အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးစံနောက်သို့လည်းမလိုက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ကိုသာ ရှာဖွေခဲ့၏။ ထာဝရဘုရား၏ပညတ်တော်အတိုင်း လိုက်လျှောက်၏။
ယေရမိ 3:7 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုသို့အလုံးစုံပြုပြီးနောက် ငါက ‘ငါ့ထံသို့ပြန်လာပါ’ ဟု ဆိုသော်လည်း သူသည် ပြန်မလာဘဲနေ၏။ သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် ထိုအရာကို မြင်၏။ Common Language Bible ဤသို့ပြုပြီးနောက်သူသည်ငါ့ထံသို့ပြန် လာလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။ သို့ရာတွင် သူသည်ပြန်၍မလာ၊ ယင်းသို့မလာကြောင်း ကိုသူ၏ညီမ၊ သစ္စာဖောက်ယုဒမြင်လေ၏။- Garrad Bible ထို အ မှု ရှိ သ မျှ ကိုပြု ပြီး သည့် နောက်၊ ငါ့ ထံ ပြန် လာ လိမ့် မည် ဟု ငါ မြော် လင့် သော် လည်း၊ မ ပြန် မ လာ။ Judson Bible သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည် ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမယုဒသည် ကြည့်မြင်လေ၏။ |
အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးစံနောက်သို့လည်းမလိုက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ကိုသာ ရှာဖွေခဲ့၏။ ထာဝရဘုရား၏ပညတ်တော်အတိုင်း လိုက်လျှောက်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
“လူတို့က ‘ထာဝရဘုရားသည် မိမိရွေးချယ်တော်မူသောလူမျိုးနှစ်မျိုးကို စွန့်ပယ်တော်မူပြီ’ဟု ပြောဆိုကြသောစကားကို သင်သတိမပြုမိသလော။ သူတို့သည် ငါ့လူမျိုးတော်ကို မထီလေးစားပြုကြလေပြီ။ လူမျိုးတစ်မျိုးအဖြစ် မမှတ်ကြတော့ပေ။
အကယ်စင်စစ် အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့ကို သစ္စာမဲ့ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင့်အစ်မရှမာရိသည် သမီးတို့နှင့်အတူ သင်၏မြောက်ဘက်တွင် နေထိုင်၏။ သင့်ညီမသောဒုံသည် သမီးတို့နှင့်အတူ သင်၏တောင်ဘက်တွင် နေထိုင်၏။
သင်သည် သူတို့လမ်းအတိုင်း လိုက်လျှောက်၏။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအတိုင်းပြုသည်သာမက အချိန်တိုအတွင်းမှာပင် သင့်အကျင့်တို့သည် သူတို့ထက်သာ၍ ယိုယွင်းပျက်စီးလာ၏’ဟု မိန့်တော်မူ၏။
ငါ့လူမျိုးတော်သည် ငါ့ထံမှလမ်းလွဲဖောက်ပြန်လိုစိတ်အားကြီးကြပြီ။ သူတို့သည် ကောင်းကင်ဘုံရှင်ကိုခေါ်သော်လည်း သူတို့တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို မချီးမြှောက်ကြ။
အို အစ္စရေး၊ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လော့။ သင်သည် သင်၏အပြစ်ကြောင့် ခလုတ်တိုက်လဲကျလေပြီ။
မြို့နှစ်မြို့သုံးမြို့မှလူတို့သည် ရေသောက်ရန် မြို့တစ်မြို့သို့သွားသော်လည်း ရေကို အလုံအလောက်မသောက်ရ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။