ထာဝရဘုရားထံ ပြန်လှည့်လာကြရန် ပရောဖက်များကို သူတို့ထံ စေလွှတ်တော်မူ၏။ ပရောဖက်တို့သည် သူတို့ကိုသတိပေးသော်လည်း သူတို့ နားမထောင်ကြ။
ယေရမိ 25:8 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤသို့ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့် Common Language Bible ``ထို့ကြောင့်သင်တို့သည် ကိုယ်တော်၏စကား ကိုနားမထောင်လိုကြသဖြင့် အနန္တတန်ခိုး ရှင်ထာဝရဘုရားက၊- Garrad Bible သို့ ဖြစ် ၍ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဗျာ ဒိတ် တော် ချက် များ ကို သင် တို့ မ နာ ခံ ကြ သည့် အ တွက်၊ Judson Bible ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊ |
ထာဝရဘုရားထံ ပြန်လှည့်လာကြရန် ပရောဖက်များကို သူတို့ထံ စေလွှတ်တော်မူ၏။ ပရောဖက်တို့သည် သူတို့ကိုသတိပေးသော်လည်း သူတို့ နားမထောင်ကြ။
ယာကုပ်အမျိုးကို လုယက်သူလက်သို့ မည်သူအပ်သနည်း။ အစ္စရေးလူမျိုးကို လုယူသူတို့လက်သို့ မည်သူအပ်သနည်း။ ငါတို့ပြစ်မှားခဲ့သော ထာဝရဘုရားပင် မဟုတ်လော။ သူတို့သည် ကိုယ်တော်၏လမ်း၌ မလျှောက်လိုကြ။ ကိုယ်တော်၏ပညတ်တရားတော်ကိုလည်း မနာခံကြ။
“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သူတို့သည် ခေါင်းမာ၍ ငါ့စကားကိုနားမထောင်ကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို ဤမြို့နှင့်ရွာရှိသမျှအပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
သင်ကောင်းစားစဉ်အခါက သင့်အား ငါသတိပေးသော်လည်း သင်က ‘ငါနားမထောင်’ဟု ပြန်ပြော၏။ ငယ်စဉ်ကပင် ငါ့စကားကိုနားမထောင်ဘဲနေသည်မှာ သင်၏အကျင့်ဖြစ်၏။
‘သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ သင်တို့ဒုက္ခရောက်အောင် သင်တို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါ၏အစေအပါးပရောဖက်တို့ကို သူတို့ထံသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သူတို့နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့သည်လည်း ငါ့စကားကို နားမထောင်ကြဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။