ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့ထံမှလည်း ရရှိသေး၏။
ယေရမိ 25:24 - မြန်မာ့စံမီသမ္မာကျမ်း အာရေဗျဘုရင်အားလုံး၊ တောကန္တာရ၌နေထိုင်သော လူမျိုးခြားတို့၏ဘုရင်အားလုံး Garrad Bible အာ ရပ် ပြည့် ရှင် ဘု ရင် တို့ မှ စ ၍၊ သဲ တော နေ မျိုး ရိုး မ ဟုတ် သူ တို့ ၏ ဘု ရင် တို့ အား လည်း ကောင်း၊ Judson Bible အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ်သောလူများကို အစိုးရသောမင်းအပေါင်း၊ |
ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့ထံမှလည်း ရရှိသေး၏။
ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့သည်လည်း ရှောလမုန်မင်းကြီးထံ ရွှေငွေများကို ယူဆောင်လာပေး၏။
အာရေဗျပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ဒေဒန်လူမျိုးခရီးသွားသူတို့၊ သင်တို့သည် အာရေဗျတော၌ ညအိပ်နားကြရမည်။
အီဂျစ်ပြည်ရှိလူမျိုးခြားများအားလုံး၊ ဥဇပြည်ရှိဘုရင်အားလုံး၊ ဖိလိတ္တိပြည်ရှိဘုရင်အားလုံး၊ အာရှကေလုန်ပြည်သားများ၊ ဂါဇပြည်သားများ၊ ဧကြုန်ပြည်သားများ၊ ကြွင်းကျန်သော အာဇုတ်ပြည်သားများ၊
ဓားဘေးကြောင့် မြင်းများ၊ စစ်ရထားများ၊ ပြည်ထဲရှိလူမျိုးခြားများသည် မိန်းမကဲ့သို့ ကြောက်ကြလိမ့်မည်။ ဓားဘေးကြောင့် ဘဏ္ဍာတိုက်များ အသိမ်းခံရလိမ့်မည်။
အာရေဗျပြည်၊ ကေဒါပြည်တို့မှ ခေါင်းဆောင်တို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သင့်ထံမှထွက်သောကုန်ပစ္စည်းများကို သိုးသငယ်၊ သိုးထီး၊ ဆိတ်ထီးတို့နှင့် လဲလှယ်ကြ၏။
အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အာရေဗျပြည်သား၊ ခုဘပြည်သား စသည့် အီဂျစ်ပြည်နှင့်မဟာမိတ်ဖွဲ့သော ပြည်သားအားလုံး ဓားဘေးဖြင့် လဲကျသေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။