အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 23:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘိုးဘေး​တို့​သည် ဗာလ​ကို ကိုးကွယ်​ပြီး ငါ့​နာမ​ကို​မေ့လျော့​သကဲ့သို့ သူ​တို့​က သူ​တို့​အချင်းချင်း​ပြောဆို​သော​အိပ်မက်​များ​အားဖြင့် ငါ့​လူမျိုး​တို့ ငါ့​နာမ​ကို​မေ့လျော့​အောင် ကြံစည်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မိ​မိ​တို့​ဘိုး​ဘေး​များ​သည်​ငါ့​ကို​မေ့​လျော့ ကာ ဗာ​လ​ဘု​ရား​ကို​ဆည်း​ကပ်​ခဲ့​ကြ​သ​ကဲ့ သို့​သူ​တို့​သည် မိ​မိ​တို့​ဟော​ပြော​သည့်​အိပ် မက်​များ​က ငါ​၏​လူ​မျိုး​တော်​အား​ငါ့​ကို မေ့​လျော့​စေ​နိုင်​လိမ့်​မည်​ဟု​သူ​တို့​ထင်​မှတ် ကြ​၏။-

အခန်းကိုကြည့်ပါ။

Judson Bible

ဘိုး​ဘေး​တို့​သည် ဗာ​လ​ကြောင့် ငါ့​နာ​မ​ကို​မေ့​လျော့​သ​ကဲ့​သို့၊ သူ​တို့​သည် အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​သော အိပ်​မက်​များ​အား​ဖြင့် ငါ၏​လူ​မျိုး​သည် ငါ့​နာ​မ​ကို​မေ့​လျော့​စေ​မည်​ဟု အ​ကြံ​ရှိ​ကြ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 23:27
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ခမည်းတော်​ဟေဇကိ​မင်းကြီး ဖျက်ဆီး​ပစ်​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ပြန်လည်​တည်ဆောက်​၏​။ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ပြု​သကဲ့သို့ပင် ဗာလ​ယဇ်ပလ္လင်​များ​ကို​တည်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း စိုက်ထူ​၏​။ ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​လည်း ရှိခိုး​ကိုးကွယ်​၏​။


အပျိုကညာ​သည် မိမိ​အဆင်တန်ဆာ​ကို​လည်းကောင်း​၊ သတို့သမီး​သည် မိမိ​မင်္ဂလာဆောင်ဝတ်စုံ​ကို​လည်းကောင်း မေ့လျော့​နိုင်​မည်လော​။ သို့သော် ငါ​၏​လူ​တို့​သည် ကာလ​ကြာမြင့်​စွာ ငါ့​ကို​မေ့လျော့​ကြ​ပြီ​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​တို့​တွင်​ရှိ​သော ပရောဖက်​များ​၊ ဂမ္ဘီရအတတ်ပညာရှင်​များ​၏​လှည့်စား​ခြင်း​ကို မ​ခံ​နှင့်​။ သင်​တို့​မြင်မက်​သော အိပ်မက်​တို့​ကို​လည်း မ​ယုံ​ကြ​နှင့်​ဟူ၍ မိန့်​တော်မူ​၏​။


သူ​တို့​၏​စိတ်​တပ်မက်မှု​နောက်သို့​လိုက်​ကြ​၏​။ သူ​တို့​ဘိုးဘေး​များ သင်ကြား​ပေး​ခဲ့​သည့်​အတိုင်း ဗာလ​ဘုရား​နောက်သို့​လိုက်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။


သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။


ယနေ့ သင့်​အား ငါ​ဆင့်ဆို​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​ဘဲ ကိုယ်တော်​အား မေ့လျော့​မည်​ကို သင့်ကိုယ်သင်​သတိပြု​လော့​။


သင်​သည် မာနထောင်လွှား​၍ ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင့်​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော​အရှင်​၊


ထို့ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ သင်​အောက်မေ့​ရ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့် မိမိ​ပဋိညာဉ်​ကို တည်​စေရန် ယနေ့​မြင်​ရ​သည့်​အတိုင်း ဥစ္စာပစ္စည်း​ရ​နိုင်​သည့်​အစွမ်း​ကို သင့်​အား ပေး​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို ဝတ်​မ​ပြု​၊ ထာဝရဘုရား​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​၊ အာရှတရက်​ဘုရား​၊ ဆီးရီးယား​ဘုရား​၊ ဆီဒုန်​ဘုရား​၊ မောဘ​ဘုရား​၊ အမ္မုန်​ဘုရား​၊ ဖိလိတ္တိ​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။


ဤသို့ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ထား​ကာ ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​တို့​ကို ဝတ်ပြု​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​သောကြောင့်