ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်ခဲ့သော ဤအရပ်ရှိမြို့ရွာအားလုံးတွင် သိုးထိန်းတို့ သိုးများကိုထိန်းကျောင်းရာ စားကျက်မြေရှိလာလိမ့်မည်’ဟု မိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
တစ် ဖန်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား က၊ လူ သူ တိ ရ စ္ဆာန် မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် သော ဤ ပြည်၌ လည်း ကောင်း၊ မြို့ ရွာ ရှိ သ မျှ ၌ လည်း ကောင်း၊ သိုး အုပ် များ ကို ဝပ် စေ သော အ ထိန်း အ ကျောင်း တို့ ၏ နေ ရာ များ ဖြစ် ပြန် သည့် ပြင်၊ ခင် တန်း၊ ချိုင့် ဝှမ်း ရာ နေ ဂပ် အ ရပ် များ ရှိ မြို့ ရွာ၊
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံသော ဤအရပ်တွင်၊ မြို့ရွာရှိသမျှတို့၌ သိုးစုကိုထိန်းသော သိုးထိန်းနေရာရှိလေဦးမည်။
အကျွန်ုပ်ချစ်မြတ်နိုးရသောအရှင်၊ သိုးတို့ကို အဘယ်မှာ ထိန်းကျောင်းသနည်း။ မွန်းတည့်သောအခါ အဘယ်မှာလဲလျောင်းနားနေစေသနည်း။ အကျွန်ုပ်ကို ပြောပြပါ။ အဘယ်ကြောင့် အရှင့်မိတ်ဆွေတို့၏ သိုးအုပ်များကြားတွင် အကျွန်ုပ်သည် ပုန်းလျှိုးကွယ်လျှိုးနေရပါမည်နည်း။”
ငါ့ကိုရှာဖွေသော ငါ၏လူတို့အတွက် ရှာရုန်လွင်ပြင်သည် သိုးစားကျက်ဖြစ်မည်။ အာခေါ်ချိုင့်ဝှမ်းသည် နွားအုပ် လဲလျောင်းရာအရပ်ဖြစ်မည်။
သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ ဗင်္ယာမိန်ပြည်၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်မှ ရောက်လာကြလိမ့်မည်။ သူတို့သည် မီးရှို့ရာယဇ်၊ ယဇ်ကောင်များ၊ ဘောဇဉ်ပူဇော်သက္ကာ၊ လော်ဗန်နှင့်တကွ ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာကြလိမ့်မည်။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
ယုဒပြည်၊ ယုဒမြို့ရွာအားလုံးတွင် လယ်လုပ်သူများ၊ သိုးအုပ်ကို ထိန်းကျောင်းသူများ အတူတကွနေထိုင်ကြလိမ့်မည်။
အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက နောင်တွင် ဤပြည်၌ အိမ်များ၊ လယ်ယာများ၊ စပျစ်ခြံများကို ဝယ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ငါပြော၏။
သင်သည် ယုဒဘုရင်ယောယကိမ်အား ‘သင်က ထိုစာလိပ်ပေါ်တွင် ဘေဘီလုံဘုရင်အမှန်လာ၍ ဤပြည်ကိုဖျက်ဆီးမည်။ ဤပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖယ်ရှားပစ်မည်ဟူ၍ အဘယ်ကြောင့် ရေးမှတ်သနည်းဟု ဆိုလျက် စာလိပ်ကို သင်မီးရှို့လေပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုရမည်။
ငါ့လူမျိုးတော်သည် ပျောက်သောသိုးဖြစ်ကြပြီ။ သူတို့ကိုထိန်းကျောင်းသောသိုးထိန်းတို့သည် သူတို့ကိုလမ်းလွဲစေပြီ။ တောင်များပေါ်တွင် တလည်လည်ဖြစ်စေပြီ။ သူတို့၏နားနေရာကို မမှတ်မိတော့ဘဲ တစ်တောင်မှတစ်တောင် တစ်ကုန်းမှတစ်ကုန်းသို့ လှည့်လည်သွားလာနေရလေပြီ။
‘အို ထာဝရဘုရား၊ ကိုယ်တော်က ဤအရပ်ကို ငါဖျက်ဆီးပစ်မည်။ နေထိုင်သူမရှိ။ လူမှစ၍ တိရစ္ဆာန်လည်းမရှိ။ လူသူကင်းမဲ့ရာအရပ် အစဉ်ဖြစ်စေမည်ဟု ဤအရပ်နှင့်ပတ်သက်၍ မိန့်တော်မူခဲ့ပြီ’ဟူ၍ လျှောက်ဆိုရမည်။
သူတို့က လူသူကင်းမဲ့ခဲ့သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်လာပြီ။ ဖျက်ဆီးခံရသဖြင့် ဆိတ်ညံ၍ လူသူကင်းမဲ့သောမြို့များသည်လည်း လူနေထိုင်ရာခိုင်ခံ့သောမြို့များဖြစ်လာပြီဟု ပြောဆိုကြလိမ့်မည်။
“ဤအိမ်တော် ပျက်စီးနေချိန်တွင် သင်တို့ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရသလော။