သင်သည် ငါ့သမီးတို့ကိုနှိပ်စက်မည်၊ ငါ့သမီးတို့အပြင် အခြားသောမိန်းမတို့ကိုယူမည် ဆိုလျှင် ငါတို့ကြား၌လူမရှိသော်လည်း ဘုရားသခင်သည် သင်နှင့်ငါကြား၌ သက်သေဖြစ်တော်မူကြောင်းသိမှတ်လော့”ဟု ဆိုသောကြောင့်ဖြစ်၏။
ယေရမိ 29:23 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အစ္စရေးလူမျိုးတို့၌ ယုတ်ညံ့သောအမှုကိုပြုကြ၏။ အိမ်နီးချင်းတို့၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ ငါမမိန့်မှာဘဲ ငါ့နာမဖြင့် မဟုတ်မမှန်သောစကားကို ပြောဆိုကြ၏။ ငါသည် သိ၏။ ငါသည် သက်သေဖြစ်၏ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ပါရှိ၏။ Common Language Bible ထိုသူတို့၏ကံကြမ္မာသည်ဤနည်းအတိုင်း ပင်ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိုက်မဲစွာပြုကျင့်ကြသောကြောင့် ဖြစ်၏။ သူတို့သည်သူတစ်ပါး၏သားမယား ကိုပြစ်မှားကြလျက် ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လိမ်လည်ဟောပြောကြ၏။ ဤအပြုအမူကားထာဝရဘုရား၏ အလိုတော်နှင့်မကိုက်ညီ။ ကိုယ်တော်သည် သူတို့ပြုသည့်အမှုကိုသိတော်မူသည်ဖြစ်၍ ဒိဌသက်သေဖြစ်တော်မူ၏။ ဤကားထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟူ၍ ပါရှိလေသည်။ Judson Bible အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသားစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
သင်သည် ငါ့သမီးတို့ကိုနှိပ်စက်မည်၊ ငါ့သမီးတို့အပြင် အခြားသောမိန်းမတို့ကိုယူမည် ဆိုလျှင် ငါတို့ကြား၌လူမရှိသော်လည်း ဘုရားသခင်သည် သင်နှင့်ငါကြား၌ သက်သေဖြစ်တော်မူကြောင်းသိမှတ်လော့”ဟု ဆိုသောကြောင့်ဖြစ်၏။
ယာကုပ်၏သားတို့သည် ထိုသတင်းကိုကြားလျှင်ကြားချင်း တောမှပြန်လာကြ၏။ သူတို့သည် စိတ်ထိခိုက်၍ အလွန်အမျက်ထွက်ကြ၏။ အကြောင်းမူကား ရှေခင်သည် ယာကုပ်၏သမီးနှင့်အိပ်ခြင်းဖြင့် အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကိုပြု၏။ ဤအမှုသည် မပြုအပ်သောအမှုဖြစ်၏။
တာမာကလည်း သူ့အား “မလုပ်ပါနှင့် အစ်ကို။ အကျွန်ုပ်ကို အဓမ္မမပြုပါနှင့်။ အစ္စရေးလူမျိုးတွင် ဤသို့ပြုလေ့မရှိ။ ဤသို့ ယုတ်ညံ့သောအမှုကို မပြုပါနှင့်။
အကယ်စင်စစ် လူသွားရာလမ်းတို့သည် ထာဝရဘုရား၏မျက်မှောက်တော်၌ရှိ၍ ကိုယ်တော်သည် သူ၏လမ်းရှိသမျှတို့ကို ချင့်ချိန်သုံးသပ်တော်မူ၏။
သင်ဖောက်ပြန်ခြင်း၊ ဟီသံပေးခြင်း၊ ညစ်ညမ်းသောပြည့်တန်ဆာအလုပ်လုပ်ခြင်း စသည့် ရွံရှာဖွယ်ရာတို့ကို ကွင်းပြင်၊ တောင်ကုန်းပေါ်၌ပြုနေသည်ကို ငါမြင်၏။ အို ဂျေရုဆလင်၊ သင်၌အမင်္ဂလာရှိ၏။ မည်မျှကြာအောင် ညစ်ညူးနေမည်နည်း”ဟု မိန့်တော်မူ၏။
ငါ့မျက်စိသည် သူတို့သွားသောလမ်းရှိသမျှတို့ကို မြင်၏။ သူတို့သည် ငါ့ရှေ့မှ မပုန်းရှောင်နိုင်။ သူတို့၏ဒုစရိုက်များကို ငါ့မျက်မှောက်မှ မဝှက်ထားနိုင်။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။
“ထိုပရောဖက်တို့ကို ငါမစေလွှတ်သော်လည်း သူတို့အပြေးအလွှားသွားကြပြီ။ ငါမမိန့်မှာသော်လည်း သူတို့သဘောနှင့်သူတို့ ဟောပြောကြပြီ။
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက သင်တို့အား ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုဟောပြောသော ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်ထဲသို့ ငါအပ်လိုက်မည်။ ထိုဘုရင်သည် သူတို့ကို သင်တို့မျက်စိရှေ့၌ပင် ကွပ်မျက်လိမ့်မည်။
“သုံ့ပန်းအားလုံးတို့အား ဤသို့မှာလိုက်လော့။ နဟေလံရွာသား ရှေမာယနှင့်ပတ်သက်၍ ထာဝရဘုရားက ရှေမာယသည် သင်တို့ကို ပရောဖက်ပြုဟောပြောလေပြီ။ သူ့ကိုငါစေလွှတ်သည်မဟုတ်။ သူသည် သင်တို့အား မုသားကို ကိုးစားစေပြီဟု မိန့်တော်မူ၏။
အစာဝ၍ ရာဂစိတ်ကြီးသောမြင်းများကဲ့သို့ဖြစ်ပြီး အိမ်နီးချင်း၏မယားကို ဟီကြပြီ။
ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်ကို ဓားပြခိုအောင်းရာဖြစ်သည်ဟု သင်တို့ထင်ကြသလော။ သင်တို့ပြုသောအမှုကို ငါမြင်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင့်နှုတ်ဖြင့် ငါ့အား ဆန့်ကျင်ပုတ်ခတ်သောစကား၊ မောက်မောက်မာမာပြောဆိုခဲ့သောစကားအလုံးစုံကို ငါကြား၏’ဟု မိန့်တော်မူ၏။
ပရောဖက်တို့သည် တာဝန်မဲ့သောသစ္စာဖောက်များ ဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း ပညတ်တရားကို ချိုးဖောက်၍ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေကြပြီ။
သို့သော် သင်တို့က “အဘယ်ကြောင့်နည်း”ဟု မေးလျှင် အကယ်စင်စစ် သင်နှင့် သင်ငယ်စဉ်က ပေါင်းဖော်ခဲ့သောသင့်မယားကြားတွင် ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ သင်သည် သင့်ဘဝဖော်၊ သင်နှင့်ကတိသစ္စာပြုထားသောမယားကို သစ္စာဖောက်သောကြောင့်ဖြစ်၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
လောဒိကိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အာမင်ဖြစ်သောသူ၊ သစ္စာရှိသည့် ဖြောင့်မှန်သောသက်သေ၊ ဘုရားသခင်၏ဖန်ဆင်းတော်မူခြင်းတွင် အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။
ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထာဝရဘုရား ကြားသိတော်မူပါ၏။ သင်ပြောသည့်အတိုင်း ငါတို့လုပ်ပါမည်”ဟု ဆိုကြ၏။