သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
ယေရမိ 29:2 - မြန်မာ့စံမီသမ္မာကျမ်း ယေခေါနိမင်းကြီး၊ မယ်တော်၊ နန်းတွင်းအကြီးအကဲများ၊ ယုဒပြည်ဂျေရုဆလင်မြို့၏မှူးမတ်များမှစ၍ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ ဂျေရုဆလင်မြို့မှ ထွက်သွားပြီးနောက်တွင် ရေးသား၍ Common Language Bible ငါသည်ယေခေါနိမင်း၊ ထိုမင်း၏မယ်တော်၊ နန်းတွင်းအရာရှိများ၊ ယုဒပြည်နှင့်ယေရု ရှလင်မြို့မှခေါင်းဆောင်များ၊ အတတ်ပညာ သည်များနှင့်လုပ်ရည်ကိုင်ရည်ရှိသူအလုပ် သမားများသိမ်းသွားခြင်းကိုခံရသည့် နောက် ထိုစာကိုရေးသားလေသည်။- Judson Bible ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သားဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည်စာရေး၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊ |
သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့်
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမှစ၍ ယုဒပြည်၊ ဂျေရုဆလင်မြို့၌ရှိသောမှူးမတ်များအားလုံးကို ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားသောအခါ ထိုအသုံးအဆောင်တို့ကို မယူသွားဘဲချန်ထားခဲ့၏။
ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအပေါင်းတို့ကိုလည်း ဤမြို့သို့ ပြန်ခေါ်ဆောင်လာမည်။ အကြောင်းမူကား ငါသည် ဘေဘီလုံဘုရင်၏ထမ်းပိုးကို ချိုးမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆို၏။
ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ငါနှင်ထုတ်လိုက်၍ ဖမ်းခေါ်သွားခြင်းခံရသူအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
ယေရမိအား ရေတွင်းထဲသို့ ပစ်ချကြောင်းကို ဘုရင့်နန်းတော်ရှိ အီသီယိုးပီးယားအမျိုးသား မိန်းမစိုး ဧဗဒမေလက်ကြားသိလျှင် ဗင်္ယာမိန်တံခါး၌ ရှင်ဘုရင်ထိုင်နေစဉ်
ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲလူမျိုးတို့ကို ဓား၊ လှံ တစ်စုံတစ်ရာမျှ မလုပ်စေနှင့်”ဟု ဆိုသဖြင့် ထိုစဉ်က အစ္စရေးတစ်ပြည်လုံးတွင် ပန်းပဲသမားတစ်ယောက်မျှ မတွေ့ရချေ။