။ ဗာဗုလုန်တပ်မတော်သည် ယုဒပြည်ရှိခံတပ်မြို့များအနက် ကျန် ရှိသေးသည့်မြို့များဖြစ်သောလာခိရှ မြို့နှင့်အဇေကာမြို့တို့ကိုလည်းတိုက် ခိုက်လျက်နေသတည်း။
ယေ ရု ရှ လင် မြို့ မှ စ ၍ ယု ဒ ပြည် ရှိ ခံ မြို့ များ အ နက် ကျန် သေး သော လာ ခိ ရှ နှင့် အ ဇ ကာ မြို့ များ ကို ဗာဗု လုန် ဘု ရင်၏ အ လုံး အ ရင်း တိုက် ခိုက် နေ စဉ် ပင်၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း ထံ ယေ ရု ရှ လင် မြို့ တွင် ထို ဗျာဒိတ် ချက် ဟူ သ မျှ ကို ပ ရော ဖက် ယေ ရ မိ ဆင့် ဆို လေ ၏။
ဗာဗုလုန် ရှင်ဘုရင်၏ဗိုလ်ခြေတို့သည် ယေရုရှလင်မြို့ကိုလည်းကောင်း၊
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
ငါကလည်း “အို၊ ဘုရားရှင်ထာဝရဘုရား အကျွန်ုပ်သည် သူငယ်သာဖြစ်၍ မပြောမဆိုတတ်ပါ”ဟု ပြန်လျှောက်၏။
ထာဝရဘုရားသည် လက်တော်ကိုဆန့်၍ ငါ၏နှုတ်ကိုတို့တော်မူ၏။ ထို့နောက် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏နှုတ်ကပတ်တော်ကို သင့်နှုတ်၌ ငါထားပြီ။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါ့စကားကို သူတို့အား ပြောပြရမည်။
အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။
ထို့ကြောင့် ရှမွေလသည် မိန့်တော်မူသောအရာအားလုံးကို မထိမ်ဝှက်ဘဲ သူ့အား ပြောပြလေ၏။ ထိုအခါ ဧလိက “ဤသည်ကား ထာဝရဘုရားမိန့်တော်မူသောအမှုဖြစ်၏။ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။