မနာရှေနန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။ မယ်တော်ကား ဟဇ္ဇိဘအမည်ရှိ၏။
ယေရမိ 32:34 - မြန်မာ့စံမီသမ္မာကျမ်း ငါ့နာမဖြင့်ခေါ်ဝေါ်သော ငါ့အိမ်တော်၌ ရွံရှာဖွယ်ရာများကိုထားရှိခြင်းဖြင့် ငါ့အိမ်တော်ကို ညစ်ညူးစေကြပြီ။ Common Language Bible သူတို့သည်ငါ၏နာမတော်ဖြင့်တည်ဆောက် ထားသည့်ဗိမာန်တော်တွင် ရွံရှာဖွယ်ကောင်း သောရုပ်တုများကိုထားရှိလျက်ညစ် ညမ်းစေကြ၏။- Garrad Bible ငါ့ နာ မ ဖြင့် သ မုတ် ခံ သော ဗိ မာန် တော် ကို ညစ် ညူး စေ လျက်၊ စက် ဆုပ် ဖွယ် ကိုယ့် ဘု ရား များ ကို သွင်း ထား ခြင်း ပြု ကြ သည့် ပြင်၊ ရွံ ရှာ ဖွယ် ဤ အ မှု ကို ပြု ကြ မည် ဟု၊ Judson Bible ငါ၏နာမဖြင့် သမုတ်သောဗိမာန်ကို ညစ်ညူးစေခြင်းငှာ၊ စက်ဆုပ်ရွံရှာဖွယ်သော အရာတို့ကို သွင်းထားကြပြီတကား၊ |
မနာရှေနန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။ မယ်တော်ကား ဟဇ္ဇိဘအမည်ရှိ၏။
အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း ထာဝရဘုရား၏အိမ်တော်ထဲမှ ဂျေရုဆလင်မြို့ပြင် ကေဒြုန်ချိုင့်ဝှမ်းသို့ ထုတ်လာ၏။ ထိုတံခွန်တိုင်ကို ကေဒြုန်ချိုင့်ဝှမ်း၌ မီးရှို့အမှုန့်ချေပစ်ပြီး ပြာများကို ပြည်သူပြည်သားတို့၏သင်္ချိုင်းပေါ်သို့ ကြဲချလေ၏။
တိုင်းတစ်ပါးဘုရားများနှင့် ရုပ်တုများကို ထာဝရဘုရား၏အိမ်တော်မှဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်တည်ရာတောင်ကုန်းပေါ်နှင့် ဂျေရုဆလင်မြို့ထဲရှိ သူတည်ဆောက်ခဲ့သောယဇ်ပလ္လင်ရှိသမျှတို့ကိုလည်း ဖယ်ရှား၍ မြို့ပြင်သို့ လွှင့်ပစ်ခဲ့၏။
ယဇ်ပုရောဟိတ်အကြီးအကဲအပေါင်းတို့နှင့် ပြည်သူပြည်သားတို့သည်လည်း လူမျိုးခြားတို့ပြုသည့်စက်ဆုပ်ရွံရှာဖွယ်အမှုများအတိုင်း ဖောက်ပြန်မှားယွင်းကြ၏။ ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားသန့်ရှင်းစေတော်မူခဲ့သောအိမ်တော်ကိုလည်း ညစ်ညူးစေကြ၏။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပယ်၍ ဤအရပ်ကို ညစ်ညမ်းစေပြီ။ သူတို့ကိုယ်တိုင်မသိ၊ ယုဒဘုရင်တို့လည်းမသိ၊ သူတို့၏ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြပြီ။ ဤအရပ်ကိုလည်း အပြစ်မဲ့သောသူတို့အားသတ်သောအပြစ်နှင့်ပြည့်စေပြီ။
“ပရောဖက်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် ညစ်ညူးကြပြီ။ ငါ့အိမ်တော်၌ပင် မကောင်းမှုပြုကြသည်ကို ငါမြင်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင့်ကိုချစ်ခင်သောသူအပေါင်းတို့သည် သင့်ကိုမေ့လျော့ကြပြီ။ သင့်ကို ဂရုမစိုက်ကြ။ အကြောင်းမူကား သင်၏အပြစ်များပြား၍ သင်၏ဒုစရိုက်ကြီးမားသောကြောင့် ရန်သူ၏တိုက်ခိုက်ခြင်းအားဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သောသူ၏ဆုံးမခြင်းအားဖြင့်လည်းကောင်း သင့်ကို ငါဒဏ်ခတ်လေပြီ။
ယခုတွင် သင်တို့သည် နောင်တရ၍ ငါ့မျက်မှောက်၌ မှန်သောအရာကို ပြုကြ၏။ အိမ်းနီးချင်းအချင်းချင်းအား လွတ်မြောက်ခွင့်ရပြီဟု ကြေညာကြ၏။ ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ငါ့အိမ်တော်၊ ငါ့မျက်မှောက်တွင် ငါနှင့်ပဋိညာဉ်ဖွဲ့ကြ၏။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။
ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်တွင် ငါ့ရှေ့၌ လာ၍ရပ်ပြီးလျှင် ‘ငါတို့အပြစ်လွတ်ပြီ။ ဤစက်ဆုပ်ရွံရှာဖွယ်အားလုံးကို ဆက်လက်ပြုနိုင်ပြီ’ဟု သင်တို့ဆိုကြမည်လော။
ထာဝရဘုရားက “အကယ်စင်စစ် ယုဒအမျိုးသားတို့သည် ငါ့ရှေ့၌ မကောင်းမှုကိုပြုကြပြီ။ သူတို့သည် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်၌ ရွံရှာဖွယ်ရုပ်တုများကိုထား၍ ညစ်ညူးစေကြပြီ။
ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် သူတို့သည် သားသမီးများကို မီးရှို့ပူဇော်ရန် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိ တောဖက်ဟူသောနေရာတွင် အထွတ်အမြတ်ထားရာကုန်းမြင့်များကို တည်ကြပြီ”ဟု မိန့်တော်မူ၏။