ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
ယေရမိ 25:11 - မြန်မာ့စံမီသမ္မာကျမ်း တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။ Common Language Bible ဤပြည်တစ်ခုလုံးသည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်ကာ ရှုမြင်ရသူတို့ထိတ်လန့်ဖွယ်ရာ ဖြစ်လိမ့်မည်။ ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်း တို့သည်လည်း အနှစ်ခုနစ်ဆယ်တိုင်တိုင်ဗာ ဗုလုန်ဘုရင်၏အစေကိုခံရကြလိမ့်မည်။- Garrad Bible ပြည် လုံး ကျွတ် ဆိတ် ညံ ရာ အံ့ ဖွယ် သ ရဲ ဖြစ် နေ စဉ်၊ ထို လူ မျိုး များ သည် ဗာ ဗု လုန် ဘု ရင် ၏ အ မှု ကို၊ နှစ် ပေါင်း ခု နစ် ဆယ် တိုင် တိုင် ထမ်း ကြ ရ မည်။ Judson Bible ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်။ |
ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ခြင်္သေ့ပျိုသည် ပုန်းအောင်းရာနေရာကိုစွန့်ခွာသကဲ့သို့ ထာဝရဘုရားသည် သူတို့၏ပြည်ကိုစွန့်ခွာတော်မူပြီ။ သူတို့၏ပြည်သည် နိုင်ထက်စီးနင်းပြုသောသူနှင့် ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် လူသူကင်းမဲ့ရာအရပ်ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။
‘ထိုအသုံးအဆောင်တို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြလိမ့်မည်။ ငါအကြည့်အရှုကြွလာမည့်နေ့အထိ ထိုမြို့တွင် ထားကြလိမ့်မည်။ ထို့နောက်မှ ထိုအသုံးအဆောင်တို့ကို ပြန်ယူဆောင်လာ၍ ဤနေရာ၌ထားမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
သူ၏နိုင်ငံအဆုံးမရောက်မီအထိ လူမျိုးအပေါင်းတို့သည် သူနှင့်သူ၏သားမြေးတို့ထံ၌ အစေခံရလိမ့်မည်။ ထို့နောက်မှ သူသည် လူမျိုးကြီးများ၊ တန်ခိုးကြီးသောဘုရင်များထံ အစေခံရလိမ့်မည်’ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤလူမျိုးအပေါင်းတို့၏ပခုံးပေါ်၌ သံထမ်းပိုးကို ငါတင်ပြီ။ သူတို့သည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စင်စစ်အစေခံရမည်။ တောရိုင်းတိရစ္ဆာန်များကိုလည်း သူ့အား ငါပေးအပ်လေပြီ’ဟူ၍ မိန့်တော်မူကြောင်းဆင့်ဆိုလော့”ဟု မိန့်ဆို၏။
တစ်ဖန် ထာဝရဘုရားက ဘေဘီလုံမြို့တွင် အနှစ်ခုနစ်ဆယ်ပြည့်သောအခါ ငါသည် သင်တို့ကို အကြည့်အရှုကြွလာမည်။ ဤပြည်သို့ သင်တို့ကို ပြန်ခေါ်လာမည်ဟူသော ငါ၏ကတိကို ပြည့်စုံစေမည်။
ငါကြည့်လိုက်သော် သီးနှံဖြစ်ထွန်းသောမြေတို့သည် တောကန္တာရဖြစ်လေပြီ။ ထာဝရဘုရားရှေ့၊ ပြင်းထန်သောအမျက်တော်ရှေ့၌ မြို့အားလုံး ပြိုပျက်သွားလေပြီ။
ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။
ထို့နောက် သူတို့အား ‘အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါ၏အစေအပါးဘေဘီလုံဘုရင် နေဗုခဒ်နေဇာကို ငါစေလွှတ်မည်။ ယေရမိအား ငါမြှုပ်စေခဲ့သောကျောက်တုံးများပေါ်တွင် ထိုဘုရင်၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း ယာယီစံနန်းကို တည်လိမ့်မည်။
သင်တို့၏ဆိုးညစ်သောလုပ်ရပ်၊ သင်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုများကို ထာဝရဘုရားသည် ဆက်၍သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သင်တို့ပြည်သည် ယခုကဲ့သို့ ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကျိန်ဆဲစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လေပြီ။
အစ္စရေးပြည်၊ ဂျေရုဆလင်မြို့သူမြို့သားတို့အား ‘ဘုရားရှင်ထာဝရဘုရားက သူတို့သည် အစာကို စိုးရိမ်ပူပန်စိတ်ဖြင့် စားရမည်။ ရေကို ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် သောက်ရမည်။ ပြည်သူပြည်သားအပေါင်းတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့ရလိမ့်မည်။
မည်သူမျှ၊ မည်သည့်တိရစ္ဆာန်မျှ ဖြတ်သန်းသွားလာတော့မည်မဟုတ်။ အနှစ်လေးဆယ်ပတ်လုံး နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။
ငါ့လက်ကိုဆန့်၍ သူတို့ကို ဆန့်ကျင်မည်။ ဒိဗလတ်ကန္တာရမှစ၍ သူတို့နေလေရာအရပ်ရပ်တို့ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဒါရိမင်းကြီးနန်းစံပထမနှစ်တွင် ငါဒံယေလသည် ဂျေရုဆလင်မြို့ပျက်စီးမည့်နှစ်ပေါင်းမှာ အနှစ်ခုနစ်ဆယ်ဖြစ်ကြောင်း ပရောဖက်ယေရမိပြောကြားခဲ့သောထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကျမ်းစာလိပ်အားဖြင့် သိခဲ့ရ၏။
ငါကိုယ်တိုင် သင်တို့၏ပြည်ကို လူသူကင်းမဲ့စေသဖြင့် ထိုပြည်၌နေထိုင်သော သင်တို့၏ရန်သူတို့သည်လည်း တုန်လှုပ်ချောက်ချားကြလိမ့်မည်။
မြေကြီးသားတို့ပြုသောအမှု၏အကျိုးဆက်ကြောင့် ကမ္ဘာမြေကြီးသည် လူဆိတ်ညံရာဖြစ်လိမ့်မည်။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။
“ပြည်သူပြည်သားအပေါင်းနှင့် ယဇ်ပုရောဟိတ်တို့အား ‘ဤနှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ပဉ္စမလနှင့် သတ္တမလတို့တွင် သင်တို့ အစာရှောင်ငိုကြွေးမြည်တမ်းခဲ့ကြသည်မှာ ငါ့အဖို့ အစာရှောင်ခြင်း အမှန်တကယ်ဟုတ်ခဲ့သလော။