ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည့်အကြောင်း ရှေးကာလကပင် ငါစီမံထားခဲ့သည့်အတိုင်း ယခု ငါဖြစ်စေပြီ။
ယေရမိ 26:18 - မြန်မာ့စံမီသမ္မာကျမ်း “ယုဒဘုရင်ဟေဇကိမင်းကြီးလက်ထက်တွင် မောရရှက်မြို့သားမိက္ခာက ယုဒလူမျိုးအပေါင်းတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကိုခံရလိမ့်မည်။ ဂျေရုဆလင်မြို့သည် အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရာတောင်သည် တောအုပ်ဖြစ်လိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပရောဖက်ပြုဟောပြောခဲ့သည်ကို Common Language Bible ``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။ Garrad Bible ဟော ပြော လျက် နေ သော မော ရ ရှ ရွာ သား မိ က္ခာ က၊ ဇိ အုန် မြို့ သည် လယ် အ ဖြစ် ထွန် ခြင်း၊ ယေ ရု ရှ လင် မြို့ သည် ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဗိ မာန် ရှိ တောင် တော် လည်း တော ကုန်း ဖြစ် ခြင်း များ ကို ခံ ရ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ယု ဒ ပြည် သူ ပြည် သား တို့ အား ဆင့် ဆို ငြား သော် လည်း၊ Judson Bible ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မောရရှရွာသား မိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။ |
ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည့်အကြောင်း ရှေးကာလကပင် ငါစီမံထားခဲ့သည့်အတိုင်း ယခု ငါဖြစ်စေပြီ။
သို့သော် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့သည် ဘဝင်မြင့်ရာမှ မိမိကိုယ်ကိုနှိမ့်ချကြသဖြင့် ဟေဇကိမင်းကြီးလက်ထက်တွင် သူတို့အပေါ် ထာဝရဘုရား၏အမျက်တော် မကျရောက်ခဲ့ပေ။
သူ့ညီအစ်ကိုများ၊ ရှမာရိစစ်သည်များရှေ့တွင် “ချည့်နဲ့နေသောဂျူးလူမျိုးများက မည်သို့ပြုကြမည်နည်း။ ကိုယ့်ဘာသာ မြို့ရိုးပြန်တည်ဆောက်ကြမည်လော။ ယဇ်ပူဇော်ကြမည်လော။ တစ်နေ့ချင်းအပြီး လုပ်နိုင်မည်လော။ မီးလောင်ကျွမ်းထားသောကျောက်တုံးများကို အမှိုက်ပုံထဲမှထုတ်၍ ပြန်လည်အသက်သွင်းမည်လော”ဟု ဆိုလေ၏။
အို ဘုရားသခင်၊ လူမျိုးခြားတို့သည် ကိုယ်တော်၏အမွေတော်ထဲသို့ ဝင်ရောက်လာ၍ ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ကို ညစ်ညူးစေကြပါပြီ။ ဂျေရုဆလင်မြို့ကိုလည်း အပြိုအပျက်ပုံဖြစ်စေကြပါပြီ။
အို ကွင်းပြင်ရှိငါ့တောင်၊ ပြည်တစ်ပြည်လုံးရှိ အပြစ်များကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာအလုံးစုံတို့နှင့် သင်အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို လုယူဖျက်ဆီးရာအဖြစ် ငါပေးလိုက်မည်။
ဘေဘီလုံပြည်သည် နေထိုင်သူမရှိဘဲ အပျက်အစီးပုံကြီး၊ ခွေးအတို့ခိုအောင်းရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ ဖြစ်မည်။
“ငါသည် ဂျေရုဆလင်မြို့ကို ကျောက်ပုံဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာ ဖြစ်စေမည်။ ယုဒမြို့များကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်။”
ယုဒဘုရင် ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးတို့လက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မောရရှက်မြို့သားမိက္ခာထံသို့ရောက်လာ၍ ရှမာရိမြို့၊ ဂျေရုဆလင်မြို့တို့နှင့်ပတ်သက်သောနိမိတ်အာရုံကို မြင်ရ၏။
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။
နောက်ဆုံးသောကာလတွင် ထာဝရဘုရား၏အိမ်တော်တည်ရှိရာတောင်သည် တောင်တို့၏အထွတ်၌ တည်လိမ့်မည်။ တောင်ကုန်းတို့ထက် ချီးမြှောက်ခြင်းခံရ၍ လူမျိုးတို့သည် ထိုတောင်တွင် စုရုံးကြလိမ့်မည်။
ထာဝရဘုရားက ‘ဇိအုန်မြို့သို့ ငါပြန်လာမည်။ ဂျေရုဆလင်မြို့တွင် ကိန်းဝပ်မည်။ ဂျေရုဆလင်မြို့သည် သစ္စာစောင့်သောမြို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏တောင်တော်၊ သန့်ရှင်းသောတောင်တော်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။