သမ္မာတရား၊ နှိမ့်ချခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့်ဆိုင်သောအရေးကိစ္စအတွက် ကိုယ်တော်၏ဘုန်းအာနုဘော်ကိုဆောင်လျက် အောင်မြင်စွာစီးနင်းကြွမြန်းတော်မူပါ။ ကိုယ်တော်၏လက်ယာလက်တော်သည် အံ့ဩဖွယ်အမှုတို့ကို ကိုယ်တော်အားပြသပါစေသော။
ယေရမိ 33:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ ထိုအချိန်၌ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးထဲမှ ငါပေါ်ထွက်စေမည်။ သူသည် မြေကြီးပေါ်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မည်။ Common Language Bible ထိုနေ့ရက်ကာလ၌ဒါဝိဒ်၏သားမြေး အစစ်အမှန်တစ်ဦးကိုပေါ်ထွန်းစေမည်။ သူသည်လည်းတိုင်းနိုင်ငံတစ်ခုလုံးတွင် မျှတဖြောင့်မှန်သည့်အမှုတို့ကိုပြုလိမ့် မည်။- Garrad Bible ထို နေ့ ရက် ကာ လ ပြည် တော် တွင် တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် မည့်၊ ဖြောင့် မတ် သော အ ညှောက် ကို ဒါ ဝိဒ် မင်း အ ဆက် ၌ ငါ ပေါက် စေ မည်။ Judson Bible ထိုကာလအခါ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေ၍၊ သူသည် မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။ |
သမ္မာတရား၊ နှိမ့်ချခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့်ဆိုင်သောအရေးကိစ္စအတွက် ကိုယ်တော်၏ဘုန်းအာနုဘော်ကိုဆောင်လျက် အောင်မြင်စွာစီးနင်းကြွမြန်းတော်မူပါ။ ကိုယ်တော်၏လက်ယာလက်တော်သည် အံ့ဩဖွယ်အမှုတို့ကို ကိုယ်တော်အားပြသပါစေသော။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ဘုရားသခင်တည်းဟူသော ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။
ထိုနေ့ရက်၌ ထာဝရဘုရား၏အကိုင်းသည် လှပ၍ဘုန်းအသရေရှိမည်။ မြေ၏အသီးအနှံသည်လည်း အသက်ဘေးလွတ်သောအစ္စရေးလူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်လိမ့်မည်။
ထာဝရဘုရားသည် မိမိ၏ဖြောင့်မတ်ခြင်းအတွက် ကျေနပ်အားရတော်မူ၏။ ကိုယ်တော်သည် ပညတ်တရားကို ကြီးမြတ်စေတော်မူ၏။ အထွတ်အမြတ်ဖြစ်စေတော်မူ၏။
အကြောင်းမှာ သူသည် နုနယ်သောအပင်ကဲ့သို့၊ ခြောက်သွေ့သောမြေမှ အမြစ်ကဲ့သို့ ကိုယ်တော်၏ရှေ့တော်၌ ရှင်သန်၏။ သူသည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်မရှိ။ ခန့်ညားထည်ဝါမှုလည်းမရှိ။ နှစ်သက်ဖွယ် ရုပ်ရည်လည်းမရှိ။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံတော်မူသောရှင်ဘုရင်နှင့် မင်းညီမင်းသားတို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အကြီးအကဲများ၊ ယုဒပြည်သူဂျေရုဆလင်မြို့သားများပါလျက် ဤမြို့တံခါးကို ဖြတ်၍ဝင်ရလိမ့်မည်။ ဤပြည်၌ အစဉ်နေထိုင်ရလိမ့်မည်။
သူတို့၏ဘုရားသခင် ငါထာဝရဘုရားနှင့် သူတို့အတွက် ငါပေါ်ထွန်းစေမည့် သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကိုအစေခံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့ကိုတွေ့သူတိုင်း သူတို့ကိုဝါးမျိုကြပြီ။ သူတို့၏ရန်သူတို့က ‘ငါတို့၌အပြစ်မရှိ။ အကြောင်းမူကား သူတို့၏စစ်မှန်သောခိုလှုံရာထာဝရဘုရား၊ သူတို့ဘိုးဘေးတို့၏မျှော်လင့်ရာထာဝရဘုရားကို သူတို့ပြစ်မှားကြပြီ’ဟု ဆိုကြလေပြီ။
အို ယဇ်ပုရောဟိတ်မင်းယောရှု၊ နားထောင်လော့။ သင်နှင့်အတူ သင့်ရှေ့တွင်ထိုင်သောသင့်အပေါင်းပါတို့လည်း နားထောင်ကြလော့။ အကြောင်းမူကား သူတို့သည် နိမိတ်လက္ခဏာနှင့်ဆိုင်သောလူများ ဖြစ်ကြ၏။ ကြည့်ရှုလော့။ ငါ့အစေအပါးဖြစ်သည့် အတက်ကို ငါထွက်လာစေမည်။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။