နံနက်အချိန်ထွက်သောနေအလင်း၊ မြေပေါ်မြက်နုပေါက်စေဖို့ မိုးရွာပြီးမှ မိုးသားကင်းစင်သွားသောနံနက်ခင်းအလင်းနှင့် တူ၏’ဟု မိန့်တော်မူ၏။
ယေရမိ 32:40 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကောင်းစားစေမည့်အကြောင်း ငါသည် သူတို့နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့သည် ငါ့ထံမှ မထွက်သွားမည့်အကြောင်း ငါ့ကိုကြောက်ရွံ့ရိုသေခြင်းသဘောကို သူတို့စိတ်နှလုံးထဲသို့ သွင်းပေးမည်။ Common Language Bible ငါသည်သူတို့နှင့်ထာဝရပဋိညာဉ်ပြုမည်။ သူတို့အားထာဝစဉ်ကောင်းကျိုးပေးမည်။ သူ တို့သည်အဘယ်အခါ၌မျှငါ့ကိုမစွန့် မပယ်စေကြစေရန် သူတို့၏နှလုံးတွင်ငါ့ ကိုကြောက်ရွံ့ရိုသေသောစိတ်သဘောကို ငါရရှိစေမည်။- Garrad Bible ကျေး ဇူး ပြု မည့် ထာ ဝ ရ ပ ဋိ ညာဉ် ဖွဲ့ ခြင်း၊ အ ထံ တော် မှ မ ဖောက် ပြန် ကြ စေ ရန်၊ ခန့် ညား သော စိတ် သ ဘော သွင်း ခြင်း များ ကို ပြု သည့် ပြင်၊ Judson Bible သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှာ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့သောသဘောနှင့် ပြည့်စုံစေမည်။ |
နံနက်အချိန်ထွက်သောနေအလင်း၊ မြေပေါ်မြက်နုပေါက်စေဖို့ မိုးရွာပြီးမှ မိုးသားကင်းစင်သွားသောနံနက်ခင်းအလင်းနှင့် တူ၏’ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ငါထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်၏။ မတရားလုယက်မှုကို မုန်းတီး၏။ ငါသည် သစ္စာတရားနှင့်အညီ သူတို့အား အကျိုးအပြစ်ကိုပေးမည်။ သူတို့နှင့်ထာဝရပဋိညာဉ်ဖွဲ့မည်။
ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိကျွမ်းသောစိတ်နှလုံးကို သူတို့အား ငါပေးမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ အကြောင်းမူကား သူတို့သည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာကြမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
‘လာကြ။ မပျက်ပြယ်နိုင်သောထာဝရပဋိညာဉ်ဖြင့် ထာဝရဘုရားနှင့်မိတ်သဟာယဖွဲ့ကြစို့’ဟု ဆိုလျက် ဇိအုန်မြို့ဘက်သို့လှည့်၍ ဇိအုန်မြို့သို့သွားသောလမ်းကို မေးမြန်းကြလိမ့်မည်။
သင်တို့အား စိတ်နှလုံးသစ်ကိုပေးမည်။ သင်တို့အထဲသို့ စိတ်သဘောသစ်ကို သွင်းပေးမည်။ သင်တို့ကိုယ်ခန္ဓာထဲမှ မာကျောသောကျောက်နှလုံးသားကို ဖယ်ရှား၍ အသားနှလုံးသားကိုပေးမည်။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သူတို့ကို မျက်နှာလွှဲတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လူမျိုးအပေါင်းတို့သည် မိမိတို့ဘုရားများ၏နာမ၌ အသီးသီးလိုက်လျှောက်ကြလိမ့်မည်။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားနာမတော်၌ ကာလအစဉ်အဆက်လိုက်လျှောက်ကြမည်။
အားယူ၍ရဲရင့်ခြင်းရှိကြလော့။ မကြောက်ကြနှင့်။ သူတို့ကြောင့် မထိတ်လန့်ကြနှင့်။ အကြောင်းမူကား သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူကြွတော်မူမည်။ သင်တို့ကို ပစ်ထားတော်မူမည်မဟုတ်။ သင်တို့ကို စွန့်ပစ်တော်မူမည်မဟုတ်”ဟု ဆိုလေ၏။
ထာဝရဘုရား ကိုယ်တော်တိုင် သင့်ရှေ့မှ ကြွတော်မူမည်။ သင်နှင့်အတူရှိမည်။ သင့်ကို ပစ်ထားတော်မူမည်မဟုတ်။ သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ မကြောက်နှင့်။ စိတ်မပျက်နှင့်”ဟု ပြောကြား၏။
ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည်
ထို့ကြောင့် ဘုရားသခင်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရမည့်ကတိတော်ရှိနေသေးလျက်နှင့် သင်တို့ထဲမှ မဝင်လိုက်ရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိထားကြကုန်စို့။
ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။