ယေရမိ 29:21 - မြန်မာ့စံမီသမ္မာကျမ်း21 အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက သင်တို့အား ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုဟောပြောသော ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်ထဲသို့ ငါအပ်လိုက်မည်။ ထိုဘုရင်သည် သူတို့ကို သင်တို့မျက်စိရှေ့၌ပင် ကွပ်မျက်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible21 ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် သင်တို့ အားကိုယ်တော်၏နာမတော်ကိုအမှီပြု၍ လိမ်လည်ဟောပြောနေသူ ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ရည်မှတ်၍ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော် ကမိမိသည်ထိုသူတို့အားဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်သို့ပေးအပ်မည်ဖြစ် ၍ ထိုဘုရင်သည်လည်းသူတို့အားသင်တို့ ၏မျက်မှောက်၌ပင်ကွပ်မျက်လိမ့်မည်ဟု မိန့်တော်မူလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible21-23 ငါ့ နာ မ နှင့် မု သာ ဟော ပြော သော၊ ကော လာ ယ သား အာ ဟပ် နှင့် မာ သေ ယ သား ဇေ ဒ ကိ တို့ ကို ရည် လျက်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သူ တို့ သည် ဣ သ ရေ လ လူ မျိုး တွင် ယုတ် မာ စွာ ပြု ကျင့် လျက်၊ သူ တစ် ပါး တို့ ၏ မ ယား နှင့် မှား ယွင်း လျက်၊ ငါ မ မိန့် မ မှာ ဘဲ ငါ့ နာ မ နှင့် ပ ရိ ယာယ် ပြု လျက် ဆင့် ဆို ကြ သည် ဟု ငါ ဒိ ဋ္ဌ သက် သေ ဖြစ် သော ကြောင့်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ့ လက် တွင်း သို့ ငါ အပ် နှင်း သ ဖြင့်၊ ထို မင်း သည် သင် တို့ မျက် မှောက်၌ ပင် ကွပ် မျက် သည် ကို ထောက် ၍၊ ဗာဗု လုန် မြို့ ရှိ သိမ်း သွား ခံ ရ သော ယု ဒ လူ မျိုး အ ပေါင်း တို့ က၊ ဗာ ဗု လုန် ဘု ရင် မီး ကင် သော ဇေ ဒ ကိ နှင့် အာဟပ် တို့ ကဲ့ သို့၊ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ပါ စေ သော ဟူ၍ ကျိန် ဆဲ ခြင်း စ ကား ကို ဆို လေ့ ရှိ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း များ တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏နာမကိုအမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
အို ပါရှုရ၊ သင်နှင့် သင်၏အိမ်သူအိမ်သားအားလုံး ဖမ်းခေါ်သွားခြင်းခံရမည်။ သင်နှင့် သင်မုသားသုံး၍ပရောဖက်ပြုသည်ကို နာယူခဲ့သော သင့်အပေါင်းအဖော်တို့သည် ဘေဘီလုံမြို့သို့ရောက်သွား၍ ထိုအရပ်၌သေဆုံးကြလိမ့်မည်။ ထိုအရပ်၌ သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။