ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
ယေရမိ 31:15 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ရာမမြို့၌ မြည်တမ်းသံ၊ ခါးသီးစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည် မိမိ၏သားများကြောင့် ငိုကြွေး၏။ သူ၏သားများမရှိတော့သဖြင့် နှစ်သိမ့်ပေးကြသည်ကို လက်မခံပြီ”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားက၊ ``ရာမအရပ်၌အသံတစ်ခုကိုကြားရ၏။ ထိုအသံသည်ဝမ်းနည်းပက်လက် ငိုကြွေးသည့်အသံဖြစ်၏။ ရာခေလသည်မိမိ၏သားသမီးများအတွက် ငိုကြွေးလျက်နေလေသည်။ သူတို့အားလုံးပင်မရှိတော့ပြီဖြစ်၍ သူသည်နှစ်သိမ့်မှုကိုမခံလို'' ဟုမိန့်ဆို၏။ Garrad Bible ထာ ဝ ရ ဘု ရား က၊ ရာ မ မြို့ ၌ မြည် တမ်း သံ၊ သည်း စွာ ငို ကြွေး သံ ကို ကြား ရ ၏။ ရာ ခေ လ သည် သား သ မီး တို့ အ တွက် ငို ကြွေး ၍၊ ဆုံး ပါး ကြ သော ကြောင့်၊ နှစ် သိမ့် ခြင်း ကို မ ခံ လို ဟု မိန့် တော် မူ ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။ |
ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။
ထိုအခါ သူတို့က “သခင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ခါနာန်ပြည်က ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ အငယ်ဆုံးသည် ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူနေခဲ့ပါ၏။ ကျန်တစ်ယောက်ကား မရှိတော့ပါ”ဟု လျှောက်ကြ၏။
သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။
ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
သို့သော် သူသည်ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူမရှိတော့ပေ။ သူ့ကို ငါရှာသော်လည်း မတွေ့ရတော့ပေ။
ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ဘုရားရှင်ကိုငါရှာ၏။ ညအချိန်၌ ငါ၏လက်တို့ကို လက်ပန်းမကျစေဘဲ ဆန့်တန်း၏။ ငါ၏စိတ်ဝိညာဉ်သည် နှစ်သိမ့်ပေးခြင်းကို ငြင်းပယ်၏။
သူတို့သည် တောင်ကြားလမ်းကိုဖြတ်၍ ဂေဗမြို့၌ စခန်းချကြ၏။ ရာမမြို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိ၏။ ရှောလုမင်းကြီးစံမြန်းရာ ဂိဗာမြို့သည် ထွက်ပြေးပြီ။
“ငါ့ကိုမကြည့်ကြနှင့်။ အားရပါးရငိုကြွေးပါရစေ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသည်ဖြစ်၍ ငါ့ကိုနှစ်သိမ့်ဖို့ မကြိုးစားကြနှင့်”ဟု ငါဆို၏။
ငါ့တဲသည် ဖျက်ဆီးခြင်းခံရပြီ။ ကြိုးရှိသမျှတို့သည် ပြတ်လေပြီ။ ငါ့သားတို့သည်လည်း ငါ့ထံမှထွက်သွားကြပြီ။ တစ်ယောက်မျှမရှိတော့ပေ။ ငါ့တဲကို ပြန်ဆောက်မည့်သူ၊ ရွက်ထည်များကိုကာမည့်သူ တစ်ယောက်မျှမရှိတော့ပေ။
ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ယုဒပြည်သူဂျေရုဆလင်မြို့သားတို့နှင့်အတူ ယေရမိလည်း ကြိုးနှင့်ချည်နှောင်ခံရလျက် ဖမ်းခေါ်သွားခြင်းခံရ၍ ရာမမြို့သို့ရောက်သောအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်က သူ့ကိုပြန်လွှတ်ပေးပြီးနောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။
အကျွန်ုပ်တို့ဘိုးဘေးတို့သည် အပြစ်ပြုပြီး သေဆုံးသွားကြပြီ။ သူတို့၏အပြစ်ဝန်ကို အကျွန်ုပ်တို့ ထမ်းရကြပါပြီ။
ငါ့ရှေ့တွင် ထိုစာလိပ်ကို ဖြန့်ပြသောအခါ စာလိပ်နှစ်ဖက်စလုံးတွင် ငိုကြွေးမြည်တမ်းခြင်းအကြောင်းများ၊ အမင်္ဂလာအကြောင်းများ ရေးသားထားသည်ကို ငါတွေ့ရ၏။
သူသည် ရာမမြို့နှင့် ဗေသလမြို့အကြား၊ ဧဖရိမ်တောင်ပေါ်ရှိ ဒေဗောရစွန်ပလွံပင်အောက်၌ နေ၏။ အစ္စရေးအမျိုးသားတို့သည် စီရင်ဆုံးဖြတ်ချက်ခံယူရန် သူ့ထံသို့လာကြ၏။
ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။