ယေရမိ 21:9 - မြန်မာ့စံမီသမ္မာကျမ်း
မြို့တွင်း၌ နေရစ်သောသူသည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ သင်တို့ကိုဝိုင်းထားသောခါလဒဲတပ်ထံ ဝင်ရောက်ခိုလှုံသောသူမူကား သူ၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရမည်။
အခန်းကိုကြည့်ပါ။
ဤမြို့တွင်ရှိနေသူမှန်သမျှသည်စစ်ပွဲ တွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သော်လည်းကောင်း၊ အနာရောဂါဘေးဖြင့် သော်လည်းကောင်းသေရကြလိမ့်မည်။ သို့ ရာတွင်မြို့ပြင်သို့ထွက်၍ယခုဝိုင်းရံတိုက် ခိုက်လျက်နေသောဗာဗုလုန်ပြည်သားတို့ အား လက်နက်ချသူတို့မူကားသေရကြ လိမ့်မည်မဟုတ်။ ယုတ်စွအဆုံးအသက် ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။
ဤ မြို့ အ တွင်း တွင် နေ သေး သော သူ သည် သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ကြောင့်၊ သေ ရ မည်။ ဝန်း ဝိုင်း သော ခါ လ ဒဲ တပ် သား တို့ ဘက် သို့ ထွက် သွား ကူး ဝင် သူ မှာ မူ၊ အ သက် ဆု ကို ရ ၍ ရှင် လ တ္တံ့။
အခန်းကိုကြည့်ပါ။
ဤမြို့ထဲမှာနေသော သူသည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသောသူသည် အသက်ချမ်းသာ၍ လုယူရသောဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။
အခန်းကိုကြည့်ပါ။