ကိုယ်တော်သည် စပျစ်ပင်တစ်ပင်ကို အီဂျစ်ပြည်မှဆောင်ယူခဲ့၍ လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင် ၎င်းကို စိုက်ပျိုးတော်မူ၏။
ယေရမိ 32:41 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကို ကောင်းစားစေရာ၌ ငါနှစ်သက်အားရမည်။ ငါသည် စိတ်စေတနာအပြည့်အဝ၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် သူတို့ကို ဤပြည်ထဲ၌ အခိုင်အမာနေရာချထားမည်’ဟု မိန့်တော်မူ၏။ Common Language Bible သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။ Garrad Bible ရွှင် လန်း စွာ ကျေး ဇူး ပြု၍၊ စိတ် ဝိ ညာဉ် အ ကြွင်း မဲ့ သ စ္စာ တော် စောင့် လျက်၊ ဤ ပြည် တွင် စိုက် ပျိုး မည် ဟု မိန့် ဆို၏။ Judson Bible သူတို့အား ကျေးဇူးပြုခြင်းအမှု၌ ငါသည် အားရဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နာမ်ဝိညာဉ် အကြွင်းမဲ့ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။ |
ကိုယ်တော်သည် စပျစ်ပင်တစ်ပင်ကို အီဂျစ်ပြည်မှဆောင်ယူခဲ့၍ လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင် ၎င်းကို စိုက်ပျိုးတော်မူ၏။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။
လူပျိုသည် အပျိုကညာနှင့်လက်ထပ်သကဲ့သို့ သင်၏သားတို့သည် သင်နှင့်လက်ထပ်လိမ့်မည်။ သတို့သားသည် သတို့သမီးကြောင့် ဝမ်းမြောက်ပျော်ရွှင်ရသကဲ့သို့ သင်၏ဘုရားသခင်သည် သင့်ကြောင့် ဝမ်းမြောက်ပျော်ရွှင်တော်မူလိမ့်မည်။
ငါသည်လည်း ဂျေရုဆလင်မြို့ကြောင့် ရွှင်လန်းမည်။ ငါ၏လူတို့ကြောင့် ဝမ်းမြောက်မည်။ ထိုမြို့၌ ငိုကြွေးသံ၊ အော်ဟစ်သံကို ကြားရတော့မည်မဟုတ်။
ငါသည် လူမျိုးတစ်မျိုး၊ တိုင်းနိုင်ငံတစ်နိုင်ငံကို တစ်ခဏအတွင်း တည်ထောင်ပြုစုနိုင်သည်ဟု ငါမိန့်ဆိုခဲ့ပြီ။
သူတို့ကောင်းကျိုးအတွက် သူတို့ကို ငါကြည့်ရှုမည်။ သူတို့ကို ဤပြည်သို့ပြန်ခေါ်လာမည်။ မဖြိုဖျက်ဘဲ တည်ဆောက်မည်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမည်။
ထာဝရဘုရားက “ငါသည် သူတို့ကို နုတ်ပယ်ဖြိုချမှောက်လှန်ဖျက်ဆီးပြီး ဒုက္ခရောက်စေဖို့ စောင့်ကြည့်သကဲ့သို့ တည်ထောင်ပြုစုဖို့ စောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။
ငါထာဝရဘုရားသည် ဖျက်ဆီးခံရသောမြို့တို့ကို ပြန်လည်တည်ဆောက်သောဘုရား၊ လူသူကင်းမဲ့သောအရပ်တို့ကို ပြန်လည်သက်ဝင်စေသောဘုရားဖြစ်ကြောင်း သင့်ဝန်းကျင်ရှိအခြားတိုင်းပြည်တို့ သိကြလိမ့်မည်။ ငါထာဝရဘုရား မိန့်ဆိုသည့်အတိုင်း ပြုမည်’ဟု မိန့်တော်မူ၏။
ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။
သူတို့ကို နေရင်းပြည်၌ စိုက်ထားမည်။ ငါပေးသောပြည်မှ သူတို့ ဆွဲနုတ်ခြင်းခံရတော့မည်မဟုတ်”ဟု သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်တွင်ရှိ၍ အားကြီးသောအရှင်သည် သင့်ကို ကယ်တင်လိမ့်မည်။ ကိုယ်တော်သည် သင်နှင့်အတူ ဝမ်းမြောက်ရွှင်လန်းလိမ့်မည်။ ချစ်သောစိတ်ဖြင့် ငြိမ်ဝပ်စွာနေလိမ့်မည်။ သင်နှင့်အတူ ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်”ဟု ဆိုလိမ့်မည်။
ထာဝရဘုရားသည် သင့်ကိုကောင်းစားစေ၍ တိုးပွားစေရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင့်ကိုဖျက်ဆီး၍ သုတ်သင်ပယ်ရှင်းပစ်ရာ၌လည်း ထာဝရဘုရား ဝန်လေးတော်မူမည်မဟုတ်။ သင်သည် သင်ဝင်ရောက်သိမ်းပိုက်သည့်ပြည်ထဲမှ နုတ်ပယ်ခြင်းခံရလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌အောင်မြင်စေတော်မူမည့်အကြောင်း၊ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံကိုလည်း တိုးပွားစေတော်မူမည့်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုကောင်းစားစေတော်မူရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင်၌လည်း နှစ်သက်အားရတော်မူမည့်အကြောင်း