ထို့ကြောင့် ထာဝရဘုရားသည် နာသန်ကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ နာသန်သည် ဒါဝိဒ်မင်းကြီးထံသို့ရောက်လျှင် “မြို့တစ်မြို့တွင် လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ချမ်းသာ၍ တစ်ဦးမှာ ဆင်းရဲ၏။
ယေရမိ 22:1 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ယုဒဘုရင်၏နန်းတော်သို့ဆင်းသွားလော့။ ထိုအရပ်၌ ဤစကားကို သင်ပြောကြားရမည်။ Common Language Bible ထာဝရဘုရားသည်ငါ့အားယုဒနန်းတော် သို့သွား၍ ဒါဝိဒ်မင်း၏သားမြေးများ၊ ယုဒ ရှင်ဘုရင်မင်းကြီးနှင့်အတူသူ၏မှူးမတ် များနှင့်ယေရုရှလင်မြို့သူမြို့သားများ အားပြောကြားရန် ဤသို့မိန့်တော်မူသည်မှာ၊- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ ယု ဒ ဘု ရင် ၏ နန်း သို့ ဆင်း သွား လျက်၊ ဤ တံ ခါး များ ဖြင့် ဝင် ထွက် သူ၊ ဒါ ဝိဒ် မင်း နန်း ဆက် သော အို ယု ဒ ဘု ရင်၊ ကျေး ကျွန် သင်း ပင်း နှင့် ပြည် သူ ပြည် သား တို့ ပါ၊ ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို နာ ခံ ပါ ဟု ကြော် ငြာ လျက်၊ ဤ ဗျာ ဒိတ် တော် ချက် ကို ဆင့် ဆို လော့။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊ |
ထို့ကြောင့် ထာဝရဘုရားသည် နာသန်ကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ နာသန်သည် ဒါဝိဒ်မင်းကြီးထံသို့ရောက်လျှင် “မြို့တစ်မြို့တွင် လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ချမ်းသာ၍ တစ်ဦးမှာ ဆင်းရဲ၏။
ထာဝရဘုရားသည် မနာရှေမင်းကြီးနှင့်သူ၏ပြည်သူပြည်သားတို့အား မိန့်တော်မူသည်ကို သူတို့ နားမထောင်ကြ။
ယုဒဘုရင်၏မင်းမျိုးမင်းနွယ်တို့နှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့။
ထာဝရဘုရားက “ငါသည် သင်တို့လုပ်ဆောင်မှုအကျိုးအပြစ်အလျောက် သင်တို့ကို ဒဏ်ခတ်မည်။ သင်တို့တောကိုမီးရှို့သဖြင့် သင်တို့နေရာပတ်ပတ်လည်ကို လောင်ကျွမ်းလိမ့်မည်”ဟု မိန့်တော်မူ၏။
‘ဤမြို့တံခါးကိုဖြတ်သန်းသွားလာသော ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသည့် ယုဒဘုရင်မှစ၍ အစေအပါးများ၊ ပြည်သူပြည်သားများတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက သင်သည် ယုဒဘုရင်ဇေဒကိထံသို့သွား၍ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤမြို့ကို ဘေဘီလုံဘုရင်လက်သို့အပ်မည်။ သူသည် ဤမြို့ကို မီးရှို့လိမ့်မည်။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
ဗေသလမြို့တွင် ပရောဖက်မပြုတော့နှင့်။ အကြောင်းမူကား ဤမြို့သည် ရှင်ဘုရင်၏သန့်ရှင်းရာမြို့၊ မင်းနေပြည်တော်မြို့ဖြစ်၏”ဟု ဆို၏။
ယောဟန်က “သင်သည် အစ်ကို၏ဇနီးကိုသိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ပြောခဲ့သောကြောင့်ဖြစ်၏။