သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားခဲ့ပေ။ လူတို့သည် အထွတ်အမြတ်ထားရာနေရာများတွင် ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက်ရှိ၏။ သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကိုလည်း တည်ဆောက်ခဲ့၏။
ယေရမိ 26:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။ Common Language Bible ယုဒခေါင်းဆောင်များသည် ထိုအဖြစ်အပျက် အကြောင်းကိုကြားသိကြသောအခါ ဘုရင် နန်းတော်မှလာ၍ဗိမာန်တော်တံခါးသစ် အဝင်ဝ၌နေရာယူကြ၏။- Garrad Bible ထို အ ကြောင်း အ ရာ များ ကို၊ ယု ဒ မှူး မတ် တို့ ကြား ရ သော်၊ နန်း တော် မှ ဗိ မာန် တော် သို့ တက် လာ ၍၊ တံ ခါး တော် သစ် ဝ တွင် ထိုင် နေ ကြ သည့် ကာ လ၊ Judson Bible ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသောအခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။ |
သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားခဲ့ပေ။ လူတို့သည် အထွတ်အမြတ်ထားရာနေရာများတွင် ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက်ရှိ၏။ သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကိုလည်း တည်ဆောက်ခဲ့၏။
သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကို တည်ဆောက်၏။ ဩဖေလမြို့ရိုးကိုလည်း ခိုင်ခံ့အောင် တည်ဆောက်၏။
ပါရှုရသည် ပရောဖက်ယေရမိအား ရိုက်နှက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ အထက်ဗင်္ယာမိန်တံခါး၌ ထိတ်ခတ်ထားလေ၏။
ယောယကိမ်မင်းကြီးနှင့် မှူးမတ်စစ်သူရဲအပေါင်းတို့သည် သူဟောပြောသောစကားများကို ကြားကြ၏။ ထိုအခါ ရှင်ဘုရင်သည် သူ့ကိုသတ်ရန်ရှာကြံလေ၏။ ထိုသတင်းကို ဥရိယကြားသောအခါ ကြောက်ရွံ့၍ အီဂျစ်ပြည်သို့ထွက်ပြေးသွား၏။
သို့ရာတွင် ရှာဖန်၏သား အဟိကံသည် ယေရမိကိုကာကွယ်ပေးသဖြင့် သူ့ကိုသတ်မည့်သူတို့လက်မှ သူလွတ်မြောက်လေ၏။
ပဋိညာဉ်ဖွဲ့ရာတွင် ပါဝင်သောအကြီးအကဲများနှင့် ပြည်သူပြည်သားအပေါင်းတို့က ကိုယ့်ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို လွတ်မြောက်ခွင့်ပေးရမည်။ ဘယ်သောအခါမှ ကျွန်ပြန်မပြုရဟူသောပဋိညာဉ်ပါအချက်ကို သဘောတူနာခံ၍ ကျွန်တို့ကို လွှတ်ပေးကြ၏။
နွားသငယ်ထက်ခြမ်းအလယ်၌ လျှောက်သွားသော ယုဒလူမျိုးအကြီးအကဲများနှင့်တကွ ဂျေရုဆလင်မြို့အကြီးအကဲများ၊ နန်းတွင်းအကြီးအကဲများ၊ ယဇ်ပုရောဟိတ်များနှင့် ပြည်သူပြည်သားအားလုံးတို့ကို
ထိုအခါ ဗာရုတ်သည် စာလိပ်ပါယေရမိဆင့်ဆိုသောစကားများကို လူအားလုံးကြားသိစေရန် ထာဝရဘုရား၏အိမ်တော်ရှိ ဂေမရိ၏သား စာရေးတော်ကြီးရှာဖန်၏အခန်းမှနေ၍ ဖတ်ပြလေ၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အထက်ဝင်းတံခါးသစ်အဝင်ဝနားတွင်ရှိ၏။
ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့က စာလိပ်ကိုမီးမရှို့ရန် ရှင်ဘုရင်အား တောင်းပန်ကြသော်လည်း ရှင်ဘုရင်သည် သူတို့၏စကားကိုနားမထောင်။
မြို့၌ရှိသောအကြီးအကဲတို့သည်လည်း သားကောင်ကိုကိုက်ဖဲ့သောဝံပုလွေကဲ့သို့ လူကို သတ်ဖြတ်ဖျက်ဆီးကြ၍ ဥစ္စာပစ္စည်းတို့ကို လုယူကြ၏။
ကြည့်ရှုလော့။ အာဏာသုံးပြီး လူသတ်သော အစ္စရေးခေါင်းဆောင်များ သင့်တွင်ရှိ၏။