အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ယေရမိ 25:21 - မြန်မာ့စံမီသမ္မာကျမ်း ဧဒုံပြည်သားများ၊ မောဘပြည်သားများ၊ အမ္မုန်ပြည်သားများ၊ Garrad Bible ဧ ဒုန် ပြည် သား၊ မော ဘ ပြည် သား နှင့် အ မ္မုန် အ မျိုး သား တို့ အား လည်း ကောင်း၊ Judson Bible ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ |
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ထာဝရဘုရားသည် လက်တော်ကို ဤတောင်ပေါ်တွင်တင်ထားတော်မူမည်။ နွားချေးပုံ၌ ကောက်ရိုးကိုနင်းနယ်သကဲ့သို့ မောဘပြည်ကို နင်းနယ်တော်မူမည်။
ထာဝရဘုရားက “ကြိုးများ၊ ထမ်းပိုးများကိုပြုလုပ်ပြီး သင်၏ပခုံးပေါ် တင်လော့။
ထို့နောက် ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးရှိရာသို့ ရောက်လာသော သံတမန်တို့မှတစ်ဆင့် ဧဒုံဘုရင်၊ မောဘဘုရင်၊ အမ္မုန်ဘုရင်၊ တိုင်ရာဘုရင်၊ ဆီဒုန်ဘုရင်တို့ထံသို့ ကြိုးနှင့်ထမ်းပိုးတို့ကို ပေးပို့လော့။
“အမ္မုန်ဘုရင်ဗာလိတ်မင်းကြီးသည် သင့်ကိုသတ်ရန် နေသနိ၏သားဣရှမေလကို စေလွှတ်ကြောင်း သင်မသိသလော”ဟု မေးလေ၏။ သို့သော် အဟိကံ၏သားဂေဒလိသည် သူတို့၏စကားကိုမယုံ။
မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။
အမ္မုန်အမျိုးသားတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “အစ္စရေးလူမျိုး၌ သားမရှိသလော၊ အမွေခံမရှိသလော။ အဘယ်ကြောင့် မိလကုံဘုရားသည် ဂဒ်ပြည်ကို သိမ်းပိုက်သနည်း။ အဘယ်ကြောင့် သူ့လူမျိုးတို့သည် ဂဒ်ပြည်ရှိမြို့များတွင် နေထိုင်ကြသနည်း”ဟု မိန့်ဆိုတော်မူ၏။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
ထိုနေရာတွင် ဧဒုံပြည်နှင့်တကွ သူ၏ဘုရင်များ၊ သူ၏ခေါင်းဆောင်များ အားလုံးရှိ၏။ သူတို့သည် အရှိန်အဝါကြီးခဲ့သော်လည်း ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ သေရ၏။ တွင်းနက်ထဲသို့ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ လဲလျောင်းရကြ၏။
တစ်ဖန် ထာဝရဘုရားက “ဧဒုံပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းကို သနားညှာတာစိတ်မထား၊ ဓားနှင့်လိုက်လံညှဉ်းဆဲတတ်၏။ အမျက်မပြေ၊ ဒေါသထွက်လျက် ကိုက်ဖဲ့တတ်၏။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အမ္မုန်အမျိုးသားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် နယ်မြေချဲ့ထွင်ရာ၌ ဂိလဒ်ပြည်ရှိ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကို ခွဲပစ်ကြ၏။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “မောဘပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူသည် ဧဒုံဘုရင်၏အရိုးစုကို မီးရှို့ပြာချပစ်လေပြီ။
ယာကုပ်အမျိုးအနွယ်သည် မီး၊ ယောသပ်အမျိုးအနွယ်သည် မီးလျှံဖြစ်၏။ ရိုးပြတ်နှင့်တူသော ဧသောအမျိုးအနွယ်ကို သူတို့သည် မီးညှိလိုက်သဖြင့် ဧသောအမျိုးအနွယ်ကိုဝါးမျိုလိမ့်မည်။ ဧသောအမျိုးအနွယ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိမည်မဟုတ်”ဟု ထာဝရဘုရားမိန့်ဆိုပြီ။