Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 29:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​မြို့​ရှိ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ထံသို့ ရှာဖန်​သား​ဧလာသ​နှင့် ဟိလခိ​သား​ဂေမရိ​တို့​ကို​စေလွှတ်​၍ ဤ​စာ​ကို ပေးပို့​လိုက်​ခြင်း​ဖြစ်​၏​။ စာ​ထဲတွင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ငါ​သည်​စာ​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​က နေ​ဗု​ခဒ်​နေ​ဇာ​ထံ​စေ​လွှတ်​သော ရှာ​ဖန်​၏​သား ဧ​လာ​သာ​နှင့်​ဟိ​လ​ခိ​၏​သား​ဂေ​မ​ရိ​တို့ အား​ဖြင့်​ပေး​ပို့​လိုက်​၏။ စာ​တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ဆင်း​ရဲ​သား ကျန်​ကြွင်း​သ​မျှ​တို့​နေ​ရာ​သို့ ယေ​ရု​ရှ​လင်​မြို့​မှ ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 29:3
11 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​ကို ဆင့်ခေါ်​ရာ ဟိလခိ​၏​သား​နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား​အတွင်းဝန်​ယောအာ​တို့​သည် သူ​တို့​ထံသို့ လာ​ကြ​၏​။


ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာယ​၏​သား​အာခဗော်​၊ စာရေးတော်ကြီး​ရှာဖန်​၊ ဘုရင့်​အမှုထမ်း​အသာယ​တို့​အား


ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​သည် စာရေးတော်ကြီး​ရှာဖန်​အား “​ထာဝရဘုရား​၏​အိမ်​တော်​တွင် ဤ​ပညတ်တရား​ကျမ်း​ကို ရှာတွေ့​ပြီ​”​ဟု​ဆို​လျက် ဟိလခိ​သည် ထို​ကျမ်းစာလိပ်​ကို​ရှာဖန်​အား ပေးအပ်​သဖြင့် ရှာဖန်​လည်း ဖတ်ကြည့်​လေ​၏​။


အာဇရိ​သည် သား​ဟေလက်​ကို​ရ​၏​။ ဟေလက်​သည် သား​ဧလာသ​ကို​ရ​၏​။


ရှလ္လုံ​သည် သား​ဟိလခိ​ကို​ရ​၏​။ ဟိလခိ​သည် သား​အာဇရိ​ကို​ရ​၏​။


ထို့နောက် ရှင်ဘုရင်​က ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာ​၏​သား​အာဗဒုန်​၊ စာရေးတော်ကြီး​ရှာဖန်​နှင့် ဘုရင့်​အမှုထမ်း​အသာယ​တို့​အား


ထိုအခါ ယောယကိမ်​မင်းကြီး​သည် အာခဗော်​၏​သား ဧလနာသန်​နှင့်အတူ လူ​အချို့​ကို အီဂျစ်​ပြည်​သို့​လိုက်​စေ​၍


သို့ရာတွင် ရှာဖန်​၏​သား အဟိကံ​သည် ယေရမိ​ကို​ကာကွယ်​ပေး​သဖြင့် သူ့​ကို​သတ်​မည့်​သူ​တို့​လက်​မှ သူ​လွတ်မြောက်​လေ​၏​။


ဧလနာသန်​၊ ဒေလာယ​၊ ဂေမရိ​တို့​က စာလိပ်​ကို​မီး​မ​ရှို့​ရန် ရှင်ဘုရင်​အား တောင်းပန်​ကြ​သော်လည်း ရှင်ဘုရင်​သည် သူ​တို့​၏​စကား​ကို​နား​မ​ထောင်​။


သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။


ထို​အရာ​တို့​၏​ရှေ့​တွင် အစ္စရေး​အမျိုးအနွယ် သက်ကြီးဝါကြီး​အယောက်​ခုနစ်ဆယ်​တို့​သည်​ရပ်​၍ သူ​တို့​အလယ်​တွင် ရှာဖန်​၏​သား​ယာဇညာ ရပ်​လျက်​ရှိ​၏​။ သူ​တို့​လက်​ထဲတွင် လင်ပန်း​ကိုယ်စီ​ကိုင်​ထား​ပြီး လင်ပန်း​ထဲမှ နံ့သာပေါင်း​မီးခိုး​လည်း တလူလူတက်​နေ​သည်​ကို တွေ့​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ